ဘွန်ဒက်စ်လီဂါပထမဆုံးပွဲတွင် လှပတဲ့ဂိုးသွင်းနိုင်ရန် တိကျတဲ့ဖန်တီးမှုပြုလုပ်ပေးခဲ့တဲ့ ကန်စီလို

မန်စီးတီးမှအငှားဖြင့်ထွက်ကစားနေတဲ့ဂျာအိုကန်စီလိုဟာတနင်္ဂနွေနေ့တုန်းက ဘိုင်ယန်မြူးနစ်အတွက်နှစ်ပွဲမြောက်ပွဲကစားရာမှာဒုတိယမြောက်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

အသက်၂၈နှစ်ရှိပေါ်တူဂီလက်ရွေးစင်စတားဟာဂွါဒီယိုလာနှင့်ပြဿနာတက်ပြီးနောက်ဂျာမန်ကလပ်သို့ရာသီအကုန်အထိအငှားဖြင့်လာရောက်ကစားနေသူလည်းဖြစ်ပါတယ်။

ကန်စီလိုဟာအာဆင်နယ်နှင့်အက်ဖ်အေဖလားပွဲတွင်အရန်ခုံသို့အပို့ခံရပြီးနောက်လေ့ကျင့်ရေးကွင်းတွင်ဂွါဒီယိုလာနှင့်ပြဿနာတက်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာကြားရက်တုန်းကမိန့်ဇ်ကိုအနိုင်ရရှိတဲ့ဂျာမန်ပိုကယ်ဖလားပွဲတွင်ဘိုင်ယန်အတွက်ပထမဆုံးပွဲကစားခဲ့ရာမှာပထမဆုံးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

ယင်းနောက်သူဟာတနင်္ဂနွေနေ့တုန်းကဝုဖ်ဘတ်ကို၄-၂ဖြင့်အနိုင်ရတဲ့ပွဲမှာလည်းကင်စလေကိုးမန်း မြေမကျဘောကန်သွင်းနိုင်ရန်အတွက်တိကျလှပတဲ့ဖြတ်တင်ဘောပြုလုပ်ပေးခဲ့ပါတယ်။

မနေ့ညကပွဲတွင်ဘိုင်ယန်အတွက်ဂိုးများကိုကိုးမန်းက၂ဂိုးမူလာ၊မူစီယာလာတို့ကသွင်းယူခဲ့ပြီးဝုဖ်ဘတ်အတွက်ချေပဂိုး၂ဂိုးကိုကာမန်စကီးနှင့်ဆဗင်ဘတ်တို့ကသွင်းယူခဲ့ကြပါတယ်။

ZawGyi

ဘြန္ဒက္စ္လီဂါပထမဆုံးပြဲတြင္ လွပတဲ့ဂိုးသြင္းႏိုင္ရန္ တိက်တဲ့ဖန္တီးမႈျပဳလုပ္ေပးခဲ့တဲ့ ကန္စီလို

မန္စီးတီးမွအငွားျဖင့္ထြက္ကစားေနတဲ့ဂ်ာအိုကန္စီလိုဟာတနဂၤေႏြေန႔တုန္းက ဘိုင္ယန္ျမဴးနစ္အတြက္ႏွစ္ပြဲေျမာက္ပြဲကစားရာမွာဒုတိယေျမာက္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္စတားဟာဂြါဒီယိုလာႏွင့္ျပႆနာတက္ၿပီးေနာက္ဂ်ာမန္ကလပ္သို႔ရာသီအကုန္အထိအငွားျဖင့္လာေရာက္ကစားေနသူလည္းျဖစ္ပါတယ္။

ကန္စီလိုဟာအာဆင္နယ္ႏွင့္အက္ဖ္ေအဖလားပြဲတြင္အရန္ခုံသို႔အပို႔ခံရၿပီးေနာက္ေလ့က်င့္ေရးကြင္းတြင္ဂြါဒီယိုလာႏွင့္ျပႆနာတက္ခဲ့တာလည္းျဖစ္ပါတယ္။

သူဟာၾကားရက္တုန္းကမိန႔္ဇ္ကိုအႏိုင္ရရွိတဲ့ဂ်ာမန္ပိုကယ္ဖလားပြဲတြင္ဘိုင္ယန္အတြက္ပထမဆုံးပြဲကစားခဲ့ရာမွာပထမဆုံးဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ယင္းေနာက္သူဟာတနဂၤေႏြေန႔တုန္းကဝုဖ္ဘတ္ကို၄-၂ျဖင့္အႏိုင္ရတဲ့ပြဲမွာလည္းကင္စေလကိုးမန္း ေျမမက်ေဘာကန္သြင္းႏိုင္ရန္အတြက္တိက်လွပတဲ့ျဖတ္တင္ေဘာျပဳလုပ္ေပးခဲ့ပါတယ္။

မေန႔ညကပြဲတြင္ဘိုင္ယန္အတြက္ဂိုးမ်ားကိုကိုးမန္းက၂ဂိုးမူလာ၊မူစီယာလာတို႔ကသြင္းယူခဲ့ၿပီးဝုဖ္ဘတ္အတြက္ေခ်ပဂိုး၂ဂိုးကိုကာမန္စကီးႏွင့္ဆဗင္ဘတ္တို႔ကသြင္းယူခဲ့ၾကပါတယ္။