
ဂျာအိုကန်စီလိုဟာဘိုင်ယန်မြူးနစ်အသင်းနှင့်စိတ်ပျက်စရာများနှင့်ကြုံနေရကြောင်းသိရပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကမန်စီးတီးမှဘိုင်ယန်မြူးနစ်သို့မထင်မှတ်ဘဲအငှားဖြင့်ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။
အသက်၂၈နှစ်ရှိကန်စီလိုဟာမန်စီးတီးတွင်နေရာရရှိရန်ရုန်းကန်နေရမှုကြောင့်နည်းပြဂွါဒီယိုလာနှင့်အချင်းမှုနှင့်အတူဘိုင်ယန်သို့ပြောင်းခဲ့တာဖြစ်ပါတယ်။သူဟာဘိုင်ယန်မြူးနစ်အတွက်၆ပွဲကစားထားပါတယ်။
သူဟာပြီးခဲ့တဲ့အပတ်တုန်းကစတုဂတ်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာနည်းပြနာဂျယ်မန်းရဲ့အရန်ခုံသို့ပို့ခြင်းခံခဲ့ရပါတယ်။ဒါ့အပြင်သူဟာဗုဒ္ဓဟူးနေ့တွင်ပီအက်စ်ဂျီနှင့်ရင်ဆိုင်ကစားရမဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်တွင်လည်းအရန်ခုံသို့အပို့ခံရမှာဖြစ်ကြောင်းသိရပါတယ်။
Sky Sports ကနာဂျယ်မန်းဟာကန်စီလိုကိုအရန်ခုံသို့ပို့ပြီးအကယ်ဒမီထွက်ဂျိုဆစ်ပ်စတာနီဆစ်ကိုအသုံးပြုလာမှာဖြစ်ကြောင်းဖော်ပြသွားပါတယ်။
နာဂျယ်မန်းကသူ့ရဲ့နောက်တန်းသုံးယောက်စနစ်တွင်စတာနီဆစ်ကပိုမိုအံဝင်သည်လို့ယုံကြည်ကာကန်စီလိုကိုအရန်ခုံသို့ပို့လာမှာလည်းဖြစ်ပါတယ်။
တဖက်တွင်ကန်စီလိုအတွက်ဘယ်တောင်ပံခံစစ်နေရာမှာလည်းအခွင့်အရေးမရှိပါဘူး။လက်ရှိအချိန်တွင်အယ်ဖွန်ဆိုဒါးဗီးစ်နှင့်ကင်စလေကိုးမန်းတို့မှာခြေစွမ်းပြနေပါတယ်။
ဒါကြောင့်လည်းကန်စီလိုဟာဘိုင်ယန်မြူးနစ်မှာစိတ်ပျက်မှုနေကြောင်းသိရပါတယ်။ဒါပေမဲ့သူဟာနေရာရရှိရေးအတွက်လက်မလျှော့ဘဲတိုက်ပွဲဝင်သွားဦးမှာဖြစ်ပါတယ်။
ZawGyi
ဘိုင်ယန်သို့ မထင်မှတ်ဘဲ အငှာဖြင့် ပြောင်းပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာဘဲ စိတ်ပျက်စရာ ကြုံနေရတဲ့ ကန်စီလို