ဘိုကာဂျူနီယာမှ ထွက်ခွာပြီဖြစ်ကြောင်း မန်ယူနှင့်မန်စီးတီးစတားဟောင်းကြေညာ

ဘိုကာဂျူနီယာတိုက်စစ်မှူးကားလို့စ်တီဗက်ဇ်ကအာဂျင်တီးနားထိပ်သီးကလပ်မှထွက်ခွာပြီဖြစ်ကြောင်းကြေညာလာပါတယ်။

ကားလို့စ်တီဗက်ဇ်ကလက်ရှိအချိန်တွင်ဘောလုံးကစားရန်အဆင်သင့်မဖြစ်သေးမှုကြောင့်ဘိုကာဂျူနီယာမှထွက်ခွာရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းကြေညာသွားပါတယ်။ဒါပေမယ့်တီဗက်ဇ်ဟာကစားသမားဘဝမှအနားယူကြောင်းကြေညာသွားခြင်းတော့မရှိပါဘူး။

ကားလို့စ်တီဗက်ဇ်ကဘောလုံးကစားမှုမှသုံးလခန့်အနားယူပြီးမှသာလျှင်ဘောလုံးပြန်ကစားသွားဖို့ရှိနေကြောင်းပြောကြားသွားပါတယ်။

တီဗက်ဇ်ဟာ၂၀၁၅ခုနှစ်တုန်းကဂျူဗင်တပ်မှဘောလုံးကစားသမားဘဝစတင်ရာကလပ်သို့ရောက်လာခဲ့သူဖြစ်ပါတယ်။သူဟာဂျူဗင်တပ်မှာမကစားမီမန်ယူ၊မန်စီးတီးတို့တွင်အောင်မြင်မှုရရှိခဲ့သူလည်းဖြစ်ပါတယ်။သူဟာ၂၀၁၈ခုနှစ်တွင်တရုတ်စူပါလိဂ်တွင်ကျင်လည်ပြီးနောက်ဘိုကာဂျူနီယာသို့တတိယအကြိမ်မြောက်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။

အသက်၃၇နှစ်ရှိတိုက်စစ်မှူးဟာဘိုကာဂျူနီယာနှင့်စာချုပ်ခြောက်လကျန်နေသေးသော်လည်းဖျက်သိမ်းကာထွက်ခွာရန်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

တီဗက်ဇ်က”စိတ်ပိုင်းဆိုင်ရာအရအဆင်သင့်မဖြစ်ပါဘူး။အဖေ့အတွက်ဝမ်းနည်းချိန်တောင်မရခဲ့ပါဘူး။အခုလိုအချိန်မျိုးမှာမိသားစုနဲ့အတူရှိနေသင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဘိုကာဂ်ဴနီယာမွ ထြက္ခြာၿပီျဖစ္ေၾကာင္း မန္ယူႏွင့္မန္စီးတီးစတားေဟာင္းေၾကညာ

ဘိုကာဂ်ဴနီယာတိုက္စစ္မႉးကားလို႔စ္တီဗက္ဇ္ကအာဂ်င္တီးနားထိပ္သီးကလပ္မွထြက္ခြာၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။

ကားလို႔စ္တီဗက္ဇ္ကလက္ရွိအခ်ိန္တြင္ေဘာလုံးကစားရန္အဆင္သင့္မျဖစ္ေသးမႈေၾကာင့္ဘိုကာဂ်ဴနီယာမွထြက္ခြာရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းေၾကညာသြားပါတယ္။ဒါေပမယ့္တီဗက္ဇ္ဟာကစားသမားဘဝမွအနားယူေၾကာင္းေၾကညာသြားျခင္းေတာ့မရွိပါဘူး။

ကားလို႔စ္တီဗက္ဇ္ကေဘာလုံးကစားမႈမွသုံးလခန႔္အနားယူၿပီးမွသာလွ်င္ေဘာလုံးျပန္ကစားသြားဖို႔ရွိေနေၾကာင္းေျပာၾကားသြားပါတယ္။

တီဗက္ဇ္ဟာ၂၀၁၅ခုႏွစ္တုန္းကဂ်ဴဗင္တပ္မွေဘာလုံးကစားသမားဘဝစတင္ရာကလပ္သို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။သူဟာဂ်ဴဗင္တပ္မွာမကစားမီမန္ယူ၊မန္စီးတီးတို႔တြင္ေအာင္ျမင္မႈရရွိခဲ့သူလည္းျဖစ္ပါတယ္။သူဟာ၂၀၁၈ခုႏွစ္တြင္တ႐ုတ္စူပါလိဂ္တြင္က်င္လည္ၿပီးေနာက္ဘိုကာဂ်ဴနီယာသို႔တတိယအႀကိမ္ေျမာက္ေရာက္လာခဲ့တာလည္းျဖစ္ပါတယ္။

အသက္၃၇ႏွစ္ရွိတိုက္စစ္မႉးဟာဘိုကာဂ်ဴနီယာႏွင့္စာခ်ဳပ္ေျခာက္လက်န္ေနေသးေသာ္လည္းဖ်က္သိမ္းကာထြက္ခြာရန္ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

တီဗက္ဇ္က”စိတ္ပိုင္းဆိုင္ရာအရအဆင္သင့္မျဖစ္ပါဘူး။အေဖ့အတြက္ဝမ္းနည္းခ်ိန္ေတာင္မရခဲ့ပါဘူး။အခုလိုအခ်ိန္မ်ိဳးမွာမိသားစုနဲ႔အတူရွိေနသင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။