ဘိုင်ယန်နှင့်လေ့ကျင့်ခန်းဆင်းလာပေမဲ့ ထွက်ခွာလိုကြောင်း ပြသနေဆဲဖြစ်တဲ့လီဝန်ဒေါ့စကီး

ရောဘတ်လီဝန်ဒေါ့စကီးဟာဗုဒ္ဓဟူးနေ့တုန်းကဘိုင်ယန်မြူးနစ်နှင့်အတူရာသီကြိုလေ့ကျင့်ခန်းဆင်းမှုပြုလုပ်ခဲ့ပါတယ်။

လီဝန်ဒေါ့စကီးဟာခယခုနွေရာသီတွင်ဘိုင်ယန်မြူးနစ်မှထွက်ခွာကာဘာစီလိုနာသို့ပြောင်းရွှေ့ကစားလိုကြောင်းလူသိရှင်ကြားပြောကြားထားသူဖြစ်ပါတယ်။

ဒါပေမဲ့အပြောင်းအရွှေ့မှာဖြစ်မလာသေးမှုနဲ့အတူပိုလန်တိုက်စစ်မှူးဟာဗုဒ္ဓဟူးနေ့တုန်းကဘိုင်ယန်မြူးနစ်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းခဲ့ရပါတယ်။

ရောဘတ်လီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်ရဲ့ Säbener Strasse လေ့ကျင့်ရေးကွင်းသို့ခြောက်မိနစ်နောက်ကျပြီးမှရောက်လာခဲ့ပါတယ်။ပုံမှန်အားဖြင့်ဘိုင်ယန်မြူးနစ်လေ့ကျင့်ရေးအစီအစဉ်စောစီးစွာရောက်လေ့ရှိတဲ့သူဟာအသင်းပြောင်းလိုမှုနဲ့အတူနောက်ကျပြီးမှရောက်လာခဲ့တာပါ။

သူဟာနေ့လည်၁၀.၃၁အချိန်တွင်အဖြူရောင်လေ့ကျင့်ရေးဝတ်စုံဖြင့် လေ့ကျင့်ရေးကွင်းသို့ဆင်းခဲ့ပါတယ်။

ဒါပေမဲ့သူဟာလေ့ကျင့်ခန်းအစီအစဉ်များကိုစိတ်ပါလက်ပါမပြုလုပ်ရုံသာမကအာရုံစိုက်ခြင်းမရှိတာတွေ့ရပါတယ်။

လီဝန်ဒေါ့စကီးရဲ့ခန္ဓာအမူအယာတို့က သူထွက်ခွာလိုနေကြောင်းပြသနေပါတယ်။သူဟာကစားဖော်များနှင့်စကားပြောခြင်းကိုရှောင်ပြီးလီယွန်ဂိုရက်ဇ်ကာ၊မူဆာလာတို့နှင့်သာစကားပြောခဲ့ပါတယ်။

သူဟာနည်းပြနာဂယ်မန်းနှင့်တစုံတရာပြောကြားခြင်းလည်းမရှိခဲ့ပါဘူး။

ဘိုင်ယန်မြူးနစ်ကစားသမားများဟာလေ့ကျင့်ခန်းအစီအစဉ်အပြီးမှာပွဲတစ်ပွဲကစားခဲ့ပါတယ်။လီဝန်ဒေါ့စကီးဟာကြိုးစားအားထုတ်ခဲ့ခြင်းမရှိသလိုဂိုးလည်းမသွင်းနိုင်ခဲ့ပါဘူး။

ZawGyi

ဘိုင္ယန္ႏွင့္ေလ့က်င့္ခန္းဆင္းလာေပမဲ့ ထြက္ခြာလိုေၾကာင္း ျပသေနဆဲျဖစ္တဲ့လီဝန္ေဒါ့စကီး

ေရာဘတ္လီဝန္ေဒါ့စကီးဟာဗုဒၶဟူးေန႔တုန္းကဘိုင္ယန္ျမဴးနစ္ႏွင့္အတူရာသီႀကိဳေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ခဲ့ပါတယ္။

လီဝန္ေဒါ့စကီးဟာခယခုေႏြရာသီတြင္ဘိုင္ယန္ျမဴးနစ္မွထြက္ခြာကာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကစားလိုေၾကာင္းလူသိရွင္ၾကားေျပာၾကားထားသူျဖစ္ပါတယ္။

ဒါေပမဲ့အေျပာင္းအေ႐ႊ႕မွာျဖစ္မလာေသးမႈနဲ႔အတူပိုလန္တိုက္စစ္မႉးဟာဗုဒၶဟူးေန႔တုန္းကဘိုင္ယန္ျမဴးနစ္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းခဲ့ရပါတယ္။

ေရာဘတ္လီဝန္ေဒါ့စကီးဟာဘိုင္ယန္ျမဴးနစ္ရဲ႕ Säbener Strasse ေလ့က်င့္ေရးကြင္းသို႔ေျခာက္မိနစ္ေနာက္က်ၿပီးမွေရာက္လာခဲ့ပါတယ္။ပုံမွန္အားျဖင့္ဘိုင္ယန္ျမဴးနစ္ေလ့က်င့္ေရးအစီအစဥ္ေစာစီးစြာေရာက္ေလ့ရွိတဲ့သူဟာအသင္းေျပာင္းလိုမႈနဲ႔အတူေနာက္က်ၿပီးမွေရာက္လာခဲ့တာပါ။

သူဟာေန႔လည္၁၀.၃၁အခ်ိန္တြင္အျဖဴေရာင္ေလ့က်င့္ေရးဝတ္စုံျဖင့္ ေလ့က်င့္ေရးကြင္းသို႔ဆင္းခဲ့ပါတယ္။

ဒါေပမဲ့သူဟာေလ့က်င့္ခန္းအစီအစဥ္မ်ားကိုစိတ္ပါလက္ပါမျပဳလုပ္႐ုံသာမကအာ႐ုံစိုက္ျခင္းမရွိတာေတြ႕ရပါတယ္။

လီဝန္ေဒါ့စကီးရဲ႕ခႏၶာအမူအယာတို႔က သူထြက္ခြာလိုေနေၾကာင္းျပသေနပါတယ္။သူဟာကစားေဖာ္မ်ားႏွင့္စကားေျပာျခင္းကိုေရွာင္ၿပီးလီယြန္ဂိုရက္ဇ္ကာ၊မူဆာလာတို႔ႏွင့္သာစကားေျပာခဲ့ပါတယ္။

သူဟာနည္းျပနာဂယ္မန္းႏွင့္တစုံတရာေျပာၾကားျခင္းလည္းမရွိခဲ့ပါဘူး။

ဘိုင္ယန္ျမဴးနစ္ကစားသမားမ်ားဟာေလ့က်င့္ခန္းအစီအစဥ္အၿပီးမွာပြဲတစ္ပြဲကစားခဲ့ပါတယ္။လီဝန္ေဒါ့စကီးဟာႀကိဳးစားအားထုတ္ခဲ့ျခင္းမရွိသလိုဂိုးလည္းမသြင္းႏိုင္ခဲ့ပါဘူး။