ဘုန်းမောက်နည်းပြရာထူးအတွက် အာဆင်နယ်ဂန္ထဝင်ဟင်နရီဆွေးနွေးနေ

အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးသီယာရီဟင်နရီဟာဘုန်းမောက်နည်းပြရာထူးအတွက်ဆွေးနွေးမှုများပြုလုပ် နေကြောင်းသိရပါတယ်။

ဘုန်းမောက်ဟာယခုလအစောပိုင်းတုန်းကနည်းပြဂျေဆင်တန်ဒဲလ်ကိုရာထူးမှထုတ်ပယ်ခဲ့ပြီးလက်ရှိအချိန်တွင် အင်္ဂလန်လက်ရွေးစင်ဟောင်းဆောက်ဂိတ်ကယာယီနည်းပြအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ဘုန်းမောက် ဟာအမြဲတမ်းနည်းပြအဖြစ်ခန့်အပ်နိုင်ရေးအတွက်ရှာဖွေမှုပြုလုပ်နေပါတယ်။

ဘုန်းမောက်ဟာပြီးခဲ့တဲ့နှစ်ပတ်တာကာလအတွင်းတွင်နည်းပြဟောင်းအက်ဒီဟိုဝီအပါအဝင်နည်းပြသစ်ခန့်အပ် နိုင်ရေးအတွက်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။

ဟင်နရီဟာလက်ရှိအချိန်တွင်အမေရိကန်မေဂျာလိဂ်ကလပ် Club de Foot Monteral (ယခင်အမည် မွန်ထရီရယ်အင်းပက်)ကိုကိုင်တွယ်နေပါတယ်။

သူဟာမာတီနက်ဇ်ရဲ့လက်အောက်တွင်ဘယ်လ်ဂျီယံလက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်ကာနည်းပြဘဝကိုစတင်ခဲ့ပြီးမိုနာကိုအသင်းကိုကိုင်တွယ်ခဲ့သော်လည်းပွဲ၂၀တည်းသာကိုင်တွယ်ခွင့်ရရှိကာထုတ်ပယ်ခံခဲ့ရပါတယ်။

သူဟာ၂၀၁၉ခုနှစ်၊နိုဝင်ဘာလတွင်မွန်ထရီရယ်ကိုကိုင်တွယ်ပြီးနောက်၂၉ပွဲကိုင်တွယ်ရာတွင်၉ပွဲနိုင်၊၄ပွဲသရေနှင့်၁၆ပွဲရှုံးနိမ့်ထားပါတယ်။

လက်ရှိအချိန်တွင်ဘုန်းမောက်နည်းပြရာထူးအတွက်ဟင်နရီရဲ့ပြင်သစ်နှင့်အာဆင်နယ်ကစားဖော်ဟောင်းဗီအဲရာကလည်းရေပန်းစားနေပါတယ်။ဗီအဲရာဟာလည်းပြီးခဲ့တဲ့နှစ်တုန်းကပြင်သစ်ကလပ်နိုက်စ်မှထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။

ZawGyi

ဘုန္းေမာက္နည္းျပရာထူးအတြက္ အာဆင္နယ္ဂႏၴဝင္ဟင္နရီေဆြးေႏြးေန

အာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးသီယာရီဟင္နရီဟာဘုန္းေမာက္နည္းျပရာထူးအတြက္ေဆြးေႏြးမႈမ်ားျပဳလုပ္ ေနေၾကာင္းသိရပါတယ္။

ဘုန္းေမာက္ဟာယခုလအေစာပိုင္းတုန္းကနည္းျပေဂ်ဆင္တန္ဒဲလ္ကိုရာထူးမွထုတ္ပယ္ခဲ့ၿပီးလက္ရွိအခ်ိန္တြင္ အဂၤလန္လက္ေ႐ြးစင္ေဟာင္းေဆာက္ဂိတ္ကယာယီနည္းျပအျဖစ္တာဝန္ထမ္းေဆာင္ေနပါတယ္။ဘုန္းေမာက္ ဟာအၿမဲတမ္းနည္းျပအျဖစ္ခန႔္အပ္ႏိုင္ေရးအတြက္ရွာေဖြမႈျပဳလုပ္ေနပါတယ္။

ဘုန္းေမာက္ဟာၿပီးခဲ့တဲ့ႏွစ္ပတ္တာကာလအတြင္းတြင္နည္းျပေဟာင္းအက္ဒီဟိုဝီအပါအဝင္နည္းျပသစ္ခန႔္အပ္ ႏိုင္ေရးအတြက္ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ပါတယ္။

ဟင္နရီဟာလက္ရွိအခ်ိန္တြင္အေမရိကန္ေမဂ်ာလိဂ္ကလပ္ Club de Foot Monteral (ယခင္အမည္ မြန္ထရီရယ္အင္းပက္)ကိုကိုင္တြယ္ေနပါတယ္။

သူဟာမာတီနက္ဇ္ရဲ႕လက္ေအာက္တြင္ဘယ္လ္ဂ်ီယံလက္ေထာက္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္ကာနည္းျပဘဝကိုစတင္ခဲ့ၿပီးမိုနာကိုအသင္းကိုကိုင္တြယ္ခဲ့ေသာ္လည္းပြဲ၂၀တည္းသာကိုင္တြယ္ခြင့္ရရွိကာထုတ္ပယ္ခံခဲ့ရပါတယ္။

သူဟာ၂၀၁၉ခုႏွစ္၊ႏိုဝင္ဘာလတြင္မြန္ထရီရယ္ကိုကိုင္တြယ္ၿပီးေနာက္၂၉ပြဲကိုင္တြယ္ရာတြင္၉ပြဲႏိုင္၊၄ပြဲသေရႏွင့္၁၆ပြဲရႈံးနိမ့္ထားပါတယ္။

လက္ရွိအခ်ိန္တြင္ဘုန္းေမာက္နည္းျပရာထူးအတြက္ဟင္နရီရဲ႕ျပင္သစ္ႏွင့္အာဆင္နယ္ကစားေဖာ္ေဟာင္းဗီအဲရာကလည္းေရပန္းစားေနပါတယ္။ဗီအဲရာဟာလည္းၿပီးခဲ့တဲ့ႏွစ္တုန္းကျပင္သစ္ကလပ္ႏိုက္စ္မွထြက္ခြာလာၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ပါတယ္။