ဘိုင်ယန်မြူးနစ်နှင့်ပွဲမတိုင်မီ အခက်အခဲကြုံနေရတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာဘိုင်ယန်မြူးနစ်နှင့်ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အတွက်လက်မှတ်အားလုံးရောင်းချရန်ရုန်းကန်နေရကြောင်းသိရပါတယ်။

ဘာစီလိုနာဟာကိုဗစ်ကန့်သတ်ချက်ကြောင့်အင်္ဂါနေ့တွင်နူးကမ့်မှာကစားမယ့်ဘိုင်ယန်မြူးနစ်နှင့်ပွဲအတွက်လက်မှတ်၄၀၀၀၀ဘဲရောင်းချခွင့်ရရှိထားပါတယ်။ဒါပေမယ့်လည်းဘာစီလိုနာဟာလက်မှတ်အစောင်ရေ၃၁၂၁၃စောင်တည်းသာရောင်းချရပါသေးတယ်။

အစောပိုင်းတုန်းကဘာစီလိုနာဟာမက်ဆီမရှိတော့တဲ့နောက်ပိုင်းပထမဆုံးဥရောပပွဲဖြစ်လာမယ့်ဘိုင်ယန်မြူးနစ်နှင့်ပွဲအတွက်လက်မှတ်တောင်းဆိုမှုမြင့်မားလိမ့်မယ်လို့မျှော်လင့်ခဲ့ပါတယ်။

ဒါကြောင့်လည်းဘာစီလိုနာဟာအဆိုပါပွဲအတွက်လက်မှတ်ကိုကံစမ်းမဲစနစ်ဖြင့်ရောင်းချရန်စီစဉ်ထားခဲ့တာပါ။

ဒါပေမယ့်တကယ်တမ်းမှာတော့လက်မှတ်တောင်းဆိုမှုအလွန်နည်းပါးတာကြောင့်ပုံမှန်အတိုင်းဘဲရောင်းချနေရပါတယ်။ယင်းပွဲအတွက်လက်မှတ်ဈေးနှုန်းကယူရို၁၀၉မှယူရို၁၉၉နှုန်းအတွင်းသတ်မှတ်ရောင်းချနေပါတယ်။

ဘာစီလိုနာဟာလွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းကဘိုင်ယန်မြူးနစ်ကို၈-၂ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ဘိုင်ယန်မြူးနစ်နှင့်ပြန်လည်ရင်ဆိုင်ရတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာဂီတာဖေးနှင့်လာလီဂါအဖွင့်ပွဲစဉ်တုန်းကလည်းကိုဗစ်ကန့်သတ်ချက်၊ခရီးသွားကာလရောက်နေမှုတို့ကြောင့်လက်မှတ်အစောင်ရေ၁၉၀၀၀ဝန်းကျင်တည်းသာရောင်းချခဲ့ရပါတယ်။

ZawGyi

ဘိုင္ယန္ျမဴးနစ္ႏွင့္ပြဲမတိုင္မီ အခက္အခဲႀကဳံေနရတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာဘိုင္ယန္ျမဴးနစ္ႏွင့္ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္အတြက္လက္မွတ္အားလုံးေရာင္းခ်ရန္႐ုန္းကန္ေနရေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာကိုဗစ္ကန႔္သတ္ခ်က္ေၾကာင့္အဂၤါေန႔တြင္ႏူးကမ့္မွာကစားမယ့္ဘိုင္ယန္ျမဴးနစ္ႏွင့္ပြဲအတြက္လက္မွတ္၄၀၀၀၀ဘဲေရာင္းခ်ခြင့္ရရွိထားပါတယ္။ဒါေပမယ့္လည္းဘာစီလိုနာဟာလက္မွတ္အေစာင္ေရ၃၁၂၁၃ေစာင္တည္းသာေရာင္းခ်ရပါေသးတယ္။

အေစာပိုင္းတုန္းကဘာစီလိုနာဟာမက္ဆီမရွိေတာ့တဲ့ေနာက္ပိုင္းပထမဆုံးဥေရာပပြဲျဖစ္လာမယ့္ဘိုင္ယန္ျမဴးနစ္ႏွင့္ပြဲအတြက္လက္မွတ္ေတာင္းဆိုမႈျမင့္မားလိမ့္မယ္လို႔ေမွ်ာ္လင့္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းဘာစီလိုနာဟာအဆိုပါပြဲအတြက္လက္မွတ္ကိုကံစမ္းမဲစနစ္ျဖင့္ေရာင္းခ်ရန္စီစဥ္ထားခဲ့တာပါ။

ဒါေပမယ့္တကယ္တမ္းမွာေတာ့လက္မွတ္ေတာင္းဆိုမႈအလြန္နည္းပါးတာေၾကာင့္ပုံမွန္အတိုင္းဘဲေရာင္းခ်ေနရပါတယ္။ယင္းပြဲအတြက္လက္မွတ္ေဈးႏႈန္းကယူ႐ို၁၀၉မွယူ႐ို၁၉၉ႏႈန္းအတြင္းသတ္မွတ္ေရာင္းခ်ေနပါတယ္။

ဘာစီလိုနာဟာလြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္တုန္းကဘိုင္ယန္ျမဴးနစ္ကို၈-၂ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္ဘိုင္ယန္ျမဴးနစ္ႏွင့္ျပန္လည္ရင္ဆိုင္ရတာလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာဂီတာေဖးႏွင့္လာလီဂါအဖြင့္ပြဲစဥ္တုန္းကလည္းကိုဗစ္ကန႔္သတ္ခ်က္၊ခရီးသြားကာလေရာက္ေနမႈတို႔ေၾကာင့္လက္မွတ္အေစာင္ေရ၁၉၀၀၀ဝန္းက်င္တည္းသာေရာင္းခ်ခဲ့ရပါတယ္။