ဘိုင်ယန်မြူးနစ်နှင့်ချန်ပီယံလိဂ်ပွဲကို မက်ဆီလွဲချော်နိုင်မှုနဲ့အတူ တိုက်စစ်ပြဿနာကြုံလာတဲ့ ပီအက်စ်ဂျီ

လီယွန်နယ်မက်ဆီဟာတံကောက်ကြောဒဏ်ရာကြောင့်ဘိုင်ယန်မြူးနစ်နှင့်ကစားရမဲ့ပီအက်စ်ဂျီရဲ့ချန်ပီယံလိဂ်ပွဲစဉ်ကိုလွဲချော်နိုင်တဲ့အနေအထားမှာရှိနေပါတယ်။

မက်ဆီဟာကြားရက်တုန်းကStade Velodromeတွင်မာဆေးကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ Coupe de Franceပွဲစဉ်တွင်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

L’Equipe ရဲ့ဖော်ပြချက်အရBallon d’Or ၇ကြိမ်ရမက်ဆီဟာယနေ့ညမိုနာကိုအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမဲ့ပွဲကိုလွဲမည်ဖြစ်ကြောင်းသိရပါတယ်။

ဒါ့အပြင်မက်ဆီဟာတံကောက်ကြောဒဏ်ရာကြောင့်ဘိုင်ယန်မြူးနစ်နှင့်ကစားရမဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်ကိုပါလွဲချော်နိုင်တဲ့အနေအထားမှာရှိပါတယ်။

ပီအက်စ်ဂျီကတော့အင်္ဂါနေ့ညတွင်Parc de Princes မှာကစားရတဲ့ပွဲအမီမက်ဆီပြန်လည်ကောင်းမွန်လာဖို့မျှော်လင့်နေပါတယ်။

ပီအက်စ်ဂျီဟာဘိုင်ယန်မြူးနစ်နှင့်ပထမအကျော့ပွဲစဉ်အားကိုင်လီယန်ဘက်ပေးလွဲချော်ထားတဲ့အချိန်တွင်မက်ဆီဒဏ်ရာထပ်မံရရှိမှုကြောင့်စိုးရိမ်လျက်ရှိနေပါတယ်။

အာဂျင်တီးနားစူပါစတားဟာယခုရာသီတွင်ပီအက်စ်ဂျီနှင့်အတူခြေစွမ်းပြနေသူဖြစ်ပြီးလီဂူး၁တွင်၁၀ဂိုးသွင်းကာ၁၀ကြိမ်ဖန်တီးထားပါတယ်။သူဟာချန်ပီယံလိဂ်တွင်လည်း၅ပွဲကစားထားရာမှာ၄ဂိုးသွင်းထားနိုင်ပါတယ်။

ZawGyi

ဘိုင္ယန္ျမဴးနစ္ႏွင့္ခ်န္ပီယံလိဂ္ပြဲကို မက္ဆီလြဲေခ်ာ္ႏိုင္မႈနဲ႔အတူ တိုက္စစ္ျပႆနာႀကဳံလာတဲ့ ပီအက္စ္ဂ်ီ

လီယြန္နယ္မက္ဆီဟာတံေကာက္ေၾကာဒဏ္ရာေၾကာင့္ဘိုင္ယန္ျမဴးနစ္ႏွင့္ကစားရမဲ့ပီအက္စ္ဂ်ီရဲ႕ခ်န္ပီယံလိဂ္ပြဲစဥ္ကိုလြဲေခ်ာ္ႏိုင္တဲ့အေနအထားမွာရွိေနပါတယ္။

မက္ဆီဟာၾကားရက္တုန္းကStade Velodromeတြင္မာေဆးကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ Coupe de Franceပြဲစဥ္တြင္ဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။

L’Equipe ရဲ႕ေဖာ္ျပခ်က္အရBallon d’Or ၇ႀကိမ္ရမက္ဆီဟာယေန႔ညမိုနာကိုအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမဲ့ပြဲကိုလြဲမည္ျဖစ္ေၾကာင္းသိရပါတယ္။

ဒါ့အျပင္မက္ဆီဟာတံေကာက္ေၾကာဒဏ္ရာေၾကာင့္ဘိုင္ယန္ျမဴးနစ္ႏွင့္ကစားရမဲ့ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္ကိုပါလြဲေခ်ာ္ႏိုင္တဲ့အေနအထားမွာရွိပါတယ္။

ပီအက္စ္ဂ်ီကေတာ့အဂၤါေန႔ညတြင္Parc de Princes မွာကစားရတဲ့ပြဲအမီမက္ဆီျပန္လည္ေကာင္းမြန္လာဖို႔ေမွ်ာ္လင့္ေနပါတယ္။

ပီအက္စ္ဂ်ီဟာဘိုင္ယန္ျမဴးနစ္ႏွင့္ပထမအေက်ာ့ပြဲစဥ္အားကိုင္လီယန္ဘက္ေပးလြဲေခ်ာ္ထားတဲ့အခ်ိန္တြင္မက္ဆီဒဏ္ရာထပ္မံရရွိမႈေၾကာင့္စိုးရိမ္လ်က္ရွိေနပါတယ္။

အာဂ်င္တီးနားစူပါစတားဟာယခုရာသီတြင္ပီအက္စ္ဂ်ီႏွင့္အတူေျခစြမ္းျပေနသူျဖစ္ၿပီးလီဂူး၁တြင္၁၀ဂိုးသြင္းကာ၁၀ႀကိမ္ဖန္တီးထားပါတယ္။သူဟာခ်န္ပီယံလိဂ္တြင္လည္း၅ပြဲကစားထားရာမွာ၄ဂိုးသြင္းထားႏိုင္ပါတယ္။