
ကိုင်လီယန်ဘက်ပေးကသူ့ရဲ့ပီအက်စ်ဂျီအနာဂတ်မှာယနေ့ညဘိုင်ယန်မြူနစ်နှင့်ရင်ဆိုင်ကစားရမဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲအဖြေအပေါ်တွင်မူတည်နေခြင်းမရှိကြောင်းပြောကြားလာပါတယ်။
ဘိုင်ယန်မြူးနစ်ဟာလွန်ခဲ့တဲ့သုံးပတ်တုန်းက Parc des Princes တွင်ကစားတဲ့ပထမအကျော့ပွဲစဉ်တွင် ကင်စလေကိုးမန်းရဲ့တစ်လုံးတည်းသောဂိုးဖြင့်၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ချန်ပီယံလိဂ်ဖလားတစ်ကြိမ်မျှရရှိဖူးခြင်းမရှိတဲ့ပီအက်စ်ဂျီဟာချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့တက်ရောက်ရန်အတွက်ဘိုင်ယန်မြူးနစ်ကိုနှစ်ဂိုးပြတ်အနိုင်ရရှိရန်လိုအပ်နေပါတယ်။
ဘက်ပေးက “ကျွန်တော့်အနာဂတ်ကချန်ပီယံလိဂ်နဲ့ဆက်စပ်နေတယ်ဆိုရင်ကလပ်ကိုမလေးစားသလိုဖြစ်နေမှာပေါ့။ထွက်သွားတာလည်းကြာလှပြီပေါ့”လို့ပြောကြားသွားပါတယ်။
ကိုင်လီယန်ဘက်ပေးဟာအသက်၂၄နှစ်အရွယ်သာရှိသေးပေမဲ့လည်းတနင်္ဂနွေနေ့တုန်းကပီအက်စ်ဂျီအတွက်၂၀၁ဂိုးမြောက်ဂိုးအားသွင်းယူကာပီအက်စ်ဂျီသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးခဲ့သူလည်းဖြစ်ပါတယ်။
ဆက်လက်ပြီးဘက်ပေးက “ဒီပွဲရလဒ်ကကျွန်တော့်အနာဂတ်ကိုရိုက်ခတ်လာမှာမဟုတ်ပါဘူး။ဒီမှာရှိနေတယ်။ပြီးတော့ဒီမှာပျော်တယ်။ပီအက်စ်ဂျီအောင်မြင်ဖို့ကလွဲပြီးကျန်တာမတွေးပါဘူး”လို့ပြောကြားသွားပါတယ်။
ပီအက်စ်ဂျီဟာနေမာမှာခြေကျင်းဝတ်ဒဏ်ရာခွဲစိတ်ကုသမှုခံယူရမှာဖြစ်လို့ရာသီအကုန်အထိဆုံးရှုံးထားရပါတယ်။ဒါ့အပြင်အသင်းခေါင်းဆောင်မာကွင်ဟို့စ်နှင့်မူကီလီတို့မှာလည်းကြံ့ခိုင်မှုပြဿနာများရှိနေပါတယ်။
ဘိုင်ယန်မြူနစ်ဟာယခုရာသီတွင်ချန်ပီယံလိဂ်၇ပွဲလုံးအနိုင်ရရှိထားပြီးယင်းမှ၆ပွဲတွင်ဂိုးမပေးခဲ့ရပါဘူး။
ZawGyi
ဘိုင္ယန္ပြဲရလဒ္က သူ႔ပီအက္စ္ဂ်ီအနာဂတ္ကို ႐ိုက္ခတ္လာမည္မဟုတ္ဟု ဘက္ေပး ေျပာၾကား
ကိုင္လီယန္ဘက္ေပးကသူ႔ရဲ႕ပီအက္စ္ဂ်ီအနာဂတ္မွာယေန႔ညဘိုင္ယန္ျမဴနစ္ႏွင့္ရင္ဆိုင္ကစားရမဲ့ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲအေျဖအေပၚတြင္မူတည္ေနျခင္းမရွိေၾကာင္းေျပာၾကားလာပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာလြန္ခဲ့တဲ့သုံးပတ္တုန္းက Parc des Princes တြင္ကစားတဲ့ပထမအေက်ာ့ပြဲစဥ္တြင္ ကင္စေလကိုးမန္းရဲ႕တစ္လုံးတည္းေသာဂိုးျဖင့္၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
ခ်န္ပီယံလိဂ္ဖလားတစ္ႀကိမ္မွ်ရရွိဖူးျခင္းမရွိတဲ့ပီအက္စ္ဂ်ီဟာခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္သို႔တက္ေရာက္ရန္အတြက္ဘိုင္ယန္ျမဴးနစ္ကိုႏွစ္ဂိုးျပတ္အႏိုင္ရရွိရန္လိုအပ္ေနပါတယ္။
ဘက္ေပးက “ကြၽန္ေတာ့္အနာဂတ္ကခ်န္ပီယံလိဂ္နဲ႔ဆက္စပ္ေနတယ္ဆိုရင္ကလပ္ကိုမေလးစားသလိုျဖစ္ေနမွာေပါ့။ထြက္သြားတာလည္းၾကာလွၿပီေပါ့”လို႔ေျပာၾကားသြားပါတယ္။
ကိုင္လီယန္ဘက္ေပးဟာအသက္၂၄ႏွစ္အ႐ြယ္သာရွိေသးေပမဲ့လည္းတနဂၤေႏြေန႔တုန္းကပီအက္စ္ဂ်ီအတြက္၂၀၁ဂိုးေျမာက္ဂိုးအားသြင္းယူကာပီအက္စ္ဂ်ီသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္သမိုင္းမွတ္တမ္းေရးထိုးခဲ့သူလည္းျဖစ္ပါတယ္။
ဆက္လက္ၿပီးဘက္ေပးက “ဒီပြဲရလဒ္ကကြၽန္ေတာ့္အနာဂတ္ကို႐ိုက္ခတ္လာမွာမဟုတ္ပါဘူး။ဒီမွာရွိေနတယ္။ၿပီးေတာ့ဒီမွာေပ်ာ္တယ္။ပီအက္စ္ဂ်ီေအာင္ျမင္ဖို႔ကလြဲၿပီးက်န္တာမေတြးပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ပီအက္စ္ဂ်ီဟာေနမာမွာေျခက်င္းဝတ္ဒဏ္ရာခြဲစိတ္ကုသမႈခံယူရမွာျဖစ္လို႔ရာသီအကုန္အထိဆုံးရႈံးထားရပါတယ္။ဒါ့အျပင္အသင္းေခါင္းေဆာင္မာကြင္ဟို႔စ္ႏွင့္မူကီလီတို႔မွာလည္းႀကံ့ခိုင္မႈျပႆနာမ်ားရွိေနပါတယ္။
ဘိုင္ယန္ျမဴနစ္ဟာယခုရာသီတြင္ခ်န္ပီယံလိဂ္၇ပြဲလုံးအႏိုင္ရရွိထားၿပီးယင္းမွ၆ပြဲတြင္ဂိုးမေပးခဲ့ရပါဘူး။