ဘီလစ်ကို ထုတ်ပယ်ပြီး ခရစ်ဝိုင်ဒါကို နည်းပြသစ်အဖြစ် ဝက်ဖို့ဒ်ခန့်အပ်လာ

ဝက်ဖို့ဒ်ဟာအသင်းကိုကိုင်တွယ်လာတာခြောက်လမျှာသာရှိသေးတဲ့နည်းပြဆလာဗန်ဘီလစ်ကိုထုတ်ပယ်လိုက်ပါတယ်။

ချန်ပီယံရှစ်ကလပ်ဟာခရိုအေးရှားလူမျိုးနည်းပြကိုထုတ်ပယ်ပြီး၁၇မိနစ်အကြာမှာဘဲမစ်ဒယ်ဘရော့နှင့်ရှက်ဖီးလ်ယူနိုက်တက်နည်းပြဟောင်းခရစ်ဝိုင်ဒါကိုနည်းပြအဖြစ်ရာသီအကုန်အထိစာချုပ်ဖြင့်ခန့်အပ်သွားပါတယ်။

ခရစ်ဝိုင်ဒါဟာအောက်တိုဘာလတုန်းကမစ်ဒယ်ဘရော့နည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးကတည်းကအသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပါတယ်။

သူဟာရာသီအကုန်အထိစာချုပ်ဖြင့်ခန့်အပ်ခြင်းခံခဲ့ရတာကြောင့်ဝက်ဖို့ဒ်အသင်းကို၁၁ပွဲကိုင်တွယ်ကာပရီးမီးယားလိဂ်သို့တန်းတက်နိုင်ရေးတိုက်ပွဲဝင်ရပါမယ်။

ဝက်စ်ဟမ်းနှင့်ဝက်စ်ဘရွန်းနည်းပြဟောင်းဆလာဗန်ဘီလစ်ဟာကမ္ဘာ့ဖလားနောက်ပိုင်းတွ၍်၃ပွဲတည်းသာအနိုင်ရရှိပြီးပရီးမီးယားလိဂ်သို့တန်းတက်ရေးမရေမရာဖြစ်လာပြီးနောက်ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဝက်ဖို့ဒ်ဟာကမ္ဘာ့ဖလားနောက်ပိုင်းတွင်၃၆မှတ်ဖိုးကစားခဲ့ရာမှာ၁၄မှတ်တည်းသာရယူနိုင်ခဲ့ပါတယ်။ဘီလစ်ဟာဝက်ဖို့ဒ်အသင်းကို၂၆ပွဲကိုင်တွယ်ခဲ့ရာမှာ၁၀ပွဲတည်းသာအနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ခရစ်ဝိုင်ဒါဟာ၂၀၁၂ခုနှစ်တွင်ဝက်ဖို့ဒ်အသင်းကိုပေါ့ဇိုမိသားစုပိုင်ဆိုင်ပြီးနောက်ခန့်အပ်ခြင်းခံရတဲ့၁၉ဦးမြောက်နည်းပြလည်းဖြစ်ပါတယ်။

ZawGyi

ဘီလစ္ကို ထုတ္ပယ္ၿပီး ခရစ္ဝိုင္ဒါကို နည္းျပသစ္အျဖစ္ ဝက္ဖို႔ဒ္ခန႔္အပ္လာ

ဝက္ဖို႔ဒ္ဟာအသင္းကိုကိုင္တြယ္လာတာေျခာက္လမွ်ာသာရွိေသးတဲ့နည္းျပဆလာဗန္ဘီလစ္ကိုထုတ္ပယ္လိုက္ပါတယ္။

ခ်န္ပီယံရွစ္ကလပ္ဟာခ႐ိုေအးရွားလူမ်ိဳးနည္းျပကိုထုတ္ပယ္ၿပီး၁၇မိနစ္အၾကာမွာဘဲမစ္ဒယ္ဘေရာ့ႏွင့္ရွက္ဖီးလ္ယူႏိုက္တက္နည္းျပေဟာင္းခရစ္ဝိုင္ဒါကိုနည္းျပအျဖစ္ရာသီအကုန္အထိစာခ်ဳပ္ျဖင့္ခန႔္အပ္သြားပါတယ္။

ခရစ္ဝိုင္ဒါဟာေအာက္တိုဘာလတုန္းကမစ္ဒယ္ဘေရာ့နည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးကတည္းကအသင္းလက္မဲ့ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

သူဟာရာသီအကုန္အထိစာခ်ဳပ္ျဖင့္ခန႔္အပ္ျခင္းခံခဲ့ရတာေၾကာင့္ဝက္ဖို႔ဒ္အသင္းကို၁၁ပြဲကိုင္တြယ္ကာပရီးမီးယားလိဂ္သို႔တန္းတက္ႏိုင္ေရးတိုက္ပြဲဝင္ရပါမယ္။

ဝက္စ္ဟမ္းႏွင့္ဝက္စ္ဘ႐ြန္းနည္းျပေဟာင္းဆလာဗန္ဘီလစ္ဟာကမာၻ႔ဖလားေနာက္ပိုင္းတြ၍္၃ပြဲတည္းသာအႏိုင္ရရွိၿပီးပရီးမီးယားလိဂ္သို႔တန္းတက္ေရးမေရမရာျဖစ္လာၿပီးေနာက္ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဝက္ဖို႔ဒ္ဟာကမာၻ႔ဖလားေနာက္ပိုင္းတြင္၃၆မွတ္ဖိုးကစားခဲ့ရာမွာ၁၄မွတ္တည္းသာရယူႏိုင္ခဲ့ပါတယ္။ဘီလစ္ဟာဝက္ဖို႔ဒ္အသင္းကို၂၆ပြဲကိုင္တြယ္ခဲ့ရာမွာ၁၀ပြဲတည္းသာအႏိုင္ရေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ခရစ္ဝိုင္ဒါဟာ၂၀၁၂ခုႏွစ္တြင္ဝက္ဖို႔ဒ္အသင္းကိုေပါ့ဇိုမိသားစုပိုင္ဆိုင္ၿပီးေနာက္ခန႔္အပ္ျခင္းခံရတဲ့၁၉ဦးေျမာက္နည္းျပလည္းျဖစ္ပါတယ္။