
မီခေးလ်အာတီတာဟာမနေ့ညတုန်းကဘုန်းမောက်ကိုနောက်ကျဂိုးဖြင့်အာဆင်နယ်အနိုင်ရတဲ့ပွဲတွင်လည်းကံကောင်းစေတဲ့အနက်ရောင်ကုတ်အင်္ကျီ၊ခဲရောင်ဘောင်းဘီနှင့်အနက်ရောင်ရှူးဖိနပ်တို့ကိုဝတ်ဆင်ခဲ့ပါတယ်။
အာဆင်နယ်နည်းပြဟာဖေဖော်ဝါရီလတုန်းကမန်စီးတီးကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးအပြီး နောက်ဆုံး၃ပွဲဆက်နိုင်ပွဲရရှိခဲ့ရာမှာယင်းဝတ်စုံကိုသာဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
သူဟာမနေ့ညတုန်းကဘုန်းမောက်နှင့်ပွဲတွင်လည်းယင်းဝတ်စုံကိုပင်ဆက်လက်ဝတ်ဆင်ခဲ့ပါတယ်။
ဒါပေမဲ့အာဆင်နယ်ဟာပွဲအစပိုင်းမှာကံမကောင်းခဲ့ပါဘူး။ပွဲချိန်၉.၁၁စက္ကန့်မှာဘဲဖီးလစ်ဘီလင်းရဲ့ဂိုးကြောင့်ဘုန်းမောက်ကိုဦးဆောင်ဂိုးပေးခဲ့ရပါတယ်။ယင်းနောက်ဒုတိယပိုင်းအစတွင်ဆီနီဆီရဲ့ဂိုးကြောင့်ဒုတိယဦးဆောင်ဂိုးပေးခဲ့ရပြန်ပါတယ်။
ဒါပေမဲ့လည်းအာဆင်နယ်ဟာသောမတ်စ်ပါတေး၊ဘင်ဝှိုက်တို့ရဲ့ဂိုးကြောင့်ချေပဂိုးရရှိခဲ့ပါတယ်။ယင်းနောက်နာကျင်အချိန်ပို၉၇မိနစ်မှာရိုက်စ်နယ်ဆင်ကအာဆင်နယ်အတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူသွားခဲ့ပါတယ်။
အာတီတာက၎င်းမှာအသင်းနိုင်ပွဲဆက်နေချိန်တွင်ဝတ်စုံမပြောင်းလဲဘဲဝတ်ဆင်လေ့ရှိကြောင်းဆိုထားပါတယ်။
အာဆင်နယ်ဟာဘုန်းမောက်ကိုအနိုင်ရရှိပြီးနောက်၄ပွဲဆက်နိုင်ပွဲရရှိထားကာအာတီတာမှာလည်းယင်းဝတ်စုံကို၄ပွဲဆက်ဝတ်ဆင်ထားပါတယ်။
သူဟာလာမယ့်မတ်လ၁၀ရက်နေ့တွင်စပို့တင်းလစ္စဘွန်းကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမဲ့ယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင်လည်းယင်းဝတ်စုံကိုပင်ဆက်လက်ဝတ်ဆင်လာပါဦးမယ်။
ZawGyi
ဘုန္းေမာက္ကို အႏိုင္ရတဲ့ပြဲတြင္လည္း ကံေကာင္းေစတဲ့ ဝတ္စုံကို ဆက္ဝတ္ဆင္ခဲ့တဲ့ အာတီတာ
မီေခးလ္အာတီတာဟာမေန႔ညတုန္းကဘုန္းေမာက္ကိုေနာက္က်ဂိုးျဖင့္အာဆင္နယ္အႏိုင္ရတဲ့ပြဲတြင္လည္းကံေကာင္းေစတဲ့အနက္ေရာင္ကုတ္အက်ႌ၊ခဲေရာင္ေဘာင္းဘီႏွင့္အနက္ေရာင္ရႉးဖိနပ္တို႔ကိုဝတ္ဆင္ခဲ့ပါတယ္။
အာဆင္နယ္နည္းျပဟာေဖေဖာ္ဝါရီလတုန္းကမန္စီးတီးကို၃-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးအၿပီး ေနာက္ဆုံး၃ပြဲဆက္ႏိုင္ပြဲရရွိခဲ့ရာမွာယင္းဝတ္စုံကိုသာဝတ္ဆင္ခဲ့တာျဖစ္ပါတယ္။
သူဟာမေန႔ညတုန္းကဘုန္းေမာက္ႏွင့္ပြဲတြင္လည္းယင္းဝတ္စုံကိုပင္ဆက္လက္ဝတ္ဆင္ခဲ့ပါတယ္။
ဒါေပမဲ့အာဆင္နယ္ဟာပြဲအစပိုင္းမွာကံမေကာင္းခဲ့ပါဘူး။ပြဲခ်ိန္၉.၁၁စကၠန႔္မွာဘဲဖီးလစ္ဘီလင္းရဲ႕ဂိုးေၾကာင့္ဘုန္းေမာက္ကိုဦးေဆာင္ဂိုးေပးခဲ့ရပါတယ္။ယင္းေနာက္ဒုတိယပိုင္းအစတြင္ဆီနီဆီရဲ႕ဂိုးေၾကာင့္ဒုတိယဦးေဆာင္ဂိုးေပးခဲ့ရျပန္ပါတယ္။
ဒါေပမဲ့လည္းအာဆင္နယ္ဟာေသာမတ္စ္ပါေတး၊ဘင္ဝႈိက္တို႔ရဲ႕ဂိုးေၾကာင့္ေခ်ပဂိုးရရွိခဲ့ပါတယ္။ယင္းေနာက္နာက်င္အခ်ိန္ပို၉၇မိနစ္မွာ႐ိုက္စ္နယ္ဆင္ကအာဆင္နယ္အတြက္အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူသြားခဲ့ပါတယ္။
အာတီတာက၎မွာအသင္းႏိုင္ပြဲဆက္ေနခ်ိန္တြင္ဝတ္စုံမေျပာင္းလဲဘဲဝတ္ဆင္ေလ့ရွိေၾကာင္းဆိုထားပါတယ္။
အာဆင္နယ္ဟာဘုန္းေမာက္ကိုအႏိုင္ရရွိၿပီးေနာက္၄ပြဲဆက္ႏိုင္ပြဲရရွိထားကာအာတီတာမွာလည္းယင္းဝတ္စုံကို၄ပြဲဆက္ဝတ္ဆင္ထားပါတယ္။
သူဟာလာမယ့္မတ္လ၁၀ရက္ေန႔တြင္စပို႔တင္းလစၥဘြန္းကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမဲ့ယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္လည္းယင္းဝတ္စုံကိုပင္ဆက္လက္ဝတ္ဆင္လာပါဦးမယ္။