ဘိုင်ယန်ရှုံးပွဲအတွက် ဒဏ်ရာပြဿနာများအပေါ် ဘာစီလိုနာနည်းပြအပြစ်ဖို့

ရော်နယ်ကိုးမန်းကဘိုင်ယန်မြူးနစ်အား၃-၀ဂိုးရှုံးနိမ့်ပြီးနောက်ဒဏ်ရာပြဿနာများကြုံရကာကစားသမားရွေးချယ်နိုင်ခွင့်နည်းပါးမှုအပေါ်အပြစ်ဖို့တင်လိုက်ပါတယ်။

ဘာစီလိုနာဟာမနေ့ညတုန်းကမက်ဆီခေတ်အလွန်ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်အဖြစ်ဘိုင်ယန်မြူးနစ်ကိုနူးကမ့်တွင်ဧည့်ခံကစားခဲ့ပြီး၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက်အနိုင်ဂိုးများကိုသောမတ်စ်မူလာက၁ဂိုးနှင့်ရောဘတ်လီဝန်ဒေါ့စကီးက၂ဂိုးအသီးသီးသွင်းယူခဲ့ကြပါတယ်။

ကိုးမန်းက “တိုက်စစ်သမားသုံးဦးဘဲရွေးစရာရှိပါတယ်။ကျွန်တော်တို့လည်းပိုကောင်းတဲ့အသင်းနဲ့ဘဲရင်ဆိုင်ချင်ပါတယ်။အသင်းလိုက်အနေနဲ့ဆိုရင်သူတို့(ဘိုင်ယန်)နဲ့အရည်အသွေးပိုင်းကွာခြားပါတယ်။အရန်ခုံမှာလည်းအရမ်းကွဲပြားမှုရှိပါတယ်။ကျွန်တော်တို့မှာကြီးမားတဲ့အနာဂတ်ပိုင်ဆိုင်တဲ့ကစားသမားအများကြီးရှိပါတယ်။ဒါမေပယ့်အခုအချိန်မှာဒဏ်ရာရကစားသမားတွေပြန်ကောင်းမွန်လာဖို့လိုနေပါတယ်”လို့ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာလာမယ့်တနင်္လာနေ့မှာဂရန်နာဒါအားအိမ်ကွင်းမှာဧည့်ခံကစားရပါမယ်။

ZawGyi

ဘိုင္ယန္ရႈံးပြဲအတြက္ ဒဏ္ရာျပႆနာမ်ားအေပၚ ဘာစီလိုနာနည္းျပအျပစ္ဖို႔

ေရာ္နယ္ကိုးမန္းကဘိုင္ယန္ျမဴးနစ္အား၃-၀ဂိုးရႈံးနိမ့္ၿပီးေနာက္ဒဏ္ရာျပႆနာမ်ားႀကဳံရကာကစားသမားေ႐ြးခ်ယ္ႏိုင္ခြင့္နည္းပါးမႈအေပၚအျပစ္ဖို႔တင္လိုက္ပါတယ္။

ဘာစီလိုနာဟာမေန႔ညတုန္းကမက္ဆီေခတ္အလြန္ပထမဆုံးခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ဘိုင္ယန္ျမဴးနစ္ကိုႏူးကမ့္တြင္ဧည့္ခံကစားခဲ့ၿပီး၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အတြက္အႏိုင္ဂိုးမ်ားကိုေသာမတ္စ္မူလာက၁ဂိုးႏွင့္ေရာဘတ္လီဝန္ေဒါ့စကီးက၂ဂိုးအသီးသီးသြင္းယူခဲ့ၾကပါတယ္။

ကိုးမန္းက “တိုက္စစ္သမားသုံးဦးဘဲေ႐ြးစရာရွိပါတယ္။ကြၽန္ေတာ္တို႔လည္းပိုေကာင္းတဲ့အသင္းနဲ႔ဘဲရင္ဆိုင္ခ်င္ပါတယ္။အသင္းလိုက္အေနနဲ႔ဆိုရင္သူတို႔(ဘိုင္ယန္)နဲ႔အရည္အေသြးပိုင္းကြာျခားပါတယ္။အရန္ခုံမွာလည္းအရမ္းကြဲျပားမႈရွိပါတယ္။ကြၽန္ေတာ္တို႔မွာႀကီးမားတဲ့အနာဂတ္ပိုင္ဆိုင္တဲ့ကစားသမားအမ်ားႀကီးရွိပါတယ္။ဒါေမပယ့္အခုအခ်ိန္မွာဒဏ္ရာရကစားသမားေတြျပန္ေကာင္းမြန္လာဖို႔လိုေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘာစီလိုနာဟာလာမယ့္တနလၤာေန႔မွာဂရန္နာဒါအားအိမ္ကြင္းမွာဧည့္ခံကစားရပါမယ္။