ဘီလ်ဘာအိုပရိသတ်များရဲ့လုပ်ရပ်နှင့် သံပြိုင်အော်ဟစ်မှုကြောင့် တုန်လှုပ်ခဲ့ရတဲ့ ဘာစီလိုနာနည်းပြဇာဗီး

ဘာစီလိုနာနည်းပြဇာဗီးကတနင်္ဂနွေနေ့တုန်းကဘီလ်ဘာအိုကိုအဝေးကွင်းမှာအနိုင်ရတဲ့ပွဲတွင်အိမ်ရှင်ပရိသတ်များရဲ့အပြုအမူကြောင့်တုန်လှုပ်ခဲ့ရကြောင်းပြောကြားလာပါတယ်။

ဘာစီလိုနာဟာဘရာဇီးတောင်ပံကစားသမားရာဖင်ညာရဲ့လှပတဲ့အဆုံးသတ်ဂိုးဖြင့်ဘီလ်ဘာအိုကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးဒုတိယနေရာမှရီးရဲလ်မက်ဒရစ်ကိုရမှတ်၉မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ဘာစီလိုနာဟာပြီးခဲ့တဲအပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်များကြောင့် San Mames တွင် ဘီလ်ဘာအိုပရိသတ်များရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။

ဘာစီလိုနာဟာ ဒိုင်လူကြီးကော်မတီဒုဥက္ကဌဟောင်းပိုင်ဆိုင်တဲ့ ကုမ္ပဏီကို ငွေပေးမှုများအတွက် လာဘ်ယူလာဘ်ယူမှုဖြင့် စွဲချက်တင်ခြင်းခံထားရပါတယ်။

ဘာစီလိုနာဟာ ဒိုင်လူကြီးကော်မတီဒုဥက္ကဌဟောင်းဟိုဆေးမာရီယာနီဂရီရာပိုင်ဆိုင်တဲ့ ကုမ္ပဏီကို ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းတွင် ယူရို ၇ သန်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာနှင့် နီဂရီရာတို့က ဒိုင်လူကြီးများကို ဆက်ဆံမှုနှင့်ပတ်သက်တဲ့ နည်းစနစ်ပိုင်း သင်ကြားမှုအတွက် ငွေပေးချေတာလို့ ဆိုထားပေမဲ့လည်း မျက်နှာသာပေးဆုံးဖြတ်ပေးရန် ငွေပေးတာလို့ ယူဆရပါတယ်။

တနင်္ဂနွေနေ့တုန်းက ပွဲစဉ်မှာတော့ ဘီလ်ဘာအိုပရိသတ်များဟာ ဘာစီလိုနာလိုဂို၊ Mafia $ ဆိုတဲ့စာသားပါ ငွေစက္ကူတုများကို ကွင်းအတွင်း ပစ်ခဲ့ကြပြီး ဘာစီလိုနာကို “ဒုတိယတန်းသို့ ဆင်း”လို့ အော်ဟစ်ခဲ့ကြပါတယ်။

ဘာစီလိုနာကို ယင်းသို့ အိမ်ရှင်ပရိသတ်များက ဧည့်ခံမှုနှင့်ပတ်သက်ပြီး အံ့ဩခဲ့ရကြောင်း ဇာဗီးက ဝန်ခံသွားပါတယ်။

ဇာဗီးက “San Mames က ပရိသတ်တွေကို လေးစားပါတယ်။ သူတို့ဟာ ကျွန်တော့်ကို အမြဲတမ်း ကောင်းကောင်းဆက်ဆံခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာကာကို ဆက်ဆံပုံကိုတော့ အံ့ဩခဲ့ရတယ်။ မြင်ရတာ စိတ်မကောင်းဘူး။ အရင်တုန်းက ဖြစ်ရပ်အတွက် ပြုလုပ်ခံရတယ်။ ဒါမျိုးလုပ်တာ လူ့အသိုင်းအဝိုင်းအတွက် ကောင်းတယ်လို့ မထင်ပါဘူး။ လူတိုင်းမှာ လွတ်လပ်ခွင့်ရှိပါတယ်။ အမြင်တိုင်းကို လေးစားပါတယ်။ သူတို့လုပ်တာ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဒီလိုမျိုး မြင်ရတာ စိတ်မကောင်းပါဘူး”လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ဇာဗီးက ကွင်းပြင်ပဖြစ်ရပ်များ ဆူညံနေမှုများက အသင်းရဲ့ ကွင်းတွင် ခြေစွမ်းအပေါ် ထိခိုက်လာမည်မဟုတ်ကြောင်းလည်း ပြောကြားသွားပါတယ်။

