ဘိုင်ယန်မှထွက်ခွာနိုင်ကြောင်း အရိပ်အမြွက်ဆိုလာတဲ့ ချဲလ်ဆီးပစ်မှတ်လီဝန်ဒေါ့စကီး

ရောဘတ်လီဝန်ဒေါ့စကီးက၎င်းမှာယဉ်ကျေးမှုသစ်များကိုသင်ယူလေ့လာလိုမှုနဲ့အတူဘိုင်ယန်မြူးနစ်မှထွက်ခွာနိုင်ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ပိုလန်တိုက်စစ်မှူးဟာဂျာမနီတွင်၁၁နှစ်ကြာကစားလာခဲ့သူဖြစ်ပြီးဘိုင်ယန်မြူးနစ်တွင်၇နှစ်၊ဒေါ့မွန်တွင်၄နှစ်ကစားလာခဲ့ကာယခုအခါနေရာသစ်တစ်ခုသို့ပြောင်းရန်စိတ်ဝင်စားနေပြီဖြစ်ပါတယ်။

အသက်၃၂နှစ်ရှိလီဝန်ဒေါ့စကီးကိုချဲလ်ဆီး၊ဘာစီလိုနာ၊ပီအက်စ်ဂျီတို့ကခေါ်ယူရန်စိတ်ဝင်စားနေပြီးပြီးခဲ့တဲ့လတုန်းကချဲလ်ဆီးကတရားဝင်ဆက်သွယ်မှုပြုလုပ်ခဲ့ကြောင်းသတင်းထွက်ခဲ့ပါတယ်။

ယခုအခါလီဝန်ဒေါ့စကီးက “ကျွန်တော်ကတော့စိတ်ကိုဖွင့်ထားပါတယ်။ဘိုင်ယန်မှာအားလုံးအဆင်ပြေပါတယ်။မြို့ကလည်းအရမ်းကောင်းတယ်။ကလပ်ကလည်းကြီးကျယ်တဲ့ကလပ်တစ်ခုပါ။ကျွန်တော်ကဘာသာစကားသစ်၊ယဉ်ကျေးမှုသစ်တွေကိုသင်ယူလေ့လာရတာဝါသနာပါပါတယ်။ဘောလုံးကစားနေရင်းသင်ယူနိုင်မလား၊ကစားသမားကုန်တော့မှလုပ်ရမလားမသိသေးပါဘူး”လို့ပြောကြားသွားပါတယ်။

လီဝန်ဒေါ့စကီးဟာ၂၀၂၀-၂၁ဘောလုံးရာသီတုန်းကဘွန်ဒက်စ်လီဂါတွင်၄၁ဂိုးအထိသွင်းယူထားနိုင်ပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာချန်ပီယံလိဂ်ချန်ပီယံဖြစ်ပြီးနောက်ကစားသမား၂ဦး(သို့မဟုတ်)၃ဦးအားဖြည့်ရန်စီစဉ်ထားပါတယ်။

ZawGyi

ဘိုင္ယန္မွထြက္ခြာႏိုင္ေၾကာင္း အရိပ္အႁမြက္ဆိုလာတဲ့ ခ်ဲလ္ဆီးပစ္မွတ္လီဝန္ေဒါ့စကီး

ေရာဘတ္လီဝန္ေဒါ့စကီးက၎မွာယဥ္ေက်းမႈသစ္မ်ားကိုသင္ယူေလ့လာလိုမႈနဲ႔အတူဘိုင္ယန္ျမဴးနစ္မွထြက္ခြာႏိုင္ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ပိုလန္တိုက္စစ္မႉးဟာဂ်ာမနီတြင္၁၁ႏွစ္ၾကာကစားလာခဲ့သူျဖစ္ၿပီးဘိုင္ယန္ျမဴးနစ္တြင္၇ႏွစ္၊ေဒါ့မြန္တြင္၄ႏွစ္ကစားလာခဲ့ကာယခုအခါေနရာသစ္တစ္ခုသို႔ေျပာင္းရန္စိတ္ဝင္စားေနၿပီျဖစ္ပါတယ္။

အသက္၃၂ႏွစ္ရွိလီဝန္ေဒါ့စကီးကိုခ်ဲလ္ဆီး၊ဘာစီလိုနာ၊ပီအက္စ္ဂ်ီတို႔ကေခၚယူရန္စိတ္ဝင္စားေနၿပီးၿပီးခဲ့တဲ့လတုန္းကခ်ဲလ္ဆီးကတရားဝင္ဆက္သြယ္မႈျပဳလုပ္ခဲ့ေၾကာင္းသတင္းထြက္ခဲ့ပါတယ္။

ယခုအခါလီဝန္ေဒါ့စကီးက “ကြၽန္ေတာ္ကေတာ့စိတ္ကိုဖြင့္ထားပါတယ္။ဘိုင္ယန္မွာအားလုံးအဆင္ေျပပါတယ္။ၿမိဳ႕ကလည္းအရမ္းေကာင္းတယ္။ကလပ္ကလည္းႀကီးက်ယ္တဲ့ကလပ္တစ္ခုပါ။ကြၽန္ေတာ္ကဘာသာစကားသစ္၊ယဥ္ေက်းမႈသစ္ေတြကိုသင္ယူေလ့လာရတာဝါသနာပါပါတယ္။ေဘာလုံးကစားေနရင္းသင္ယူႏိုင္မလား၊ကစားသမားကုန္ေတာ့မွလုပ္ရမလားမသိေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

လီဝန္ေဒါ့စကီးဟာ၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကဘြန္ဒက္စ္လီဂါတြင္၄၁ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ၿပီးေနာက္ကစားသမား၂ဦး(သို႔မဟုတ္)၃ဦးအားျဖည့္ရန္စီစဥ္ထားပါတယ္။