ဘီဆစ်တပ်သို့ တစ်ရာသီအငှားဖြင့် ဘာကာကွင်းလယ်လူပီယာနစ်ပြောင်းရွှေ့

မီရာလမ်ပီယာနစ်ဟာဘာစီလိုနာပထမအသင်းတွင်နေရာရရှိရန်ရုန်းကန်ရပြီးနောက်တူရကီထိပ်သီးကလပ်ဘီဆစ်တပ်သို့တစ်ရာသီအငှားဖြင့်ထွက်ခွာခဲ့ပါတယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကအာသာမယ်လိုရဲ့နေရာတွင်အစားထိုးရန်အတွက်ဂျူဗင်တပ်မှမီရာလမ်ပီယာနစ်ကိုပေါင်၅၅သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်သူဟာနည်းပြရော်နယ်ကိုးမန်းရဲ့အစီအစဉ်တွင်ပါဝင်ခြင်းမရှိဘဲပြီးခဲ့တဲ့ရာသီတုန်းကလာလီဂါမှာ၆ပွဲတည်းသာပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။

ဘာစီလိုနာဟာအသင်းရဲ့အသုံးစရိတ်ကိုလျှော့ချရန်ကြိုးပမ်းနေမှုနဲ့အတူပီယာနစ်ကိုလည်းဘီဆစ်တပ်သို့တစ်ရာသီအငှားချခဲ့ပါတယ်။

ဘီဆစ်တပ်ဟာပီယာနစ်အားငှားရမ်းခအဖြစ်ပေါင်၂.၃သန်းပေးရမယ့်အပြင်သူ့ရဲ့တစ်နှစ်လုပ်ခပေါင်၆.၈သန်းကိုလည်းပေးရပါမယ်။

ဘာစီလိုနာဟာယခုနွေရာသီတွင်ဘဏ္ဍာရေးပြဿနာများနှင့်ကြုံရမှုနဲ့အတူဂရက်ဇ်မန်း၊မက်ဆီ၊ဂျူနီယာဖာပို၊အီမာဆင်ရွိုင်ရယ်တို့အပါအဝင်ကစားသမား၁၁ဦးအထိလက်လွှတ်ခဲ့ရပါတယ်။

ZawGyi

ဘီဆစ္တပ္သို႔ တစ္ရာသီအငွားျဖင့္ ဘာကာကြင္းလယ္လူပီယာနစ္ေျပာင္းေ႐ႊ႕

မီရာလမ္ပီယာနစ္ဟာဘာစီလိုနာပထမအသင္းတြင္ေနရာရရွိရန္႐ုန္းကန္ရၿပီးေနာက္တူရကီထိပ္သီးကလပ္ဘီဆစ္တပ္သို႔တစ္ရာသီအငွားျဖင့္ထြက္ခြာခဲ့ပါတယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကအာသာမယ္လိုရဲ႕ေနရာတြင္အစားထိုးရန္အတြက္ဂ်ဴဗင္တပ္မွမီရာလမ္ပီယာနစ္ကိုေပါင္၅၅သန္းျဖင့္ေခၚယူခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္သူဟာနည္းျပေရာ္နယ္ကိုးမန္းရဲ႕အစီအစဥ္တြင္ပါဝင္ျခင္းမရွိဘဲၿပီးခဲ့တဲ့ရာသီတုန္းကလာလီဂါမွာ၆ပြဲတည္းသာပြဲထြက္ခြင့္ရရွိခဲ့ပါတယ္။

ဘာစီလိုနာဟာအသင္းရဲ႕အသုံးစရိတ္ကိုေလွ်ာ့ခ်ရန္ႀကိဳးပမ္းေနမႈနဲ႔အတူပီယာနစ္ကိုလည္းဘီဆစ္တပ္သို႔တစ္ရာသီအငွားခ်ခဲ့ပါတယ္။

ဘီဆစ္တပ္ဟာပီယာနစ္အားငွားရမ္းခအျဖစ္ေပါင္၂.၃သန္းေပးရမယ့္အျပင္သူ႔ရဲ႕တစ္ႏွစ္လုပ္ခေပါင္၆.၈သန္းကိုလည္းေပးရပါမယ္။

ဘာစီလိုနာဟာယခုေႏြရာသီတြင္ဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံရမႈနဲ႔အတူဂရက္ဇ္မန္း၊မက္ဆီ၊ဂ်ဴနီယာဖာပို၊အီမာဆင္႐ြိဳင္ရယ္တို႔အပါအဝင္ကစားသမား၁၁ဦးအထိလက္လႊတ္ခဲ့ရပါတယ္။