ဘိုင်ယန်နှင့်ပွဲစဉ်ကို ဆန်ချို၊ဂွာရဲရိုး၊ရေနာတို့ လွဲမည်ဟု ဒေါ့မွန်အတည်ပြု

ဒေါ့မွန်ကဂျာဒွန်ဆန်ချို၊ရာဖေးလ်ဂွါရဲရိုးနှင့်ဂျီယိုဗန်နီရေနာတို့မှာယနေ့ညတွင်ဘိုင်ယန်မြူးနစ်နှင့်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်အားလွဲချော်မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

ဆန်ချိုနှင့်ဂွါရဲရိုးတို့ဟာဗုဒ္ဓဟူးနေ့တုန်းကမိုချင်ဂလက်ဘတ်နှင့်ရင်ဆိုင်ကစားရတဲ့ဂျာမန်ပိုကယ်ဖလားကွာတားဖိုင် နယ်ပွဲစဉ်တွင်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဂွာရဲရိုးဟာပွဲအစပိုင်းတွင်ပင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီးဆန်ချိုမှာဒုတိယပိုင်းတွင်အနိုင်ဂိုးသွင်းယူပြီးနောက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

ယခုအခါဒေါ့မွန်နည်းပြအေဒင်တာဇစ်ကယနေ့ညတွင်ဘိုင်ယန်မြူးနစ်နှင့်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်ကိုအဓိကကစားသမားသုံးဦးတို့လွဲချော်မှာဖြစ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။

ဒါ့ပေမယ့်ဒေါ့မွန်ဟာအသက်၁၈နှစ်ရှိအမေရိကန်လက်ရွေးစင်စတားရေနာမှာဘာကြောင့်ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် မပါဝင်နိုင်သလဲကြေညာသွားခြင်းမရှိပါဘူး။

ဒေါ့မွန်ဟာဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအဆင့်၅နေရာတွင်ရပ်တည်နေပြီးထိပ်ဆုံးမှဘိုင်ယန်မြူးနစ်နှင့်ရမှတ်၁၃မှတ်အထိကွာဟနေပါတယ်။

ZawGyi






