ဘိုင်ယန်နောက်ခံလူဘိုတန်းနှင့်ပြတ်ပြီးတစ်ပတ်အကြာမှာချစ်သူဟောင်းကိုတိုက်ခန်းတွင်သေလျက်တွေ့ရှိ

ဂျီရုမ်းဘိုတန်းနှင့်လမ်းခွဲကြောင်းကြောင်းကြေညာပြီးတစ်ပတ်အကြာမှာဘဲရည်းစားဟောင်းကိုတိုက်ခန်းတွင်သေဆုံးလျက်တွေ့ရှိရကြောင်းသိရပါတယ်။

ကာဆီယာလန်ဟတ်ကိုအင်္ဂါနေ့တုန်းကဘာလင်ရှိတိုက်ခန်းတွင်သေဆုံးနေကြောင်းရဲတပ်ဖွဲ့ကတွေ့ရှိခဲ့တာဖြစ်ပြီးအသတ်ခံရတာမျိုးမရှိကြောင်းတွေ့ရပါတယ်။

အသက်၂၅နှစ်ရှိလန်ဟတ်ဟာဘိုင်ယန်မြူးနစ်နောက်ခံလူဘိုတန်းနှင့်၁၅လကြာတွဲခဲ့သူလည်းဖြစ်ပါတယ်။ သူမရဲ့သေဆုံးမှုအတွက်သူငယ်ချင်းများကဆိုရှယ်မီဒီယာတွင်ဝမ်းနည်းကြောင်းရေးသားနေကြတာတွေ့ရပါတယ်။

သူငယ်ချင်းဖြစ်သူမော်ဒယ်ဆာရာကူလ်ကာက “ငြိမ်းချမ်းစွာအနားယူပါတော့။မင်းကအရမ်းအံ့ဩစရာ ကောင်းတဲ့သူပါ။မင်းကိုအရမ်းလွမ်းတယ်။မင်းကိုနူတ်ဆက်ခွင့်ရချင်တယ်။အခုငြိမ်းချမ်းရာအရပ်ကိုရှာတွေ့ဖို့မျှော်လင့်ပါတယ်။အမှန်တရားတွေထွက်ပေါ်လာဖို့မျှော်လင့်တယ်။မင်းဘယ်လောက်အထိဖြစ်ချင်ခဲ့တယ်ဆိုတာငါသိတယ်”ဆိုပြီးအင်စတာဂရမ်မှာရေးသားသွားပါတယ်။

ယခုလအစောပိုင်းတုန်းကဘိုတန်းဟာကာဆီယာလန်ဟတ်ကိုလမ်းခွဲလိုက်ကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။

ZawGyi

ဘိုင္ယန္ေနာက္ခံလူဘိုတန္းႏွင့္ျပတ္ၿပီးတစ္ပတ္အၾကာမွာခ်စ္သူေဟာင္းကိုတိုက္ခန္းတြင္ေသလ်က္ေတြ႕ရွိ

ဂ်ီ႐ုမ္းဘိုတန္းႏွင့္လမ္းခြဲေၾကာင္းေၾကာင္းေၾကညာၿပီးတစ္ပတ္အၾကာမွာဘဲရည္းစားေဟာင္းကိုတိုက္ခန္းတြင္ေသဆုံးလ်က္ေတြ႕ရွိရေၾကာင္းသိရပါတယ္။

ကာဆီယာလန္ဟတ္ကိုအဂၤါေန႔တုန္းကဘာလင္ရွိတိုက္ခန္းတြင္ေသဆုံးေနေၾကာင္းရဲတပ္ဖြဲ႕ကေတြ႕ရွိခဲ့တာျဖစ္ၿပီးအသတ္ခံရတာမ်ိဳးမရွိေၾကာင္းေတြ႕ရပါတယ္။

အသက္၂၅ႏွစ္ရွိလန္ဟတ္ဟာဘိုင္ယန္ျမဴးနစ္ေနာက္ခံလူဘိုတန္းႏွင့္၁၅လၾကာတြဲခဲ့သူလည္းျဖစ္ပါတယ္။ သူမရဲ႕ေသဆုံးမႈအတြက္သူငယ္ခ်င္းမ်ားကဆိုရွယ္မီဒီယာတြင္ဝမ္းနည္းေၾကာင္းေရးသားေနၾကတာေတြ႕ရပါတယ္။

သူငယ္ခ်င္းျဖစ္သူေမာ္ဒယ္ဆာရာကူလ္ကာက “ၿငိမ္းခ်မ္းစြာအနားယူပါေတာ့။မင္းကအရမ္းအံ့ဩစရာ ေကာင္းတဲ့သူပါ။မင္းကိုအရမ္းလြမ္းတယ္။မင္းကိုႏူတ္ဆက္ခြင့္ရခ်င္တယ္။အခုၿငိမ္းခ်မ္းရာအရပ္ကိုရွာေတြ႕ဖို႔ေမွ်ာ္လင့္ပါတယ္။အမွန္တရားေတြထြက္ေပၚလာဖို႔ေမွ်ာ္လင့္တယ္။မင္းဘယ္ေလာက္အထိျဖစ္ခ်င္ခဲ့တယ္ဆိုတာငါသိတယ္”ဆိုၿပီးအင္စတာဂရမ္မွာေရးသားသြားပါတယ္။

ယခုလအေစာပိုင္းတုန္းကဘိုတန္းဟာကာဆီယာလန္ဟတ္ကိုလမ္းခြဲလိုက္ေၾကာင္းတရားဝင္ေၾကညာခဲ့ပါတယ္။