ဘိုင်ယန်သို့ ပြောင်းပြီးနောက် ဂွါဒီယိုလာနှင့်ဆက်ဆံရေးအပေါ် ကန်စီလိုရင်ဖွင့်လာ

ဂျာအိုကန်စီလိုဟာမန်စီးတီးမှထွက်ခွာကာဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့ပြီးနောက်နှုတ်ဆိတ်လာခြင်းမရှိတော့ပါဘူး။

ပေါ်တူဂီနောက်ခံလူဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်မန်စီးတီးမှဘိုင်ယန်မြူးနစ်သို့အငှားဖြင့်အံ့ဩသင့်ဖွယ်ပြောင်းရွှေ့ခဲ့ပါတယ်။

ကန်စီလိုဟာကမ္ဘာ့ဖလားပြိုင်ပွဲမှပြန်ရောက်လာပြီးနောက်ပိုင်းတွင် မန်စီးတီးတွင်နေရာမရရှိမှုကြောင့်နည်းပြဂွါဒီယိုလာနှင့်အကြီးအကျယ်ပြဿနာတက်ပြီးနောက်ထွက်ခွာရန်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ကန်စီလိုဟာဘိုင်ယန်သို့ရာသီအကုန်အထိအငှားဖြင့်ပြောင်းခဲ့တယ်ဆိုပေမဲ့သူ့စာချုပ်အတွင်းတွင်ပေါင်၆၁သန်းဖြင့်အပြီးသတ်ခေါ်ယူနိုင်မဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။

ဒါပေမဲ့ပေါ်တူဂီလက်ရွေးစင်ကစားသမားကသူ့ရဲ့ဘိုင်ယန်မြူးနစ်သို့အပြောင်းအရွှေ့မှာလက်ရှိပြဿနာကိုကာလတိုဖြေရှင်းရန်အတွက်သာဖြစ်ပြီးအပြီးသတ်ပြောင်းရွှေ့လာဖို့မရှိကြောင်းအရိပ်အမြွက်ဆိုလာပါတယ်။

ကန်စီလိုက “အင်စတာဂရမ်ကဒီဗီဒီယိုကနှုတ်ဆက်တာနဲ့တူကောင်းတူပါလိမ့်မယ်။ဒါပေမဲ့လုံးဝလမ်းခွဲတာမဟုတ်ပါဘူး။နောက်ငါးလအကြာမှာဘာဖြစ်လာမလဲကြည့်ရပါမယ်။ခေါင်းရှင်းသွားအောင်လို့ဒီကိုရောက်လာတာပါ။ရာသီအကုန်ကျမှထပ်စကားပြောပါမယ်။အခုအချိန်အထိကျွန်တော်ကမန်စီးတီးစာချုပ်အောက်မှာရှိနေတုန်းပါ။ကလပ်ကနေအပြီးသတ်ထွက်ခွာတာမဟုတ်ပါဘူး။ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာပွဲကစားချိန်သိပ်မရမှုကကျွန်တော့်ဆုံးဖြတ်ချက်မှာအရေးပါခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

ကန်စီလိုဟာကမ္ဘာ့ဖလားနောက်ပိုင်းတွင်မန်စီးတီးရဲ့၁၀ပွဲတွင်၃ပွဲတည်းသာပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

ဂွါဒီယိုလာဟာနည်းဗျူဟာပိုင်းအပြောင်းအလဲလုပ်လိုက်မှုနဲ့အတူ ရီကိုလူးဝစ်ကိုဦးစားပေးဘယ်နောက်ခံလူအဖြစ်အသုံးပြုကာကန်စီလိုကိုအရန်ခုံမှာထိုင်ခိုင်းထားပါတယ်။

ZawGyi

ဘိုင္ယန္သို႔ ေျပာင္းၿပီးေနာက္ ဂြါဒီယိုလာႏွင့္ဆက္ဆံေရးအေပၚ ကန္စီလိုရင္ဖြင့္လာ

ဂ်ာအိုကန္စီလိုဟာမန္စီးတီးမွထြက္ခြာကာဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းေ႐ႊ႕ၿပီးေနာက္ႏႈတ္ဆိတ္လာျခင္းမရွိေတာ့ပါဘူး။

ေပၚတူဂီေနာက္ခံလူဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္မန္စီးတီးမွဘိုင္ယန္ျမဴးနစ္သို႔အငွားျဖင့္အံ့ဩသင့္ဖြယ္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ကန္စီလိုဟာကမာၻ႔ဖလားၿပိဳင္ပြဲမွျပန္ေရာက္လာၿပီးေနာက္ပိုင္းတြင္ မန္စီးတီးတြင္ေနရာမရရွိမႈေၾကာင့္နည္းျပဂြါဒီယိုလာႏွင့္အႀကီးအက်ယ္ျပႆနာတက္ၿပီးေနာက္ထြက္ခြာရန္ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

ကန္စီလိုဟာဘိုင္ယန္သို႔ရာသီအကုန္အထိအငွားျဖင့္ေျပာင္းခဲ့တယ္ဆိုေပမဲ့သူ႔စာခ်ဳပ္အတြင္းတြင္ေပါင္၆၁သန္းျဖင့္အၿပီးသတ္ေခၚယူႏိုင္မဲ့အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဒါေပမဲ့ေပၚတူဂီလက္ေ႐ြးစင္ကစားသမားကသူ႔ရဲ႕ဘိုင္ယန္ျမဴးနစ္သို႔အေျပာင္းအေ႐ႊ႕မွာလက္ရွိျပႆနာကိုကာလတိုေျဖရွင္းရန္အတြက္သာျဖစ္ၿပီးအၿပီးသတ္ေျပာင္းေ႐ႊ႕လာဖို႔မရွိေၾကာင္းအရိပ္အႁမြက္ဆိုလာပါတယ္။

ကန္စီလိုက “အင္စတာဂရမ္ကဒီဗီဒီယိုကႏႈတ္ဆက္တာနဲ႔တူေကာင္းတူပါလိမ့္မယ္။ဒါေပမဲ့လုံးဝလမ္းခြဲတာမဟုတ္ပါဘူး။ေနာက္ငါးလအၾကာမွာဘာျဖစ္လာမလဲၾကည့္ရပါမယ္။ေခါင္းရွင္းသြားေအာင္လို႔ဒီကိုေရာက္လာတာပါ။ရာသီအကုန္က်မွထပ္စကားေျပာပါမယ္။အခုအခ်ိန္အထိကြၽန္ေတာ္ကမန္စီးတီးစာခ်ဳပ္ေအာက္မွာရွိေနတုန္းပါ။ကလပ္ကေနအၿပီးသတ္ထြက္ခြာတာမဟုတ္ပါဘူး။ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာပြဲကစားခ်ိန္သိပ္မရမႈကကြၽန္ေတာ့္ဆုံးျဖတ္ခ်က္မွာအေရးပါခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ကန္စီလိုဟာကမာၻ႔ဖလားေနာက္ပိုင္းတြင္မန္စီးတီးရဲ႕၁၀ပြဲတြင္၃ပြဲတည္းသာပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။

ဂြါဒီယိုလာဟာနည္းဗ်ဴဟာပိုင္းအေျပာင္းအလဲလုပ္လိုက္မႈနဲ႔အတူ ရီကိုလူးဝစ္ကိုဦးစားေပးဘယ္ေနာက္ခံလူအျဖစ္အသုံးျပဳကာကန္စီလိုကိုအရန္ခုံမွာထိုင္ခိုင္းထားပါတယ္။