ဘာစီလိုနာ၊ နီဂရီရာနှင့်အတူ ဘာစီလိုနာဥက္ကဌဟောင်းများဖြစ်ကြတဲ့ ဆန်ဒရိုရိုဆဲလ်နှင့် ဂျိုးဆစ်ပ်မာရီယာဘာတိုမြူတို့လည်း စွဲချက်တင်ခြင်းခံထားရပါတယ်။

တနင်္ဂနွေနေ့တုန်းက ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာအား စွဲချက်တင်ထားမှုကို ထောက်ခံကြောင်း ဆိုထားပါတယ်။ ဒါ့အပြင် လာလီဂါနှင့် စပိန်ဘောလုံးအဖွဲ့ချုပ်တို့ကလည်း ဘာစီလိုနာကို အရေးယူမှု ပြုလုပ်လာဖို့ ရှိနေပါတယ်။

ZawGyi

ဘီလ္ဘာအိုပရိသတ္မ်ားရဲ႕လုပ္ရပ္ႏွင့္ သံၿပိဳင္ေအာ္ဟစ္မႈေၾကာင့္ တုန္လႈပ္ခဲ့ရတဲ့ ဘာစီလိုနာနည္းျပဇာဗီး

ဘာစီလိုနာနည္းျပဇာဗီးကတနဂၤေႏြေန႔တုန္းကဘီလ္ဘာအိုကိုအေဝးကြင္းမွာအႏိုင္ရတဲ့ပြဲတြင္အိမ္ရွင္ပရိသတ္မ်ားရဲ႕အျပဳအမူေၾကာင့္တုန္လႈပ္ခဲ့ရေၾကာင္းေျပာၾကားလာပါတယ္။

ဘာစီလိုနာဟာဘရာဇီးေတာင္ပံကစားသမားရာဖင္ညာရဲ႕လွပတဲ့အဆုံးသတ္ဂိုးျဖင့္ဘီလ္ဘာအိုကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးဒုတိယေနရာမွရီးရဲလ္မက္ဒရစ္ကိုရမွတ္၉မွတ္ျဖတ္ထားႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ဘာစီလိုနာဟာၿပီးခဲ့တဲအပတ္အတြင္းျဖစ္ပ်က္ခဲ့တဲ့အျဖစ္အပ်က္မ်ားေၾကာင့္ San Mames တြင္ ဘီလ္ဘာအိုပရိသတ္မ်ားရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရပါတယ္။

ဘာစီလိုနာဟာ ဒိုင္လူႀကီးေကာ္မတီဒုဥကၠဌေဟာင္းပိုင္ဆိုင္တဲ့ ကုမၸဏီကို ေငြေပးမႈမ်ားအတြက္ လာဘ္ယူလာဘ္ယူမႈျဖင့္ စြဲခ်က္တင္ျခင္းခံထားရပါတယ္။

ဘာစီလိုနာဟာ ဒိုင္လူႀကီးေကာ္မတီဒုဥကၠဌေဟာင္းဟိုေဆးမာရီယာနီဂရီရာပိုင္ဆိုင္တဲ့ ကုမၸဏီကို ၂၀၀၁ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္းတြင္ ယူ႐ို ၇ သန္းေပးခဲ့တာလည္း ျဖစ္ပါတယ္။

