
မနေ့ညတုန်းကဘိုကာဂျူနီယာနှင့်ရေဆင်းတို့ကစားတဲ့ပွဲတွင် ကစားသမား၁၀ဦးအထိအနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက် ရေဆင်းကလပ်မှာChampions Trophy ချန်ပီယံဖြစ်သွားခဲ့ပါတယ်။
ဘိုကာဂျူနီယာအသင်းဘက်ကကစားသမား၇ဦးအထိအထုတ်ခံရပါတယ်။ဘိုကာဂျူနီယာအသင်းဘက်မှအရန်ကစားသမား၂ဦးလည်းအထုတ်ခံခဲ့ရတာဖြစ်ပြီးကွင်းအတွင်းတွင်ကစားရန် ကစားသမား၆ဦးတည်းသာရှိတော့မှုနဲ့အတူပွဲကိုအဆုံးသတ်လိုက်ရတာဖြစ်ပါတယ်။
ပွဲကိုအဆုံးသတ်လိုက်ချိန်တွင်ရေဆင်းက၂-၁ဖြင့်အနိုင်ရနေတာဖြစ်ပြီး Champions Trophy ချန်ပီယံဖြစ်သွားပါတယ်။
စည်းမျဉ်းအရပွဲတစ်ပွဲတွင်ကစားသမား၇ဦးထက်နည်းပြီးပွဲကစားရန်မရှိတော့ပါကပွဲကိုဆက်မကစားဘဲရပ်တန့်လိုက်ရပါမယ်။
ဆန်လူးဝစ်တွင်ကစားတဲ့ပွဲတွင်ကားလို့စ်အယ်ကာရက်ဇ်က၁၁၈မိနစ်တွင်ဂိုးသွင်းယူပြီးနောက်ဘိုကာပရိသတ်များရှေ့မှောက်သို့သွားရောက်အောင်ပွဲခံခဲ့ပါတယ်။
ဘိုကာဂျူနီယာကစားသမားများဟာသူ့ကိုရန်မူခဲ့ကြပြီးနားဆွဲခြင်း၊ဘောလုံးဖြင့်ပစ်ပေါက်ခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။
ဒိုင်လူကြီးဖာကန်ဒိုတဲလ်လိုဟာဘိုကာဂျူနီယာကစားသမား၅ဦးနှင့်အရန်ခုံမှကစားသမား၂ဦးတို့အထုတ်ခံခဲ့ရပါတယ်။
ဖာကန်ဒိုတဲလ်လိုဟာလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားကိုယ်စားပြုဒိုင်လူကြီးအဖြစ်တာဝန်ထမ်းဆောင်မဲ့သူလည်းဖြစ်ပါတယ်။
ZawGyi
ဘိုကာဂျူနီယာနှင့် ရေဆင်းတို့ရဲ့ Champions Trophy ဗိုလ်လုပွဲတွင် အနီကတ် ၁၀ ကတ်ပြသခံရပြီးနောက် ပွဲစောစောစီးစီးအဆုံးသတ်သွားခဲ့