
ခရစ္စတီယာနိုရော်နယ်ဒိုနှင့်စူပါအေးဂျင့်ဂျော့မန်ဒက်စ်တို့ဟာပြီးခဲ့တဲ့အပတ်တုန်းက လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့ရေးအတွက်ဆွေးနွေးမှုပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။
Ballon d’Or ငါးကြိမ်ရခရစ္စတီယာနိုရော်နယ်ဒိုဟာပီယာ့စ်မော်ဂန်နှင့်ပြုလုပ်တဲ့ အငြင်းပွားဖွယ်အင်တာဗျူးတွင်ယူနိုက်တက်၊ဂလေဇာမိသားစုနှင့်နည်းပြအဲရစ်တန်ဟက်တို့ကိုဝေဖန်မှုပြုလုပ်ထားပါတယ်။
ဒါ့အပြင်မိနစ်၉၀ကြာမြင့်တဲ့ယင်းအင်တာဗျူးတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားဖော်ဟောင်းဝိန်းရွန်းနီနှင့်ဂယ်ရီနဗီးတို့ကိုဝေဖန်ထားပါတယ်။
ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးအပြည့်အစုံ ပြသလာမယ့်ဗုဒ္ဓဟူးနေ့နှင့်ကြာသပတေးနေ့အထိစောင့်ဆိုင်းပြီးမှ အခြေအနေအရပ်ရပ်ကိုဆုံးဖြတ်သွားပါမယ်။
ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ယူနိုက်တက်သို့ပြန်လာဖို့မရှိတော့သလို ယူနိုက်တက်ဘက်ကလည်းစာချုပ်ဖျက်သိမ်းရေးလုပ်ဆောင်လာဖို့ရှိနေပါတယ်။
ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုကတည်းကဇန်နဝါရီတွင်အသင်းပြောင်းရေးအတွက်ကလပ်သစ်ရှာဖွေနေပြီဖြစ်ပါတယ်။ Daily Mail ရဲ့ဖော်ပြလာမှုအရ ဘိုင်ယန်မြူးနစ်တာဝန်ရှိသူများဟာပြီးခဲ့တဲ့အပတ်တုန်းကအင်္ဂလန်သို့လာရောက်ကာခရစ္စတီယာနိုရော်နယ်ဒိုအပြင်အေးဂျင့်ဂျော့မန်ဒက်စ်နှင့်လည်းတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာနွေရာသီကတည်းကချန်ပီယံလိဂ်ကစားလိုမှုနှင့်အတူထွက်ခွာရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ပေမဲ့ကလပ်သစ်ရှာမရမှုနှင့်အတူ ယူနိုက်တက်တွင်ဆက်ကစားခဲ့ရသူဖြစ်ပါတယ်။
ထိုစဉ်တုန်းကဘိုင်ယန်မြူးနစ်စီအီးအိုအိုလီဗာခန်းကခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူရေးမှာကလပ်ရဲ့ဖီလော်ဆိုဖီနှင့်ကိုက်ညီခြင်းမရှိကြောင်းဆိုခဲ့ဖူးပါတယ်။ဒါပေမဲ့နည်းပြနာဂျယ်မန်းကတော့ရော်နယ်ဒိုရဲ့လုပ်ခကြောင့်ခေါ်ယူရေးအတွက်အတားအဆီးဖြစ်လာနိုင်ကြောင်းဆိုသွားပါတယ်။
တကယ်လို့များဘိုင်ယန်မြူးနစ်သို့ပြောင်းဖြစ်လာမည်ဆိုပါကခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့် ချန်ပီယံလိဂ်ကစားခွင့်ရလာမယ့်အပြင်ထိပ်တန်းလိဂ်မှာလည်းကစားနိုင်ဦးမှာဖြစ်ပါတယ်။
ZawGyi