ဘာစီလိုနာႏွင့္ နီဂရီရာတို႔က ဒိုင္လူႀကီးမ်ားကို ဆက္ဆံမႈႏွင့္ပတ္သက္တဲ့ နည္းစနစ္ပိုင္း သင္ၾကားမႈအတြက္ ေငြေပးေခ်တာလို႔ ဆိုထားေပမဲ့လည္း မ်က္ႏွာသာေပးဆုံးျဖတ္ေပးရန္ ေငြေပးတာလို႔ ယူဆရပါတယ္။

တနဂၤေႏြေန႔တုန္းက ပြဲစဥ္မွာေတာ့ ဘီလ္ဘာအိုပရိသတ္မ်ားဟာ ဘာစီလိုနာလိုဂို၊ Mafia $ ဆိုတဲ့စာသားပါ ေငြစကၠဴတုမ်ားကို ကြင္းအတြင္း ပစ္ခဲ့ၾကၿပီး ဘာစီလိုနာကို “ဒုတိယတန္းသို႔ ဆင္း”လို႔ ေအာ္ဟစ္ခဲ့ၾကပါတယ္။

ဘာစီလိုနာကို ယင္းသို႔ အိမ္ရွင္ပရိသတ္မ်ားက ဧည့္ခံမႈႏွင့္ပတ္သက္ၿပီး အံ့ဩခဲ့ရေၾကာင္း ဇာဗီးက ဝန္ခံသြားပါတယ္။

ဇာဗီးက “San Mames က ပရိသတ္ေတြကို ေလးစားပါတယ္။ သူတို႔ဟာ ကြၽန္ေတာ့္ကို အၿမဲတမ္း ေကာင္းေကာင္းဆက္ဆံခဲ့ၾကပါတယ္။ ဒါေပမဲ့ ဘာကာကို ဆက္ဆံပုံကိုေတာ့ အံ့ဩခဲ့ရတယ္။ ျမင္ရတာ စိတ္မေကာင္းဘူး။ အရင္တုန္းက ျဖစ္ရပ္အတြက္ ျပဳလုပ္ခံရတယ္။ ဒါမ်ိဳးလုပ္တာ လူ႔အသိုင္းအဝိုင္းအတြက္ ေကာင္းတယ္လို႔ မထင္ပါဘူး။ လူတိုင္းမွာ လြတ္လပ္ခြင့္ရွိပါတယ္။ အျမင္တိုင္းကို ေလးစားပါတယ္။ သူတို႔လုပ္တာ လက္ခံသည္ျဖစ္ေစ၊ လက္မခံသည္ျဖစ္ေစ ဒီလိုမ်ိဳး ျမင္ရတာ စိတ္မေကာင္းပါဘူး”လို႔ ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီး ဇာဗီးက ကြင္းျပင္ပျဖစ္ရပ္မ်ား ဆူညံေနမႈမ်ားက အသင္းရဲ႕ ကြင္းတြင္ ေျခစြမ္းအေပၚ ထိခိုက္လာမည္မဟုတ္ေၾကာင္းလည္း ေျပာၾကားသြားပါတယ္။

ဘာစီလိုနာ၊ နီဂရီရာႏွင့္အတူ ဘာစီလိုနာဥကၠဌေဟာင္းမ်ားျဖစ္ၾကတဲ့ ဆန္ဒ႐ို႐ိုဆဲလ္ႏွင့္ ဂ်ိဳးဆစ္ပ္မာရီယာဘာတိုျမဴတို႔လည္း စြဲခ်က္တင္ျခင္းခံထားရပါတယ္။

တနဂၤေႏြေန႔တုန္းက ရီးရဲလ္မက္ဒရစ္က ဘာစီလိုနာအား စြဲခ်က္တင္ထားမႈကို ေထာက္ခံေၾကာင္း ဆိုထားပါတယ္။ ဒါ့အျပင္ လာလီဂါႏွင့္ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ကလည္း ဘာစီလိုနာကို အေရးယူမႈ ျပဳလုပ္လာဖို႔ ရွိေနပါတယ္။