
ဂျာအိုကန်စီလိုဟာဘိုင်ယန်မြူးနစ်အတွက်ပထမဆုံးကစားတဲ့ပွဲမှာဘဲအချိန်မဖြုန်းတီးဘဲပထမဆုံးဖန်တီးမှုပြုလုပ်ကာခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ကန်စီလိုဟာနည်းပြဂွါဒီယိုလာနှင့်အဆင်မပြေမှုကြောင့်မန်စီးတီးမှဘိုင်ယန်မြူးနစ်သို့ရာသီအကုန်အထိအငှားဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
သူဟာဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့ပြီးတစ်ရက်အကြာမှာဘဲ ဗုဒ္ဓဟူးနေ့တုန်းကမိန့်ဇ်နှင့်ကစားတဲ့ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှာပထမဆုံးပွဲအဖြစ်ပွဲထွက်ကစားခဲ့ပါတယ်။
သူဟာဘိုင်ယန်အတွက်စတင်ကစားပြီး၁၇မိနစ်အကြာမှာဘဲအဲရစ်မာဇမ်ချူပိုမိုတင်း ဂိုးသွင်းနိုင်ဖို့အတွက်လှပတဲ့ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ဟာညာတောင်ပံတွင်ဘောလုံးရရှိပြီးနောက်လှပတိကျတဲ့ဖြတ်တင်ဘောပြုလုပ်ခဲ့ပြီးချူပိုမိုတင်းကပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာဂျာမယ်မူစီယာလာ၊လီရွိုင်းဆာနေး၊အယ်ဖွန်ဆိုဒါးဗီးစ်တို့ဂိုးထပ်မံသွင်းယူခဲ့လို့၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
တကယ်လို့များကန်စီလိုသာလာမယ့်ပွဲများမှာလည်းခြေစွမ်းပြကစားနိုင်မယ်ဆိုရင်နွေရာသီမှာပေါင်၆၁.၅သန်းဖြင့်ဘိုင်ယန်မြူးနစ်သို့အပြီးသတ်ပြောင်းရွှေ့လာဖို့ရှိနေပါတယ်။
ZawGyi
ဘိုင္ယန္ျမဴးနစ္အတြက္ စတင္ကစားတဲ့ ၁၇ မိနစ္မွာပဲ လွပတဲ့ ဖန္တီးမႈ ျပဳလုပ္ႏိုင္ခဲ့တဲ့ ကန္စီလို
ဂ်ာအိုကန္စီလိုဟာဘိုင္ယန္ျမဴးနစ္အတြက္ပထမဆုံးကစားတဲ့ပြဲမွာဘဲအခ်ိန္မျဖဳန္းတီးဘဲပထမဆုံးဖန္တီးမႈျပဳလုပ္ကာေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
ကန္စီလိုဟာနည္းျပဂြါဒီယိုလာႏွင့္အဆင္မေျပမႈေၾကာင့္မန္စီးတီးမွဘိုင္ယန္ျမဴးနစ္သို႔ရာသီအကုန္အထိအငွားျဖင့္ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။
သူဟာဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းေ႐ႊ႕ၿပီးတစ္ရက္အၾကာမွာဘဲ ဗုဒၶဟူးေန႔တုန္းကမိန႔္ဇ္ႏွင့္ကစားတဲ့ဂ်ာမန္ပိုကယ္ဖလားၿပိဳင္ပြဲမွာပထမဆုံးပြဲအျဖစ္ပြဲထြက္ကစားခဲ့ပါတယ္။
သူဟာဘိုင္ယန္အတြက္စတင္ကစားၿပီး၁၇မိနစ္အၾကာမွာဘဲအဲရစ္မာဇမ္ခ်ဴပိုမိုတင္း ဂိုးသြင္းႏိုင္ဖို႔အတြက္လွပတဲ့ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။
ေပၚတူဂီလက္ေ႐ြးစင္ဟာညာေတာင္ပံတြင္ေဘာလုံးရရွိၿပီးေနာက္လွပတိက်တဲ့ျဖတ္တင္ေဘာျပဳလုပ္ခဲ့ၿပီးခ်ဴပိုမိုတင္းကပိတ္သြင္းခဲ့တာျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာဂ်ာမယ္မူစီယာလာ၊လီ႐ြိဳင္းဆာေနး၊အယ္ဖြန္ဆိုဒါးဗီးစ္တို႔ဂိုးထပ္မံသြင္းယူခဲ့လို႔၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
တကယ္လို႔မ်ားကန္စီလိုသာလာမယ့္ပြဲမ်ားမွာလည္းေျခစြမ္းျပကစားႏိုင္မယ္ဆိုရင္ေႏြရာသီမွာေပါင္၆၁.၅သန္းျဖင့္ဘိုင္ယန္ျမဴးနစ္သို႔အၿပီးသတ္ေျပာင္းေ႐ႊ႕လာဖို႔ရွိေနပါတယ္။