ဘိုင်ယန်မြူးနစ်မှ ထွက်ခွာနိုင်ကြောင်း သောမတ်စ်မူလာဖွင့်ဟလာ

သောမတ်စ်မူလာက၎င်းမှာဘိုင်ယန်မြူးနစ်အတွက်မရှိမဖြစ်မဟုတ်ကြောင်းပြောကြားကာတီယာဂိုအယ်ကန်တာရာကဲ့သို့ဘိုင်ယန်မြူးနစ်မှထွက်ခွာနိုင်ကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မူလာဟာ၂၀၀၈ခုနှစ်တွင်ဘိုင်ယန်မြူးနစ်တွင်ကစားသမားဘဝကိုစတင်ပြီးနောက်ဆုဖလားပေါင်းများစွာဆွတ်ခူးနိုင်အောင်ကူညီထားသူလည်းဖြစ်ပါတယ်။

အသက်၃၁နှစ်ရှိမူလာဟာနည်းပြဖလစ်ရဲ့လက်အောက်တွင်လည်းအရေးပါတဲ့ကစားသမားအဖြစ်ကစားခွင့်ရရှိနေပေမယ့်လည်းတီယာဂိုကဲ့သို့ထွက်ခွာနိုင်ကြောင်းဆိုသွားပါတယ်။တီယာဂိုဟာ၂၀၂၀ခုနှစ်နွေရာသီတုန်းကဘိုင်ယန်မြူးနစ်မှလီဗာပူးသို့ပြောင်းခဲ့ပါတယ်။

မူလာက “ကျွန်တော်ကကလပ်ရဲ့မရှိမဖြစ်မဟုတ်ပါဘူး။ကျွန်တော့်မှာစပါယ်ရှယ်ရင်းနှီးဆက်ဆံမှုရှိပါတယ်။ဘိုင်ယန်အတွက်မကစားခင်ကတည်းကဘိုင်ယန်ကိုချစ်ခဲ့တာပါ။ဒါပေမယ့်အခြားကလပ်တစ်ခုမှာကစားရဖို့ဆုံးဖြတ်ချက်ချရမယ့်အချိန်လည်းရှိလာနိုင်ပါတယ်။ဒါကရှက်စရာမဟုတ်သလို ပြဿနာလည်းမဟုတ်ပါဘူး။တီယာဂို(လီဗာပူး)လိုပေါ့”လို့ပြောကြားသွားပါတယ်။

မူလာဟာဘိုင်ယန်မြူးနစ်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၅၇၁ပွဲကစားကာ၂၁၂ဂိုးသွင်းယူထားပါတယ်။သူဟာဘိုင်ယန်မြူးနစ်နှင့်အတူဘွန်ဒက်စ်လီဂါဖလား၉ကြိမ်၊ချန်ပီယံလိဂ်ဖလား၂ကြိမ်အပါအဝင်ဆုဖလားပေါင်း၂၇ကြိမ်ဆွတ်ခူးထားပါတယ်။

ZawGyi

ဘိုင္ယန္ျမဴးနစ္မွ ထြက္ခြာႏိုင္ေၾကာင္း ေသာမတ္စ္မူလာဖြင့္ဟလာ

ေသာမတ္စ္မူလာက၎မွာဘိုင္ယန္ျမဴးနစ္အတြက္မရွိမျဖစ္မဟုတ္ေၾကာင္းေျပာၾကားကာတီယာဂိုအယ္ကန္တာရာကဲ့သို႔ဘိုင္ယန္ျမဴးနစ္မွထြက္ခြာႏိုင္ေၾကာင္းထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

မူလာဟာ၂၀၀၈ခုႏွစ္တြင္ဘိုင္ယန္ျမဴးနစ္တြင္ကစားသမားဘဝကိုစတင္ၿပီးေနာက္ဆုဖလားေပါင္းမ်ားစြာဆြတ္ခူးႏိုင္ေအာင္ကူညီထားသူလည္းျဖစ္ပါတယ္။

အသက္၃၁ႏွစ္ရွိမူလာဟာနည္းျပဖလစ္ရဲ႕လက္ေအာက္တြင္လည္းအေရးပါတဲ့ကစားသမားအျဖစ္ကစားခြင့္ရရွိေနေပမယ့္လည္းတီယာဂိုကဲ့သို႔ထြက္ခြာႏိုင္ေၾကာင္းဆိုသြားပါတယ္။တီယာဂိုဟာ၂၀၂၀ခုႏွစ္ေႏြရာသီတုန္းကဘိုင္ယန္ျမဴးနစ္မွလီဗာပူးသို႔ေျပာင္းခဲ့ပါတယ္။

မူလာက “ကြၽန္ေတာ္ကကလပ္ရဲ႕မရွိမျဖစ္မဟုတ္ပါဘူး။ကြၽန္ေတာ့္မွာစပါယ္ရွယ္ရင္းႏွီးဆက္ဆံမႈရွိပါတယ္။ဘိုင္ယန္အတြက္မကစားခင္ကတည္းကဘိုင္ယန္ကိုခ်စ္ခဲ့တာပါ။ဒါေပမယ့္အျခားကလပ္တစ္ခုမွာကစားရဖို႔ဆုံးျဖတ္ခ်က္ခ်ရမယ့္အခ်ိန္လည္းရွိလာႏိုင္ပါတယ္။ဒါကရွက္စရာမဟုတ္သလို ျပႆနာလည္းမဟုတ္ပါဘူး။တီယာဂို(လီဗာပူး)လိုေပါ့”လို႔ေျပာၾကားသြားပါတယ္။

မူလာဟာဘိုင္ယန္ျမဴးနစ္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၅၇၁ပြဲကစားကာ၂၁၂ဂိုးသြင္းယူထားပါတယ္။သူဟာဘိုင္ယန္ျမဴးနစ္ႏွင့္အတူဘြန္ဒက္စ္လီဂါဖလား၉ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၂ႀကိမ္အပါအဝင္ဆုဖလားေပါင္း၂၇ႀကိမ္ဆြတ္ခူးထားပါတယ္။