
အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဘေးလ်ဖိုလေးဟာဘုန်းမောက်ကိုဝယ်ယူရန်နှုတ်အားဖြင့်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။
အသက်၇၇နှစ်ရှိဘီလျှံနာဟာ NHL ကလပ်Vegas Golden Knightsကိုလည်းပိုင်ဆိုင်သူဖြစ်ပြီးဘုန်းမောက်ကိုပေါင်သန်း၁၂၀ဖြင့်ဝယ်ယူရန်သဘောတူညီမှုရရှိသွားတာလည်းဖြစ်ပါတယ်။
The Athletic ရဲ့ဖော်ပြချက်အရဖိုလေးဟာလာမယ့်ရက်အနည်းငယ်အတွင်းမှာဘုန်းမောက်ကိုဝယ်ယူရေးအပြီးသတ်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။
ဖိုလေးဟာဒေါ်လာ၁ဘီလီယံ(ပေါင်၈၉၄သန်း)ကြွယ်ဝချမ်းသာသူဖြစ်ပြီးအမေရိကန်ရဲ့အကြီးကျယ်ဆုံးအာမခံကုမ္ပဏီများထဲမှတစ်ခုဖြစ်တဲ့Fidelity National Financial ရဲ့ဥက္ကဌလည်းဖြစ်ပါတယ်။
သူဟာယခုလအနည်းငယ်အတွင်းတွင်ပရီးမီးယားလိဂ်ကလပ်တစ်ခုကိုပိုင်ဆိုင်လာတဲ့ဒုတိယမြောက်အမေရိကန်ဘီလျှံနာဖြစ်လာပါမယ်။မေလတုန်းကဘိုလေးဟာချဲလ်ဆီးကိုဝယ်ယူခဲ့ပြီးဖြစ်ပါတယ်။
ယခုအခါပရီးမီးယားလိဂ်တွင်အမေရိကန်စီးပွားရေးလုပ်ငန်းများပိုင်ဆိုင်တဲ့ကလပ်များအဖြစ်အာဆင်နယ်၊ခရစ္စတယ်ပဲလေ့စ်၊ဖူလ်ဟမ်၊လိဒ်၊လီဗာပူး၊မန်ချက်စတာယူနိုက်တက်၊ချဲလ်ဆီးအပြင်ဘုန်းမောက်လည်းတိုးလာတော့မှာဖြစ်ပါတယ်။
ZawGyi
ဘုန္းေမာက္ကို ေပါင္သန္း ၁၂၀ ျဖင့္ ဝယ္ယူရန္ အေမရိကန္ဘီလွ်ံနာေဘးလ္ဖိုေလး ႏႈတ္ျဖင့္သေဘာတူညီမႈရရွိ
အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ေဘးလ္ဖိုေလးဟာဘုန္းေမာက္ကိုဝယ္ယူရန္ႏႈတ္အားျဖင့္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္းသိရပါတယ္။
အသက္၇၇ႏွစ္ရွိဘီလွ်ံနာဟာ NHL ကလပ္Vegas Golden Knightsကိုလည္းပိုင္ဆိုင္သူျဖစ္ၿပီးဘုန္းေမာက္ကိုေပါင္သန္း၁၂၀ျဖင့္ဝယ္ယူရန္သေဘာတူညီမႈရရွိသြားတာလည္းျဖစ္ပါတယ္။
The Athletic ရဲ႕ေဖာ္ျပခ်က္အရဖိုေလးဟာလာမယ့္ရက္အနည္းငယ္အတြင္းမွာဘုန္းေမာက္ကိုဝယ္ယူေရးအၿပီးသတ္လုပ္ေဆာင္သြားမယ္လို႔သိရပါတယ္။
ဖိုေလးဟာေဒၚလာ၁ဘီလီယံ(ေပါင္၈၉၄သန္း)ႂကြယ္ဝခ်မ္းသာသူျဖစ္ၿပီးအေမရိကန္ရဲ႕အႀကီးက်ယ္ဆုံးအာမခံကုမၸဏီမ်ားထဲမွတစ္ခုျဖစ္တဲ့Fidelity National Financial ရဲ႕ဥကၠဌလည္းျဖစ္ပါတယ္။
သူဟာယခုလအနည္းငယ္အတြင္းတြင္ပရီးမီးယားလိဂ္ကလပ္တစ္ခုကိုပိုင္ဆိုင္လာတဲ့ဒုတိယေျမာက္အေမရိကန္ဘီလွ်ံနာျဖစ္လာပါမယ္။ေမလတုန္းကဘိုေလးဟာခ်ဲလ္ဆီးကိုဝယ္ယူခဲ့ၿပီးျဖစ္ပါတယ္။
ယခုအခါပရီးမီးယားလိဂ္တြင္အေမရိကန္စီးပြားေရးလုပ္ငန္းမ်ားပိုင္ဆိုင္တဲ့ကလပ္မ်ားအျဖစ္အာဆင္နယ္၊ခရစၥတယ္ပဲေလ့စ္၊ဖူလ္ဟမ္၊လိဒ္၊လီဗာပူး၊မန္ခ်က္စတာယူႏိုက္တက္၊ခ်ဲလ္ဆီးအျပင္ဘုန္းေမာက္လည္းတိုးလာေတာ့မွာျဖစ္ပါတယ္။