ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲအတွက် ပီအက်စ်ဂျီလူစာရင်းတွင် ကိုင်လီယန်ဘက်ပေး

ကိုင်လီယန်ဘက်ပေးဟာအင်္ဂါနေ့တွင်ဘိုင်ယန်မြူးနစ်နှင့်ရင်ဆိုင်ကစားရမဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက်ပီအက်စ်ဂျီလူစာရင်းတွင်ပါဝင်လာမည်ဖြစ်ကြောင်းသိရပါတယ်။

ပြင်သစ်တိုက်စစ်သမားဟာဖေဖော်ဝါရီလ၁ရက်နေ့တုန်းကမွန်ပယ်လီယာနှင့်ပွဲစဉ်တွင်ဒဏ်ရာရရှိကာအနားယူနေခဲ့ရသူဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိကစားသမားဟာသုံးပတ်ကြာအနားယူရမယ်လို့ယူဆခြင်းခံထားရပြီးအင်္ဂါနေ့ ချန်ပီယံလိဂ်၁၆သင်းပထမအကျော့ပွဲကိုလွဲမည်လို့ယူဆရပါယ်။

ဒါပေမဲ့ကိုင်လီယန်ဘက်ပေးဟာဒဏ်ရာမှအလျှင်အမြန်ပျောက်ကင်းလာခဲ့ပြီးပီအက်စ်ဂျီနှင့်အတူလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ပါတယ်။

သူဟာစနေနေ့တုန်းကမိုနာကိုအား၃-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ပါဝင်မကစားခဲ့တဲ့ကစားသမားများနှင့်အတူလေ့ကျင့်ခန်းဆင်းလာခဲ့တာလည်းဖြစ်ပါတယ်။

Le Parisien ကကိုင်လီယန်ဘက်ပေးမှာဘိုင်ယန်မြူးနစ်နှင့်ပွဲအတွက်ပီအက်စ်ဂျီလူစာရင်းတွင်ပါဝင်လာမည်ဖြစ်ပြီးအနည်းဆုံးအရန်အဖြစ်ဝင်ကစားနိုင်ကြောင်းဖော်ပြသွားပါတယ်။

ပီအက်စ်ဂျီဟာကိုင်လီယန်ဘက်ပေးဒဏ်ရာကြောင့်အနားယူနေရစဉ်အတွင်းမာဆေးကို၂-၁ဖြင့်ရှုံးနိမ့်ကာ Coupe de France မှထွက်ခဲ့ရသလို စနေနေ့တုန်းကလည်းမိုနာကိုအား၃-၁ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင်ပီအက်စ်ဂျီဟာဘိုင်ယန်မြူးနစ်နှင့်ပွဲတွင်လီယွန်နယ်မက်ဆီပါဝင်နိုင်/မနိုင်ကိုစောင့်ဆိုင်းရပါဦးမယ်။မက်ဆီဟာတနင်္ဂနွေနေ့တုန်းကတကိုယ်တော်လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပေမဲ့ပါဝင်ကစားရန်မသေချာသေးပါဘူး။

သူဟာယခုရာသီတွင်ပီအက်စ်ဂျီအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၂၅ပွဲကစားထားရာမှာ၁၅ဂိုးသွင်းပြီး၁၄ကြိမ်ဖန်တီးထားနိုင်ပါတယ်။

ZawGyi

ဘိုင္ယန္ျမဴးနစ္ႏွင့္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ပြဲအတြက္ ပီအက္စ္ဂ်ီလူစာရင္းတြင္ ကိုင္လီယန္ဘက္ေပး

ကိုင္လီယန္ဘက္ေပးဟာအဂၤါေန႔တြင္ဘိုင္ယန္ျမဴးနစ္ႏွင့္ရင္ဆိုင္ကစားရမဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ပီအက္စ္ဂ်ီလူစာရင္းတြင္ပါဝင္လာမည္ျဖစ္ေၾကာင္းသိရပါတယ္။

ျပင္သစ္တိုက္စစ္သမားဟာေဖေဖာ္ဝါရီလ၁ရက္ေန႔တုန္းကမြန္ပယ္လီယာႏွင့္ပြဲစဥ္တြင္ဒဏ္ရာရရွိကာအနားယူေနခဲ့ရသူျဖစ္ပါတယ္။

အသက္၂၄ႏွစ္ရွိကစားသမားဟာသုံးပတ္ၾကာအနားယူရမယ္လို႔ယူဆျခင္းခံထားရၿပီးအဂၤါေန႔ ခ်န္ပီယံလိဂ္၁၆သင္းပထမအေက်ာ့ပြဲကိုလြဲမည္လို႔ယူဆရပါယ္။

ဒါေပမဲ့ကိုင္လီယန္ဘက္ေပးဟာဒဏ္ရာမွအလွ်င္အျမန္ေပ်ာက္ကင္းလာခဲ့ၿပီးပီအက္စ္ဂ်ီႏွင့္အတူေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီျဖစ္ပါတယ္။

သူဟာစေနေန႔တုန္းကမိုနာကိုအား၃-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ပါဝင္မကစားခဲ့တဲ့ကစားသမားမ်ားႏွင့္အတူေလ့က်င့္ခန္းဆင္းလာခဲ့တာလည္းျဖစ္ပါတယ္။

Le Parisien ကကိုင္လီယန္ဘက္ေပးမွာဘိုင္ယန္ျမဴးနစ္ႏွင့္ပြဲအတြက္ပီအက္စ္ဂ်ီလူစာရင္းတြင္ပါဝင္လာမည္ျဖစ္ၿပီးအနည္းဆုံးအရန္အျဖစ္ဝင္ကစားႏိုင္ေၾကာင္းေဖာ္ျပသြားပါတယ္။

ပီအက္စ္ဂ်ီဟာကိုင္လီယန္ဘက္ေပးဒဏ္ရာေၾကာင့္အနားယူေနရစဥ္အတြင္းမာေဆးကို၂-၁ျဖင့္ရႈံးနိမ့္ကာ Coupe de France မွထြက္ခဲ့ရသလို စေနေန႔တုန္းကလည္းမိုနာကိုအား၃-၁ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ဒါ့အျပင္ပီအက္စ္ဂ်ီဟာဘိုင္ယန္ျမဴးနစ္ႏွင့္ပြဲတြင္လီယြန္နယ္မက္ဆီပါဝင္ႏိုင္/မႏိုင္ကိုေစာင့္ဆိုင္းရပါဦးမယ္။မက္ဆီဟာတနဂၤေႏြေန႔တုန္းကတကိုယ္ေတာ္ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ေပမဲ့ပါဝင္ကစားရန္မေသခ်ာေသးပါဘူး။

သူဟာယခုရာသီတြင္ပီအက္စ္ဂ်ီအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၅ပြဲကစားထားရာမွာ၁၅ဂိုးသြင္းၿပီး၁၄ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။