ဘိုင်ယန်မြူးနစ်စတားမာဆယ်ဆာဘစ်ဇာကို ယူနိုက်တက် အငှားဖြင့် ခေါ်ယူ

မန်ချက်စတာယူနိုက်တက်ဟာဘိုင်ယန်မြူးနစ်မှဩစတြီးယားအလယ်တန်းကစားသမားမာဆယ်ဆာဘစ်ဇာကိုရာသီအကုန်အထိအငှားဖြင့်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာခရစ္စတီယန်အဲရစ်ဆင်မှာဒဏ်ရာကြောင့်ဧပြီလ(သို့မဟုတ်)မေလအထိအနားယူရမှာဖြစ်လို့အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်အသက်၂၈နှစ်ရှိဆာဘစ်ဇာကိုခေါ်ယူလိုက်တာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာဘိုင်ယန်မြူးနစ်တွင် ဒုတိယအသင်းနည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးဘိုင်ယန်မြူးနစ်နှင့်ခိုင်မာတဲ့ရင်းနှီးမှုရှိထားမှုကဆာဘစ်ဇာရဲ့အပြောင်းအရွှေ့ဖြစ်လာအောင်အကူအညီဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်စတားအဲရစ်ဆင်မှာခြေကျင်းဝတ်ဒဏ်ရာကြောင့်အနည်းဆုံးဧပြီလအထိအနားယူရမှာဖြစ်ပြီးလာမယ့်နော်တင်ဟမ်ဖောရက်စ်၊ခရစ္စတယ်ပဲလေ့စ်တို့နှင့်ပွဲများအတွက်ကြံ့ခိုင်မှုပြည့်ဝတဲ့ကွင်းလယ်ကစားသမားနှစ်ဦးတည်းသာရှိပါတယ်။

ဆာဘစ်ဇာဟာရက်ဘူးလ်လိုက်ဇစ်တွင်ခြောက်ရာသီကြာကစားခဲ့သူဖြစ်ပြီး၂၀၂၀-၂၁ရာသီတုန်းကအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။သူဟာ၂၀၂၁ခုနှစ်၊ဩဂုတ်လတွင်ဘိုင်ယန်မြူးနစ်သို့ပြောင်းခဲ့သူဖြစ်ပါတယ်။

သူဟာဩစတြီးယားအသင်းအတွက်၆၈ပွဲကစားကာ၁၂ဂိုးသွင်းထားသူဖြစ်ပါတယ်။

ZawGyi

ဘိုင္ယန္ျမဴးနစ္စတားမာဆယ္ဆာဘစ္ဇာကို ယူႏိုက္တက္ အငွားျဖင့္ ေခၚယူ

မန္ခ်က္စတာယူႏိုက္တက္ဟာဘိုင္ယန္ျမဴးနစ္မွဩစႀတီးယားအလယ္တန္းကစားသမားမာဆယ္ဆာဘစ္ဇာကိုရာသီအကုန္အထိအငွားျဖင့္ေခၚယူလိုက္ၿပီျဖစ္ပါတယ္။

ယူႏိုက္တက္ဟာခရစၥတီယန္အဲရစ္ဆင္မွာဒဏ္ရာေၾကာင့္ဧၿပီလ(သို႔မဟုတ္)ေမလအထိအနားယူရမွာျဖစ္လို႔အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္အသက္၂၈ႏွစ္ရွိဆာဘစ္ဇာကိုေခၚယူလိုက္တာျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာဘိုင္ယန္ျမဴးနစ္တြင္ ဒုတိယအသင္းနည္းျပအျဖစ္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီးဘိုင္ယန္ျမဴးနစ္ႏွင့္ခိုင္မာတဲ့ရင္းႏွီးမႈရွိထားမႈကဆာဘစ္ဇာရဲ႕အေျပာင္းအေ႐ႊ႕ျဖစ္လာေအာင္အကူအညီျဖစ္ခဲ့ပါတယ္။

ယူႏိုက္တက္စတားအဲရစ္ဆင္မွာေျခက်င္းဝတ္ဒဏ္ရာေၾကာင့္အနည္းဆုံးဧၿပီလအထိအနားယူရမွာျဖစ္ၿပီးလာမယ့္ေနာ္တင္ဟမ္ေဖာရက္စ္၊ခရစၥတယ္ပဲေလ့စ္တို႔ႏွင့္ပြဲမ်ားအတြက္ႀကံ့ခိုင္မႈျပည့္ဝတဲ့ကြင္းလယ္ကစားသမားႏွစ္ဦးတည္းသာရွိပါတယ္။

ဆာဘစ္ဇာဟာရက္ဘူးလ္လိုက္ဇစ္တြင္ေျခာက္ရာသီၾကာကစားခဲ့သူျဖစ္ၿပီး၂၀၂၀-၂၁ရာသီတုန္းကအသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူခဲ့သူျဖစ္ပါတယ္။သူဟာ၂၀၂၁ခုႏွစ္၊ဩဂုတ္လတြင္ဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။

သူဟာဩစႀတီးယားအသင္းအတြက္၆၈ပြဲကစားကာ၁၂ဂိုးသြင္းထားသူျဖစ္ပါတယ္။