ဘိုင်ယန်မြူးနစ်နှင့်ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲကို လွဲမယ့် ကိုင်လီယန်ဘက်ပေး

ကိုင်လီယန်ဘက်ပေးဟာပေါင်ကြွက်သားဒဏ်ရာကြောင့်ပီအက်စ်ဂျီရဲ့ဘိုင်ယန်မြူးနစ်နှင့်ရင်ဆိုင်ကစားရမဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်ကိုလွဲချော်လာမည်ဖြစ်ကြောင်းသိရပါတယ်။

ပီအက်စ်ဂျီရှေ့တန်းကစားသမားဟာဗုဒ္ဓဟူးနေ့တုန်းကမွန်ပယ်လီယာကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီးသုံးပတ်ကြာအနားယူရပါမယ်။

အသက်၂၄နှစ်ရှိဘက်ပေးဟာမွန်ပယ်လီယာနှင့်ပွဲတင်ပင်နယ်တီနှစ်ကြိမ်လွဲခဲ့ကာ၂၁မိနစ်မှာပင်ဒဏ်ရာရရှိကာလူစားလဲခဲ့ရတာဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာလာမယ့်ဖေဖော်ဝါရီလ၁၄ရက်နေ့အင်္ဂါနေ့တွင်ဂျာမန်ချန်ပီယံဘိုင်ယန်မြူးနစ်ကိုဧည့်ခံကစားရပါမယ်။

ဘက်ပေးဟာဖေဖော်ဝါရီလ၈ရက်နေ့မာဆေးနှင့်ပြင်သစ်ဖလားပွဲကိုလည်းလွဲမဲ့အပြင်ယင်းပွဲအပြီး၃ရက်အကြာတွင်ကစားရမဲ့မိုနာကိုနှင့်လီဂူး၁ပွဲကိုလည်းလွဲပါမယ်။

ဘက်ပေးဟာယခုရာသီတွင်ပီအက်စ်ဂျီအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၂၆ပွဲကစားကာ၂၅ဂိုးအထိသွင်းပေးထားနိုင်ပါတယ်။

ပီအက်စ်ဂျီဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲကိုမတ်လ၈ရက်နေ့မှာဂျာမနီသို့သွားကစားရပါမယ်။

ZawGyi

ဘိုင္ယန္ျမဴးနစ္ႏွင့္ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ပြဲကို လြဲမယ့္ ကိုင္လီယန္ဘက္ေပး

ကိုင္လီယန္ဘက္ေပးဟာေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ပီအက္စ္ဂ်ီရဲ႕ဘိုင္ယန္ျမဴးနစ္ႏွင့္ရင္ဆိုင္ကစားရမဲ့ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္ကိုလြဲေခ်ာ္လာမည္ျဖစ္ေၾကာင္းသိရပါတယ္။

ပီအက္စ္ဂ်ီေရွ႕တန္းကစားသမားဟာဗုဒၶဟူးေန႔တုန္းကမြန္ပယ္လီယာကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာဒဏ္ရာရရွိသြားခဲ့တာျဖစ္ၿပီးသုံးပတ္ၾကာအနားယူရပါမယ္။

အသက္၂၄ႏွစ္ရွိဘက္ေပးဟာမြန္ပယ္လီယာႏွင့္ပြဲတင္ပင္နယ္တီႏွစ္ႀကိမ္လြဲခဲ့ကာ၂၁မိနစ္မွာပင္ဒဏ္ရာရရွိကာလူစားလဲခဲ့ရတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာလာမယ့္ေဖေဖာ္ဝါရီလ၁၄ရက္ေန႔အဂၤါေန႔တြင္ဂ်ာမန္ခ်န္ပီယံဘိုင္ယန္ျမဴးနစ္ကိုဧည့္ခံကစားရပါမယ္။

ဘက္ေပးဟာေဖေဖာ္ဝါရီလ၈ရက္ေန႔မာေဆးႏွင့္ျပင္သစ္ဖလားပြဲကိုလည္းလြဲမဲ့အျပင္ယင္းပြဲအၿပီး၃ရက္အၾကာတြင္ကစားရမဲ့မိုနာကိုႏွင့္လီဂူး၁ပြဲကိုလည္းလြဲပါမယ္။

ဘက္ေပးဟာယခုရာသီတြင္ပီအက္စ္ဂ်ီအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၆ပြဲကစားကာ၂၅ဂိုးအထိသြင္းေပးထားႏိုင္ပါတယ္။

ပီအက္စ္ဂ်ီဟာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲကိုမတ္လ၈ရက္ေန႔မွာဂ်ာမနီသို႔သြားကစားရပါမယ္။