ဘိုင္ယန္ျမဴးနစ္သို႔ ခရစၥတီယာႏိုေရာ္နယ္ဒို ေျပာင္းေ႐ႊ႕ေရးအတြက္ စူပါေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ေဆြးေႏြးထားၿပီးျဖစ္
ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္စူပါေအးဂ်င့္ေဂ်ာ့မန္ဒက္စ္တို႔ဟာၿပီးခဲ့တဲ့အပတ္တုန္းက လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းေ႐ႊ႕ေရးအတြက္ေဆြးေႏြးမႈျပဳလုပ္ခဲ့ၾကေၾကာင္းသိရပါတယ္။
Ballon d’Or ငါးႀကိမ္ရခရစၥတီယာႏိုေရာ္နယ္ဒိုဟာပီယာ့စ္ေမာ္ဂန္ႏွင့္ျပဳလုပ္တဲ့ အျငင္းပြားဖြယ္အင္တာဗ်ဴးတြင္ယူႏိုက္တက္၊ဂေလဇာမိသားစုႏွင့္နည္းျပအဲရစ္တန္ဟက္တို႔ကိုေဝဖန္မႈျပဳလုပ္ထားပါတယ္။
ဒါ့အျပင္မိနစ္၉၀ၾကာျမင့္တဲ့ယင္းအင္တာဗ်ဴးတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကစားေဖာ္ေဟာင္းဝိန္း႐ြန္းနီႏွင့္ဂယ္ရီနဗီးတို႔ကိုေဝဖန္ထားပါတယ္။
ယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးအျပည့္အစုံ ျပသလာမယ့္ဗုဒၶဟူးေန႔ႏွင့္ၾကာသပေတးေန႔အထိေစာင့္ဆိုင္းၿပီးမွ အေျခအေနအရပ္ရပ္ကိုဆုံးျဖတ္သြားပါမယ္။
ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ယူႏိုက္တက္သို႔ျပန္လာဖို႔မရွိေတာ့သလို ယူႏိုက္တက္ဘက္ကလည္းစာခ်ဳပ္ဖ်က္သိမ္းေရးလုပ္ေဆာင္လာဖို႔ရွိေနပါတယ္။
ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုကတည္းကဇန္နဝါရီတြင္အသင္းေျပာင္းေရးအတြက္ကလပ္သစ္ရွာေဖြေနၿပီျဖစ္ပါတယ္။ Daily Mail ရဲ႕ေဖာ္ျပလာမႈအရ ဘိုင္ယန္ျမဴးနစ္တာဝန္ရွိသူမ်ားဟာၿပီးခဲ့တဲ့အပတ္တုန္းကအဂၤလန္သို႔လာေရာက္ကာခရစၥတီယာႏိုေရာ္နယ္ဒိုအျပင္ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ႏွင့္လည္းေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေႏြရာသီကတည္းကခ်န္ပီယံလိဂ္ကစားလိုမႈႏွင့္အတူထြက္ခြာရန္ႀကိဳးပမ္းခဲ့ျခင္းျဖစ္ေပမဲ့ကလပ္သစ္ရွာမရမႈႏွင့္အတူ ယူႏိုက္တက္တြင္ဆက္ကစားခဲ့ရသူျဖစ္ပါတယ္။
ထိုစဥ္တုန္းကဘိုင္ယန္ျမဴးနစ္စီအီးအိုအိုလီဗာခန္းကခရစၥတီယာႏိုေရာ္နယ္ဒိုအားေခၚယူေရးမွာကလပ္ရဲ႕ဖီေလာ္ဆိုဖီႏွင့္ကိုက္ညီျခင္းမရွိေၾကာင္းဆိုခဲ့ဖူးပါတယ္။ဒါေပမဲ့နည္းျပနာဂ်ယ္မန္းကေတာ့ေရာ္နယ္ဒိုရဲ႕လုပ္ခေၾကာင့္ေခၚယူေရးအတြက္အတားအဆီးျဖစ္လာႏိုင္ေၾကာင္းဆိုသြားပါတယ္။
တကယ္လို႔မ်ားဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းျဖစ္လာမည္ဆိုပါကခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္ ခ်န္ပီယံလိဂ္ကစားခြင့္ရလာမယ့္အျပင္ထိပ္တန္းလိဂ္မွာလည္းကစားႏိုင္ဦးမွာျဖစ္ပါတယ္။