
အာဆင်နယ်ဟာစနေနေ့တုန်းကဘုန်းမောက်ကိုအနိုင်ရတဲ့ပွဲစဉ်မှအောင်ပွဲခံမှုအတွက်အက်ဖ်အေရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။
အာဆင်နယ်ဟာရိုက်စ်နယ်ဆင်ရဲ့၉၇မိနစ်တွင်သွင်းယူတဲ့အနိုင်ဂိုးကြောင့်ဘုန်းမောက်ကိုနောက်ကလိုက်ကစားကာ၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်ဟာယင်းအနိုင်ဂိုးရရှိပြီးနောက်အောင်ပွဲခံမှုကြောင့်အက်ဖ်အေရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရကြောင်း Football London ကဖော်ပြသွားပါတယ်။
နယ်ဆင်ကနာကျင်အချိန်ပိုတွင်အဖိုးတန်အနိုင်ဂိုးသွင်းယူလိုက်ပြီးတဲ့နောက်အာဆင်နယ်ကစားသမားများ၊နည်းပြအဖွဲ့ဝင်များဟာအမ်းမရိတ်ကွင်းအတွင်းသို့ဝင်ရောက်ကာအောင်ပွဲခံမှုပြုလုပ်ခဲ့ကြပါတယ်။
ကွင်းလယ်ဒိုင်လူကြီးခရစ်ခါဗာနစ်ချ်ဟာပွဲအပြီးမှတ်တမ်းတွင်အာဆင်နယ်အသင်းရဲ့အောင်ပွဲခံမှုကိုထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်တွင်အက်ဖ်အေဟာအထက်ပါအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီးအရေးယူ/မယူမသိရသေးပါဘူး။
ဒါပေမဲ့ဘုန်းမောက်နည်းပြဂယ်ရီအိုနေးလ်ကတော့ အနိုင်ဂိုးကြောင့်အာဆင်နယ်တစ်သင်းလုံးကွ့င်းအတွင်းဝင်ရောက်ကာအောင်ပွဲခံမှုအပေါ်အပြစ်မမြင်ကြောင်းဆိုထားပါတယ်။
ယင်းပွဲတွင်ဘုန်းမောက်ဟာပွဲအစ၉.၁၁စက္ကန့်တွင်ဘီလင်းသွင်းယူတဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးဆီနီဆီရဲ့ဂိုးကြောင့်ဒုတိယဦးဆောင်ဂိုးထပ်မံရရှိခဲ့ပါတယ်။ဒါပေမဲ့အာဆင်နယ်ဟာသောမတ်စ်ပါတေး၊ဘင်ဝှိုက်တို့ရဲ့ဂိုးကြောင့်ချေပဂိုးရရှိခဲ့ကာနာကျင်အချိန်ပိုတွင်နယ်ဆင်ကအနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။
ZawGyi
ဘုန္းေမာက္ႏွင့္ပြဲစဥ္ရဲ႕ေနာက္ဆုံးမိနစ္အႏိုင္ဂိုး ေအာင္ပြဲခံမႈေၾကာင့္ စုံစမ္းစစ္ေဆးျခင္းခံေနရတဲ့ အာဆင္နယ္
အာဆင္နယ္ဟာစေနေန႔တုန္းကဘုန္းေမာက္ကိုအႏိုင္ရတဲ့ပြဲစဥ္မွေအာင္ပြဲခံမႈအတြက္အက္ဖ္ေအရဲ႕စုံစမ္းစစ္ေဆးျခင္းခံေနရပါတယ္။
အာဆင္နယ္ဟာ႐ိုက္စ္နယ္ဆင္ရဲ႕၉၇မိနစ္တြင္သြင္းယူတဲ့အႏိုင္ဂိုးေၾကာင့္ဘုန္းေမာက္ကိုေနာက္ကလိုက္ကစားကာ၃-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
အာဆင္နယ္ဟာယင္းအႏိုင္ဂိုးရရွိၿပီးေနာက္ေအာင္ပြဲခံမႈေၾကာင့္အက္ဖ္ေအရဲ႕စုံစမ္းစစ္ေဆးျခင္းခံေနရေၾကာင္း Football London ကေဖာ္ျပသြားပါတယ္။
နယ္ဆင္ကနာက်င္အခ်ိန္ပိုတြင္အဖိုးတန္အႏိုင္ဂိုးသြင္းယူလိုက္ၿပီးတဲ့ေနာက္အာဆင္နယ္ကစားသမားမ်ား၊နည္းျပအဖြဲ႕ဝင္မ်ားဟာအမ္းမရိတ္ကြင္းအတြင္းသို႔ဝင္ေရာက္ကာေအာင္ပြဲခံမႈျပဳလုပ္ခဲ့ၾကပါတယ္။
ကြင္းလယ္ဒိုင္လူႀကီးခရစ္ခါဗာနစ္ခ်္ဟာပြဲအၿပီးမွတ္တမ္းတြင္အာဆင္နယ္အသင္းရဲ႕ေအာင္ပြဲခံမႈကိုထည့္သြင္းေရးသားေဖာ္ျပခဲ့ပါတယ္။
လက္ရွိအခ်ိန္တြင္အက္ဖ္ေအဟာအထက္ပါအျဖစ္အပ်က္ကိုစုံစမ္းစစ္ေဆးေနဆဲျဖစ္ၿပီးအေရးယူ/မယူမသိရေသးပါဘူး။
ဒါေပမဲ့ဘုန္းေမာက္နည္းျပဂယ္ရီအိုေနးလ္ကေတာ့ အႏိုင္ဂိုးေၾကာင့္အာဆင္နယ္တစ္သင္းလုံးကြ႕င္းအတြင္းဝင္ေရာက္ကာေအာင္ပြဲခံမႈအေပၚအျပစ္မျမင္ေၾကာင္းဆိုထားပါတယ္။
ယင္းပြဲတြင္ဘုန္းေမာက္ဟာပြဲအစ၉.၁၁စကၠန႔္တြင္ဘီလင္းသြင္းယူတဲ့ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးဆီနီဆီရဲ႕ဂိုးေၾကာင့္ဒုတိယဦးေဆာင္ဂိုးထပ္မံရရွိခဲ့ပါတယ္။ဒါေပမဲ့အာဆင္နယ္ဟာေသာမတ္စ္ပါေတး၊ဘင္ဝႈိက္တို႔ရဲ႕ဂိုးေၾကာင့္ေခ်ပဂိုးရရွိခဲ့ကာနာက်င္အခ်ိန္ပိုတြင္နယ္ဆင္ကအႏိုင္ဂိုးသြင္းယူသြားခဲ့ပါတယ္။