ဘီလ်ဘာအိုနိုင်ပွဲတွင် အက်သလက်တီကိုအတွက် ရာပြည့်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂရက်ဇ်မန်း

အန်တိုနီဂရက်ဇ်မန်းဟာမနေ့ညတုန်းကအက်သလက်တီကိုကဘီလ်ဘာအိုကိုအနိုင်ရရှိတဲ့ပွဲတွင်အက်သလက်တီကိုအတွက်ရာပြည့်ဂိုးအားသွင်းယူနိုင်ခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာဒုတိယပိုင်းအစပွဲချိန်၂မိနစ်တွင်တိုက်စစ်ကစားဖော်မိုရာတာရဲ့ဖန်တီးမှုကနေ အက်သလက်တီကိုအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂရက်ဇ်မန်းဟာဘာစီလိုနာမှအက်သလက်တီကိုသို့အပြီးသတ်ပြောင်းရွှေ့လာပြီးတဲ့နောက် ပထမဆုံးဂိုးသွင်းယူလာနိုင်တာလည်းဖြစ်ပါတယ်။

ဂရက်ဇ်မန်းဟာရာသီအစတုန်းကဘာစီလိုနာရဲ့အငှားစာချုပ်တွင်ပါဝင်တဲ့အချက်ကြောင့်အက်သလက်တီကိုရဲ့ပွဲစဉ်များတွင်ဒုတိယပိုင်းပွဲချိန်၆၀မိနစ်တွင်မှဝင်ရောက်ကစားလာခဲ့ရသူလည်းဖြစ်ပါတယ်။

အက်သလက်တီကိုဟာဂရက်ဇ်မန်းကို အသင်းရဲ့ပွဲ၅၀ရာခိုင်နှုန်းတွင်အသုံးပြုပါကနွေရာသီတွင်ယူရိုသန်း၄၀ဖြင့်အပြီးသတ်ဝယ်ယူရမယ့်အချက်ကြောင့်ယင်းသို့ မိနစ်၆၀တွင်မှအရန်အဖြစ်အသုံးပြုနေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့အက်သလက်တီကိုဟာယခုလအစောပိုင်းမှာတော့ဂရက်ဇ်မန်းကိုပြောင်းရွှေ့ကြေးယူရိုသန်း၂၀ဖြင့်ဘာစီလိုနာမှအပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

ZawGyi

ဘီလ္ဘာအိုႏိုင္ပြဲတြင္ အက္သလက္တီကိုအတြက္ ရာျပည့္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဂရက္ဇ္မန္း

အန္တိုနီဂရက္ဇ္မန္းဟာမေန႔ညတုန္းကအက္သလက္တီကိုကဘီလ္ဘာအိုကိုအႏိုင္ရရွိတဲ့ပြဲတြင္အက္သလက္တီကိုအတြက္ရာျပည့္ဂိုးအားသြင္းယူႏိုင္ခဲ့ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာဒုတိယပိုင္းအစပြဲခ်ိန္၂မိနစ္တြင္တိုက္စစ္ကစားေဖာ္မိုရာတာရဲ႕ဖန္တီးမႈကေန အက္သလက္တီကိုအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဂရက္ဇ္မန္းဟာဘာစီလိုနာမွအက္သလက္တီကိုသို႔အၿပီးသတ္ေျပာင္းေ႐ႊ႕လာၿပီးတဲ့ေနာက္ ပထမဆုံးဂိုးသြင္းယူလာႏိုင္တာလည္းျဖစ္ပါတယ္။

ဂရက္ဇ္မန္းဟာရာသီအစတုန္းကဘာစီလိုနာရဲ႕အငွားစာခ်ဳပ္တြင္ပါဝင္တဲ့အခ်က္ေၾကာင့္အက္သလက္တီကိုရဲ႕ပြဲစဥ္မ်ားတြင္ဒုတိယပိုင္းပြဲခ်ိန္၆၀မိနစ္တြင္မွဝင္ေရာက္ကစားလာခဲ့ရသူလည္းျဖစ္ပါတယ္။

အက္သလက္တီကိုဟာဂရက္ဇ္မန္းကို အသင္းရဲ႕ပြဲ၅၀ရာခိုင္ႏႈန္းတြင္အသုံးျပဳပါကေႏြရာသီတြင္ယူ႐ိုသန္း၄၀ျဖင့္အၿပီးသတ္ဝယ္ယူရမယ့္အခ်က္ေၾကာင့္ယင္းသို႔ မိနစ္၆၀တြင္မွအရန္အျဖစ္အသုံးျပဳေနခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့အက္သလက္တီကိုဟာယခုလအေစာပိုင္းမွာေတာ့ဂရက္ဇ္မန္းကိုေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၂၀ျဖင့္ဘာစီလိုနာမွအၿပီးသတ္ေခၚယူလိုက္ၿပီျဖစ္ပါတယ္။