
ဘာစီလိုနာဟာမနေ့ညတုန်းကဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ပြီးနောက်လာလီဂါရဲ့အာဆင်နယ်အဖြစ်ပရိသတ်များရဲ့ခေါ်ဝေါ်ခြင်းခံလာရပါတယ်။
ဘာစီလိုနာဟာမနေ့ညတုန်းကနူးကမ့်မှာဘိုင်ယန်မြူးနစ်ကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်အတွက်အနိုင်ဂိုးကိုပထမပိုင်းမှာသောမတ်စ်မူလာနှင့်ဒုတိယပိုင်းမှာ လီဝန်ဒေါ့စကီးကနှစ်ဂိုးသွင်းယူခဲ့ပါတယ်။
ဘာစီလိုနာဟာချန်ပီယံလိဂ်အဖွင့်ပွဲကိုအိမ်ကွင်းမှာရှုံးနိမ့်ခဲ့တာဖြစ်ပြီးပရိသတ်များကဘာစီလိုနာကိုကျရှုံးမှုနဲ့ကြုံလာရပြီလို့ပြောဆိုနေပါတယ်။
ပရိသတ်တစ်ဦးက “ဘာစီလိုနာကျရှုံးနေတာမြင်ရတော့စိတ်မကောင်းဘူး။သူတို့ကိုဘိုင်ယန်နဲ့ယှဉ်ရင်ကလေးတွေလိုပဲ”လို့ရေးသားသွားပါတယ်။
အခြားပရိသတ်တစ်ဦးကလည်း “ဘာစီလိုနာကဘယ်လိုတောင် ကျရှုံးနေရတာလဲ။အရမ်းကိုဆိုးရွားလှတယ်။သူတို့ကအာဆင်နယ်လိုဖြစ်နေပြီ”လို့ ဝေဖန်သွားပါတယ်။
ဒါ့အပြင်အခြားပရိသတ်တစ်ဦးကလည်း “ကျွန်တော့်ဘဝမှာအဆိုးရွားဆုံးဘာစီလိုနာကိုမြင်တွေ့ခဲ့ရတာပါ။ဘယ်လိုတောင်ကျရှုံးနေပြီလဲ။အာဆင်နယ်နဲ့သိပ်မကွာဘူး”လို့ ဆိုသွားပါတယ်။
ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများနှင့်ကြုံရမှုကြောင့်နွေရာသီတုန်းကမက်ဆီကို ပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ဆုံးရှုံးခဲ့သလိုဂရက်ဇ်မန်းကိုလည်းအက်သလက်တီကိုသို့အငှားချခဲ့ရပါတယ်။
၎င်းတို့ဟာမမ်ဖစ်ဒီပေး၊အဂွဲရိုး၊ဂါစီယာတို့အားအငှားဖြင့်ခေါ်ယူခဲ့ရသလိုလုခ်ဒီဂျောင်ကိုတစ်ရာသီအငှားဖြင့်ခေါ်ယူခဲ့ရပါတယ်။
ZawGyi
ဘိုင္ယန္ကို ရႈံးနိမ့္ၿပီးေနာက္ လာလီဂါရဲ႕အာဆင္နယ္အျဖစ္ သမုတ္ျခင္းခံလာရတဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာမေန႔ညတုန္းကဘိုင္ယန္ျမဴးနစ္ကိုရႈံးနိမ့္ၿပီးေနာက္လာလီဂါရဲ႕အာဆင္နယ္အျဖစ္ပရိသတ္မ်ားရဲ႕ေခၚေဝၚျခင္းခံလာရပါတယ္။
ဘာစီလိုနာဟာမေန႔ညတုန္းကႏူးကမ့္မွာဘိုင္ယန္ျမဴးနစ္ကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ဘိုင္ယန္အတြက္အႏိုင္ဂိုးကိုပထမပိုင္းမွာေသာမတ္စ္မူလာႏွင့္ဒုတိယပိုင္းမွာ လီဝန္ေဒါ့စကီးကႏွစ္ဂိုးသြင္းယူခဲ့ပါတယ္။
ဘာစီလိုနာဟာခ်န္ပီယံလိဂ္အဖြင့္ပြဲကိုအိမ္ကြင္းမွာရႈံးနိမ့္ခဲ့တာျဖစ္ၿပီးပရိသတ္မ်ားကဘာစီလိုနာကိုက်ရႈံးမႈနဲ႔ႀကဳံလာရၿပီလို႔ေျပာဆိုေနပါတယ္။
ပရိသတ္တစ္ဦးက “ဘာစီလိုနာက်ရႈံးေနတာျမင္ရေတာ့စိတ္မေကာင္းဘူး။သူတို႔ကိုဘိုင္ယန္နဲ႔ယွဥ္ရင္ကေလးေတြလိုပဲ”လို႔ေရးသားသြားပါတယ္။
အျခားပရိသတ္တစ္ဦးကလည္း “ဘာစီလိုနာကဘယ္လိုေတာင္ က်ရႈံးေနရတာလဲ။အရမ္းကိုဆိုး႐ြားလွတယ္။သူတို႔ကအာဆင္နယ္လိုျဖစ္ေနၿပီ”လို႔ ေဝဖန္သြားပါတယ္။
ဒါ့အျပင္အျခားပရိသတ္တစ္ဦးကလည္း “ကြၽန္ေတာ့္ဘဝမွာအဆိုး႐ြားဆုံးဘာစီလိုနာကိုျမင္ေတြ႕ခဲ့ရတာပါ။ဘယ္လိုေတာင္က်ရႈံးေနၿပီလဲ။အာဆင္နယ္နဲ႔သိပ္မကြာဘူး”လို႔ ဆိုသြားပါတယ္။
ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံရမႈေၾကာင့္ေႏြရာသီတုန္းကမက္ဆီကို ပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ဆုံးရႈံးခဲ့သလိုဂရက္ဇ္မန္းကိုလည္းအက္သလက္တီကိုသို႔အငွားခ်ခဲ့ရပါတယ္။
၎တို႔ဟာမမ္ဖစ္ဒီေပး၊အဂြဲ႐ိုး၊ဂါစီယာတို႔အားအငွားျဖင့္ေခၚယူခဲ့ရသလိုလုခ္ဒီေဂ်ာင္ကိုတစ္ရာသီအငွားျဖင့္ေခၚယူခဲ့ရပါတယ္။