ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ရေး အပြီးသတ်ရန် မြူးနစ်သို့ ဒီလက်ရောက်ရှိနေပြီ

မားသီးယပ်စ်ဒီလက်ဟာဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့ရေးအပြီးသတ်ရန်အတွက်မြူးနစ်သို့ရောက်ရှိနေပြီဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိဂျူဗင်တပ်ဗဟိုနောက်ခံလူဟာဂျူဗင်တပ်နှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုအဆုံးသတ်သွားပြီးနောက်ချဲလ်ဆီးရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့ဘိုင်ယန်မြူးနစ်က ဒတ်ချ်လက်ရွေးစင်နောက်ခံလူကိုခေါ်ယူရေး အမြဲတမ်းရေပန်းအစားဆုံးဖြစ်နေခဲ့ပြီးပေါင်၆၈သန်းဝန်းကျင်ဖြင့်သဘောတူညီမှုရရှိသွားပြီလို့ယုံကြည်ရပါတယ်။

ယခုအခါပေါလ်ပေါ့ဘာရဲ့ဂျူဗင်တပ်အပြောင်းအရွှေ့ဖြစ်မြောက်အောင်လုပ်ဆောင်ခဲ့တဲ့ ဒီလက်ရဲ့အေးဂျင့်ရာဖီလာပီမန်တာကဒတ်ချ်နောက်ခံလူရဲ့ဘိုင်ယန်မြူးနစ်အပြောင်းအရွှေ့မှာမကြာခင်အဆုံးသတ်လာမယ်လို့ဆိုလာပါတယ်။

ပီမန်တာက “ဒီလက်ရဲ့ဘိုင်ယန်အပြောင်းအရွှေ့ကမကြာခင်အပြီးသတ်ပါမယ်။ဂျူဗင်တပ်ကိုကျေးဇူးတင်ရပါမယ်။သူတို့ဟာလည်းမားသီးယပ်စ်၊ပေါ့ဘာတို့နဲ့ကြီးကျယ်ခမ်းနားခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာဒီလက်ကိုလည်းဘိုင်ယန်မြူးနစ်သို့လက်လွှတ်လိုက်ရမှုနဲ့အတူ ဆီဗီလာနောက်ခံလူခွန်ဒီကိုခေါ်ယူရေးအားစိုက်လုပ်ဆောင်လာဖို့ရှိနေပါတယ်။

ZawGyi

ဘိုင္ယန္ျမဴးနစ္သို႔ ေျပာင္းေ႐ႊ႕ေရး အၿပီးသတ္ရန္ ျမဴးနစ္သို႔ ဒီလက္ေရာက္ရွိေနၿပီ

မားသီးယပ္စ္ဒီလက္ဟာဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းေ႐ႊ႕ေရးအၿပီးသတ္ရန္အတြက္ျမဴးနစ္သို႔ေရာက္ရွိေနၿပီျဖစ္ပါတယ္။

အသက္၂၂ႏွစ္ရွိဂ်ဴဗင္တပ္ဗဟိုေနာက္ခံလူဟာဂ်ဴဗင္တပ္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈအဆုံးသတ္သြားၿပီးေနာက္ခ်ဲလ္ဆီးရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရပါတယ္။

ဒါေပမဲ့ဘိုင္ယန္ျမဴးနစ္က ဒတ္ခ်္လက္ေ႐ြးစင္ေနာက္ခံလူကိုေခၚယူေရး အၿမဲတမ္းေရပန္းအစားဆုံးျဖစ္ေနခဲ့ၿပီးေပါင္၆၈သန္းဝန္းက်င္ျဖင့္သေဘာတူညီမႈရရွိသြားၿပီလို႔ယုံၾကည္ရပါတယ္။

ယခုအခါေပါလ္ေပါ့ဘာရဲ႕ဂ်ဴဗင္တပ္အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ေအာင္လုပ္ေဆာင္ခဲ့တဲ့ ဒီလက္ရဲ႕ေအးဂ်င့္ရာဖီလာပီမန္တာကဒတ္ခ်္ေနာက္ခံလူရဲ႕ဘိုင္ယန္ျမဴးနစ္အေျပာင္းအေ႐ႊ႕မွာမၾကာခင္အဆုံးသတ္လာမယ္လို႔ဆိုလာပါတယ္။

ပီမန္တာက “ဒီလက္ရဲ႕ဘိုင္ယန္အေျပာင္းအေ႐ႊ႕ကမၾကာခင္အၿပီးသတ္ပါမယ္။ဂ်ဴဗင္တပ္ကိုေက်းဇူးတင္ရပါမယ္။သူတို႔ဟာလည္းမားသီးယပ္စ္၊ေပါ့ဘာတို႔နဲ႔ႀကီးက်ယ္ခမ္းနားခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးဟာဒီလက္ကိုလည္းဘိုင္ယန္ျမဴးနစ္သို႔လက္လႊတ္လိုက္ရမႈနဲ႔အတူ ဆီဗီလာေနာက္ခံလူခြန္ဒီကိုေခၚယူေရးအားစိုက္လုပ္ေဆာင္လာဖို႔ရွိေနပါတယ္။