
အိုင်နာကီဝီလီယမ်ရဲ့ဘီလ်ဘာအိုအတွက်၂၄၆၈ရက်ကြာပွဲတိုက်ကစားနိုင်မှုစံချိန်မှာအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။
အသက်၂၈နှစ်ရှိဂါနာလက်ရွေးစင်ကစားသမားဟာကြွက်သားဒဏ်ရာကြောင့်တနင်္ဂနွေနေ့တုန်းကဆဲလ်တာဗီဂိုအား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲကိုလွဲချော်ပြီးနောက်အံ့ဩသင့်ဖွယ်စံချိန်ရပ်တန့်သွားခဲ့တာလည်းဖြစ်ပါတယ်။
သူဟာဘီလ်ဘာအိုအတွက်၂၅၁ပွဲဆက်ကစားနိုင်မှုစံချိန်လည်းရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်။
သူဟာ၂၀၁၆ခုနှစ်၊ဧပြီလ၇ရက်နေ့စတင်ပြီးဘီလ်ဘာအိုအတွက်အံ့ဩသင့်စရာကောင်းလောက်အောင်ပွဲတိုင်းကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။သူဟာလာလီဂါပွဲ၂၀၃ပွဲတဲ့စံချိန်ကို၂၀၂၁ခုနှစ်၊အောက်တိုဘာလတုန်းကရေးထိုးခဲ့ပါတယ်။
သူဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လတုန်းကခြေကျင်းဝတ်ဒဏ်ရာကြောင့်စံချိန်ပျက်ရမလိုဖြစ်ခဲ့ပေမဲ့လည်းဒဏ်ရာမှအံ့ဩသင့်စရာကောင်းလောက်အောင်ပြန်လည်ကောင်းမွန်လာကာစံချိန်သစ်များဆက်လက်ရေးထိုးနိုင်ခဲ့ပါတယ်။
သူဟာ၂၅၁ပွဲစံချိန်ရေးထိုးပြီးနောက်ယခုအခါမှာတော့ကံဆိုးစွာပင်စံချိန်အဆုံးသတ်လာပြီဖြစ်ပါတယ်။
ZawGyi
ဘီလ်ဘာအိုအတွက် ၂၄၆၈ ရက်ကြာ အံ့ဩသင့်ဖွယ် ပွဲတိုင်းပါဝင်ကစားမှုမှတ်တမ်းရပ်တန့်သွားခဲ့တဲ့ ဝီလီယမ်