ဘုန်းမောက်ကို အရှက်တကွဲရှုံးနိမ့်ပြီးနောက် လမ်းပတ်ကို ထုတ်ပယ်ရန် အဲဗာတန်ပရိသတ်များ တောင်းဆိုလာ

အဲဗာတန်ပရိသတ်များဟာအင်္ဂါနေ့ညတုန်းကဘုန်းမောက်ကို၄-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ကာခါရာဘောင်ဖလားမှထွက်ခွာခဲ့ရပြီးနောက် နည်းပြဖရန့်လမ်းပတ်ကိုထုတ်ပယ်ရန်တောင်းဆိုလာပါတယ်။

ဖရန့်လမ်းပတ်ကတောင်ပိုင်းကမ်းခြေကိုသွားရောက်ကစားရတဲ့ပွဲစဉ်တွင် ကစားသမား၁၁ဦးလုံးအပြောင်းအလဲလုပ်ပြီးပွဲထွက်လာခဲ့ပါတယ်။၎င်းတို့ဟာယခုအပတ်အကုန်တွင်လည်းဘုန်းမောက်နှင့်ပရီးမီးယားလိဂ်တွင်ဆုံတွေ့ပါဦးမယ်။

ဘုန်းမောက်ဟာပထမပိုင်းမှာတင်ဂျာမယ်လိုဝီနှင့်ဂျူနီယာစတာနစ်လစ်တို့ရဲ့ဂိုးဖြင့်၂-၀ဖြင့်ဦးဆောင်နေခဲ့ပြီးဒုတိယပိုင်းမှာမာကွန်ဒီနှင့်ဂျိုင်ဒွန်အန်တိုနီတို့ရဲ့ဂိုးဖြင့် ၄ ဂိုးရရှိခဲ့ပါတယ်။အဲဗာတန်အတွက်နှစ်သိမ့်ဂိုးကိုလူစားဝင်လာတဲ့ဂရေးကသွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ပရိသတ်များဟာဘုန်းမောက်ကိုအရှက်တကွဲရှုံးနိမ့်မှုအတွက် နည်းပြဖရန့်လမ်းပတ်ကိုအပြင်းအထန်ဝေဖန်နေကြပြီးရာထူးမှထုတ်ပယ်ရန်ပါတောင်းဆိုနေကြပါတယ်။

အဲဗာတန်ပရိသတ်တစ်ဦးက “လမ်းပတ်ထွက်သွား။ဒီအတိုင်းဆိုချန်ပီယံရှစ်မှာပဲကစားနေရလိမ့်မယ်”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “လမ်းပတ်ကိုထုတ်ပယ်လိုက်ပါ”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “လမ်းပတ်ကိုထုတ်ပယ်ပြီးဆမ်(အလာဒွိုက်)ကိုခန့်လိုက်ပါ”လို့ဆိုသွားပါတယ်။

လမ်းပတ်ရဲ့အဲဗာတန်ဟာခါရာဘောင်ဖလားမှထွက်ခွာရမှုနှင့်အတူ ဆုဖလားရနိုင်တဲ့နှစ်လုံးမှ တစ်လုံးလက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။

ZawGyi

ဘုန္းေမာက္ကို အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ လမ္းပတ္ကို ထုတ္ပယ္ရန္ အဲဗာတန္ပရိသတ္မ်ား ေတာင္းဆိုလာ

အဲဗာတန္ပရိသတ္မ်ားဟာအဂၤါေန႔ညတုန္းကဘုန္းေမာက္ကို၄-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ကာခါရာေဘာင္ဖလားမွထြက္ခြာခဲ့ရၿပီးေနာက္ နည္းျပဖရန႔္လမ္းပတ္ကိုထုတ္ပယ္ရန္ေတာင္းဆိုလာပါတယ္။

ဖရန႔္လမ္းပတ္ကေတာင္ပိုင္းကမ္းေျခကိုသြားေရာက္ကစားရတဲ့ပြဲစဥ္တြင္ ကစားသမား၁၁ဦးလုံးအေျပာင္းအလဲလုပ္ၿပီးပြဲထြက္လာခဲ့ပါတယ္။၎တို႔ဟာယခုအပတ္အကုန္တြင္လည္းဘုန္းေမာက္ႏွင့္ပရီးမီးယားလိဂ္တြင္ဆုံေတြ႕ပါဦးမယ္။

ဘုန္းေမာက္ဟာပထမပိုင္းမွာတင္ဂ်ာမယ္လိုဝီႏွင့္ဂ်ဴနီယာစတာနစ္လစ္တို႔ရဲ႕ဂိုးျဖင့္၂-၀ျဖင့္ဦးေဆာင္ေနခဲ့ၿပီးဒုတိယပိုင္းမွာမာကြန္ဒီႏွင့္ဂ်ိဳင္ဒြန္အန္တိုနီတို႔ရဲ႕ဂိုးျဖင့္ ၄ ဂိုးရရွိခဲ့ပါတယ္။အဲဗာတန္အတြက္ႏွစ္သိမ့္ဂိုးကိုလူစားဝင္လာတဲ့ဂေရးကသြင္းယူခဲ့တာျဖစ္ပါတယ္။

အဲဗာတန္ပရိသတ္မ်ားဟာဘုန္းေမာက္ကိုအရွက္တကြဲရႈံးနိမ့္မႈအတြက္ နည္းျပဖရန႔္လမ္းပတ္ကိုအျပင္းအထန္ေဝဖန္ေနၾကၿပီးရာထူးမွထုတ္ပယ္ရန္ပါေတာင္းဆိုေနၾကပါတယ္။

အဲဗာတန္ပရိသတ္တစ္ဦးက “လမ္းပတ္ထြက္သြား။ဒီအတိုင္းဆိုခ်န္ပီယံရွစ္မွာပဲကစားေနရလိမ့္မယ္”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “လမ္းပတ္ကိုထုတ္ပယ္လိုက္ပါ”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “လမ္းပတ္ကိုထုတ္ပယ္ၿပီးဆမ္(အလာဒြိဳက္)ကိုခန႔္လိုက္ပါ”လို႔ဆိုသြားပါတယ္။

လမ္းပတ္ရဲ႕အဲဗာတန္ဟာခါရာေဘာင္ဖလားမွထြက္ခြာရမႈႏွင့္အတူ ဆုဖလားရႏိုင္တဲ့ႏွစ္လုံးမွ တစ္လုံးလက္လႊတ္လိုက္ရၿပီျဖစ္ပါတယ္။