ဘီကီနီနဲ့ဆို အားလုံးပါးစပ်အဟောင်းသားဖြစ်စေတဲ့ အလှမျိုးပိုင်ဆိုင်ထားတဲ့ အာဆင်နယ်စတားသစ်ဗီအဲရာရဲ့ချစ်သူကာရီနာ

အာဆင်နယ်စတားသစ်ဖေဘီယိုဗီအဲရာအတွက်ယခုနွေရာသီကစိတ်လှုပ်ရှားမှုတွေပြည့်နှက်နေတဲ့နွေရာသီပါ။

အသက်၂၂နှစ်ရှိပေါ်တူဂီကွင်းလယ်ဖန်တီးရှင်ဟာပေါ်တိုကနေအာဆင်နယ်သို့ပေါင်၃၅သန်းဖြင့်ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။

ထပ်ပြီးစိတ်လှုပ်ရှားရတော့ကတော့အာဆင်နယ်စတားသစ်ဗီအဲရာဟာချစ်သူကာရီနာရာကေးလ်နဲ့နွေရာသီအပန်းဖြေခရီးသွားရတာဖြစ်ပါတယ်။

ဗီအဲရာဟာမကြာသေးမီတုန်းကအာဆင်နယ်သို့အပြီးသတ်မပြောင်းမီဂရိနိုင်ငံ၊ဆန်တိုရီနီသို့ကာရီနာရာကေးလ်နဲ့အတူအပန်းဖြေခရီးသွားရောက်ခဲ့ကြပါတယ်။

အသက်၂၁နှစ်သာရှိသေးတဲ့အလှပိုင်ရှင်မလေးဟာအီကိုကျောင်းသူတစ်ဦးဖြစ်ပြီးခရီးသွားရတာနှစ်သက်တဲ့သူတစ်ယောက်ဆိုတာမငြင်းနိုင်ပါဘူး။

သူတို့နှစ်ဦးဘယ်တော့စတင်ချစ်ကြိုက်ကြသလဲဆိုတာအတိအကျမသိရသေးပါဘူး။ဒါပေမဲ့သူမရဲ့အင်စတာဂရမ်အကောင့်မှာဗီအဲရာပုံပထမပါဝင်တာကတော့ပြီးခဲ့တဲ့နှစ်နွေတုန်းကဖြစ်ပါတယ်။မော်ဒိုက်စ်မှာအနမ်းတွေပေးရင်းရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။

ယင်းနောက်ပိုင်းမှာကာရီနာဟာခရီးပေါင်းများစွာသွားခဲ့တာတွေ့ရပါတယ်။သူဟာဘာစီလိုနာသို့သွားခဲ့သလိုမတ်လတုန်းကလည်းပဲရစ်သို့သွားခဲ့ပါတယ်။ သူမဟာ Eiffel Tower အနီးဟိုတယ်တစ်ခုမှာတည်းခဲ့တာတွေ့ရပါတယ်။

ယင်းနောက်သူမဟာဇွန်လတုန်းကအီတလီသို့သွားခဲ့ကာမီလန်၊ကိုမိုကန်သို့သွားခဲ့သလိုဗီအဲရာနဲ့အတူမိုင်ကိုနို့စ်သို့သွားခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့လာမယ့်ရာသီမှာ ဗီအဲရာဆီကကွင်းထဲက အကောင်းဆုံးခြေစွမ်းကိုမျှော်လင့်နိုင်သလိုချစ်သူကာရီနာရဲ့လှပတဲ့ဓာတ်ပုံများကိုလည်းအများကြီးမျှော်လင့်နိုင်တော့မှာဖြစ်ပါတယ်။

ZawGyi

ဘီကီနီနဲ႔ဆို အားလုံးပါးစပ္အေဟာင္းသားျဖစ္ေစတဲ့ အလွမ်ိဳးပိုင္ဆိုင္ထားတဲ့ အာဆင္နယ္စတားသစ္ဗီအဲရာရဲ႕ခ်စ္သူကာရီနာ

အာဆင္နယ္စတားသစ္ေဖဘီယိုဗီအဲရာအတြက္ယခုေႏြရာသီကစိတ္လႈပ္ရွားမႈေတြျပည့္ႏွက္ေနတဲ့ေႏြရာသီပါ။

အသက္၂၂ႏွစ္ရွိေပၚတူဂီကြင္းလယ္ဖန္တီးရွင္ဟာေပၚတိုကေနအာဆင္နယ္သို႔ေပါင္၃၅သန္းျဖင့္ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ပါတယ္။

ထပ္ၿပီးစိတ္လႈပ္ရွားရေတာ့ကေတာ့အာဆင္နယ္စတားသစ္ဗီအဲရာဟာခ်စ္သူကာရီနာရာေကးလ္နဲ႔ေႏြရာသီအပန္းေျဖခရီးသြားရတာျဖစ္ပါတယ္။

ဗီအဲရာဟာမၾကာေသးမီတုန္းကအာဆင္နယ္သို႔အၿပီးသတ္မေျပာင္းမီဂရိႏိုင္ငံ၊ဆန္တိုရီနီသို႔ကာရီနာရာေကးလ္နဲ႔အတူအပန္းေျဖခရီးသြားေရာက္ခဲ့ၾကပါတယ္။

အသက္၂၁ႏွစ္သာရွိေသးတဲ့အလွပိုင္ရွင္မေလးဟာအီကိုေက်ာင္းသူတစ္ဦးျဖစ္ၿပီးခရီးသြားရတာႏွစ္သက္တဲ့သူတစ္ေယာက္ဆိုတာမျငင္းႏိုင္ပါဘူး။

သူတို႔ႏွစ္ဦးဘယ္ေတာ့စတင္ခ်စ္ႀကိဳက္ၾကသလဲဆိုတာအတိအက်မသိရေသးပါဘူး။ဒါေပမဲ့သူမရဲ႕အင္စတာဂရမ္အေကာင့္မွာဗီအဲရာပုံပထမပါဝင္တာကေတာ့ၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းကျဖစ္ပါတယ္။ေမာ္ဒိုက္စ္မွာအနမ္းေတြေပးရင္း႐ိုက္ကူးထားတဲ့ပုံျဖစ္ပါတယ္။

ယင္းေနာက္ပိုင္းမွာကာရီနာဟာခရီးေပါင္းမ်ားစြာသြားခဲ့တာေတြ႕ရပါတယ္။သူဟာဘာစီလိုနာသို႔သြားခဲ့သလိုမတ္လတုန္းကလည္းပဲရစ္သို႔သြားခဲ့ပါတယ္။ သူမဟာ Eiffel Tower အနီးဟိုတယ္တစ္ခုမွာတည္းခဲ့တာေတြ႕ရပါတယ္။

ယင္းေနာက္သူမဟာဇြန္လတုန္းကအီတလီသို႔သြားခဲ့ကာမီလန္၊ကိုမိုကန္သို႔သြားခဲ့သလိုဗီအဲရာနဲ႔အတူမိုင္ကိုႏို႔စ္သို႔သြားခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္ေတြကေတာ့လာမယ့္ရာသီမွာ ဗီအဲရာဆီကကြင္းထဲက အေကာင္းဆုံးေျခစြမ္းကိုေမွ်ာ္လင့္ႏိုင္သလိုခ်စ္သူကာရီနာရဲ႕လွပတဲ့ဓာတ္ပုံမ်ားကိုလည္းအမ်ားႀကီးေမွ်ာ္လင့္ႏိုင္ေတာ့မွာျဖစ္ပါတယ္။