ဘိုင်ယန်မြူးနစ်နှင့် လေးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ကမ်မစ်ချ်
ဘိုင်ယန်မြူးနစ်စတားဂျိုရှာကမ်မစ်ချ်ဟာ Allinaz Arena တွင်လေးနှစ်ဆက်ရှိနေမယ့်လေးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။
ကမ်မစ်ချ်ဟာ၂၀၁၅ခုနှစ်တုန်းကလိုက်ဇစ်မှလူငယ်ကစားသမားတစ်ဦးအဖြစ်ဘိုင်ယန်မြူးနစ်သို့ရောက်လာခဲ့သူဖြစ်ပြီးယင်းနောက်ပိုင်းတွင်ဂျာမနီရဲ့အကောင်းဆုံးအလယ်တန်းသမားများထဲမှတစ်ဦးအဖြစ်ရပ်တည်လာခဲ့သူလည်းဖြစ်ပါတယ်။
အသက်၂၆နှစ်ရှိဂျာမနီလက်ရွေးစင်ရဲ့ယခင်စာချုပ်က၂နှစ်သက်တမ်းသာကျန်တော့တာဖြစ်ပါတယ်။အစောပိုင်းတုန်းကကမ်မစ်ချ်ဘက်ကလုပ်ခများစွာတိုးမြှင့်တောင်းဆိုမှုကြောင့်စာချုပ်သစ်ချုပ်ဆိုရန်အဆင်မပြေခဲ့ပါဘူး။
ဒါပေမယ့်ယခုအခါမှာတော့ကမ်မစ်ချ်ဟာဘိုင်ယန်မြူးနစ်တွင်၂၀၂၅ခုနှစ်အထိရှိနေမယ့်လေးနှစ်စာချုပ်သစ်အားချုပ်ဆိုလိုက်နိုင်ပြီဖြစ်ပါတယ်။
ကမ်မစ်ချ်က “စာချုပ်သစ်ချုပ်ဆိုလိုက်ရတဲ့အဓိကအကြောင်းအရင်းကတော့ဘိုင်ယန်မြူးနစ်မှာနေ့စဉ်နေ့တိုင်းကျွန်တော်မြတ်နိုးတွယ်တာတာတွေနဲ့ပျော်နိုင်လို့ဖြစ်ပါတယ်။ဒီမှာကလပ်မှာဆက်ကစားပြီးဘယ်ဆုဖလားများမဆိုရယူနိုင်ပါတယ်။ကစားဖော်အများစုကလည်းတကယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေဖြစ်နေပါပြီ။ကျွန်တော့်မိသားစုကလည်းဒီမှာအားလုံးအဆင်ပြေပါတယ်။မြူးနစ်ကကျွန်တော့်ရဲ့ဒုတိယအိမ်ဖြစ်နေပါပြီ”လို့ပြောကြားသွားပါတယ်။
ကမ်မစ်ချ်ဟာကွင်းလယ်နေရာတွင်သာမကညာနောက်ခံလူအဖြစ်လည်းကစားနိုင်သူဖြစ်ပါတယ်။သူဟာဘိုင်ယန်မြူးနစ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၂၆၄ပွဲကစားကာဂိုး၃၀သွင်းယူပြီး၇၃ကြိမ်ဖန်တီးထားနိုင်ပါတယ်။
သူဟာဘိုင်ယန်မြူးနစ်နှင့်အတူဘွန်ဒက်စ်လီဂါဖလား၆ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်အပါအဝင်ဆုဖလား၁၇လုံးဆွတ်ခူးထားနိုင်ပါတယ်။
ZawGyi
ဘိုင်ယန်မြူးနစ်နှင့် လေးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ကမ်မစ်ခ်ျ
ဘိုင်ယန်မြူးနစ်စတားဂျိုရှာကမ်မစ်ခ်ျဟာ Allinaz Arena တွင်လေးနှစ်ဆက်ရှိနေမယ့်လေးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။
ကမ်မစ်ခ်ျဟာ၂၀၁၅ခုနှစ်တုန်းကလိုက်ဇစ်မှလူငယ်ကစားသမားတစ်ဦးအဖြစ်ဘိုင်ယန်မြူးနစ်သို့ရောက်လာခဲ့သူဖြစ်ပြီးယင်းနောက်ပိုင်းတွင်ဂျာမနီရဲ့အကောင်းဆုံးအလယ်တန်းသမားများထဲမှတစ်ဦးအဖြစ်ရပ်တည်လာခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမယ့်ယခုအခါမှာတော့ကမ်မစ်ခ်ျဟာဘိုင်ယန်မြူးနစ်တွင်၂၀၂၅ခုနှစ်အထိရှိနေမယ့်လေးနှစ်စာချုပ်သစ်အားချုပ်ဆိုလိုက်နိုင်ပြီဖြစ်ပါတယ်။