ဘုန်းမောက်ကို အရှက်တကွဲရှုံးပြီးနောက် အဲဗာတန်ပရိသတ်များနှင့်ကစားသမားများ ပြဿနာတက်၊ ပရိသတ်တစ်ဦး အင်္ကျီပြန်ပစ်ပေးခဲ့

မနေ့ညတုန်းကဘုန်းမောက်ကို၃-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်အဲဗာတန်ကစားသမားများနှင့်ပရိသတ်များအကြားပြဿနာတက်ခဲ့ပြီးရဲတပ်ဖွဲ့ဝင်များဝင်ရောက်ထိန်းသိမ်းမှုပြုလုပ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကတန်းဆင်းလုနီးပါးအနေအထားသို့ရောက်ခဲ့ပြီးတဲ့နောက် အဲဗာတန်ပရိသတ်များဟာယခုရာသီတွင်လည်းစိတ်ပျက်စရာကောင်းတဲ့အသင်းရဲ့ခြေစွမ်းနှင့်ရလဒ်အပေါ်ဒေါသထွက်နေကြပါတယ်။

အဲဗာတန်ဟာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီနောက်ဆုံးပွဲဖြစ်တဲ့ဘုန်းမောက်နှင့်ပွဲတွင်လည်း၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ကာတန်းမဆင်းရရေးတိုက်ပွဲဝင်လာရဦးမှာဖြစ်ပါတယ်။

ယင်းရှုံးပွဲကြောင့်အဲဗာတန်ဟာတန်းဆင်းဇုန်နှင့်ရမှတ်တစ်မှတ်အကွာသို့ရောက်ရှိနေပါတယ်။

ပွဲအပြီးတွင်ဖရန့်လမ်းပတ်နှင့်အဲဗာတန်ကစားသမားများဟာအဝေးကွင်းသို့အထိလိုက်ပါအားပေးတဲ့အဲဗာတန်ပရိသတ်များကိုကျေးဇူးတင်ကြောင်းပြသတဲ့အနေဖြင့်လက်ခုတ်တီးနှုတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့ဒေါသထွက်နေတဲ့ပရိသတ်များရဲ့တုံပြန်မှုကြောင့်အခြေအနေမှာရုပ်ဆိုးအကျည်းတန်သွားခဲ့ပါတယ်။

ဖရန့်လမ်းပတ်ဟာကစားသမားများကိုဆွဲခေါ်ပြီးဥမင်လှိုဏ်ခေါင်းသို့ဆင်းခဲ့ရသလိုရဲတပ်ဖွဲ့ဝင်များကလည်းကြားဝင်ဖြေဖျန်ခဲ့ရပါတယ်။အဲဗာတန်ပရိသတ်တစ်ဦးဟာအဲဗာတန်အင်္ကျီကိုကွင်းအတွင်းပြန်လည်ပစ်ပေးတဲ့အထိဆိုးရွားခဲ့ပါတယ်။

အဲဗာတန်ဟာယခုရာသီတွင်လမ်းပတ်လက်အောက်မှာသုံးပွဲတည်းသာနိုင်ပွဲရရှိထားပြီးကြားရက်တုန်းကဘုန်းမောက်ကိုခါရာဘောင်ဖလားတွင်လည်းရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

ဘုန္းေမာက္ကို အရွက္တကြဲရႈံးၿပီးေနာက္ အဲဗာတန္ပရိသတ္မ်ားႏွင့္ကစားသမားမ်ား ျပႆနာတက္၊ ပရိသတ္တစ္ဦး အက်ႌျပန္ပစ္ေပးခဲ့

မေန႔ညတုန္းကဘုန္းေမာက္ကို၃-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္အဲဗာတန္ကစားသမားမ်ားႏွင့္ပရိသတ္မ်ားအၾကားျပႆနာတက္ခဲ့ၿပီးရဲတပ္ဖြဲ႕ဝင္မ်ားဝင္ေရာက္ထိန္းသိမ္းမႈျပဳလုပ္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကတန္းဆင္းလုနီးပါးအေနအထားသို႔ေရာက္ခဲ့ၿပီးတဲ့ေနာက္ အဲဗာတန္ပရိသတ္မ်ားဟာယခုရာသီတြင္လည္းစိတ္ပ်က္စရာေကာင္းတဲ့အသင္းရဲ႕ေျခစြမ္းႏွင့္ရလဒ္အေပၚေဒါသထြက္ေနၾကပါတယ္။

အဲဗာတန္ဟာကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီေနာက္ဆုံးပြဲျဖစ္တဲ့ဘုန္းေမာက္ႏွင့္ပြဲတြင္လည္း၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ကာတန္းမဆင္းရေရးတိုက္ပြဲဝင္လာရဦးမွာျဖစ္ပါတယ္။

 

ယင္းရႈံးပြဲေၾကာင့္အဲဗာတန္ဟာတန္းဆင္းဇုန္ႏွင့္ရမွတ္တစ္မွတ္အကြာသို႔ေရာက္ရွိေနပါတယ္။

ပြဲအၿပီးတြင္ဖရန႔္လမ္းပတ္ႏွင့္အဲဗာတန္ကစားသမားမ်ားဟာအေဝးကြင္းသို႔အထိလိုက္ပါအားေပးတဲ့အဲဗာတန္ပရိသတ္မ်ားကိုေက်းဇူးတင္ေၾကာင္းျပသတဲ့အေနျဖင့္လက္ခုတ္တီးႏႈတ္ဆက္ခဲ့ပါတယ္။ဒါေပမဲ့ေဒါသထြက္ေနတဲ့ပရိသတ္မ်ားရဲ႕တုံျပန္မႈေၾကာင့္အေျခအေနမွာ႐ုပ္ဆိုးအက်ည္းတန္သြားခဲ့ပါတယ္။

ဖရန႔္လမ္းပတ္ဟာကစားသမားမ်ားကိုဆြဲေခၚၿပီးဥမင္လႈိဏ္ေခါင္းသို႔ဆင္းခဲ့ရသလိုရဲတပ္ဖြဲ႕ဝင္မ်ားကလည္းၾကားဝင္ေျဖဖ်န္ခဲ့ရပါတယ္။အဲဗာတန္ပရိသတ္တစ္ဦးဟာအဲဗာတန္အက်ႌကိုကြင္းအတြင္းျပန္လည္ပစ္ေပးတဲ့အထိဆိုး႐ြားခဲ့ပါတယ္။

အဲဗာတန္ဟာယခုရာသီတြင္လမ္းပတ္လက္ေအာက္မွာသုံးပြဲတည္းသာႏိုင္ပြဲရရွိထားၿပီးၾကားရက္တုန္းကဘုန္းေမာက္ကိုခါရာေဘာင္ဖလားတြင္လည္းရႈံးနိမ့္ခဲ့ပါတယ္။