
အာဆင်နယ်ဟာပြီးခဲ့တဲ့အပတ်တုန်းကဘုန်းမောက်နှင့်ပွဲစဉ်မှနောက်ကျအနိုင်ဂိုးအောင်ပွဲခံမှုအတွက်အက်ဖ်အေရဲ့အရေးယူခြင်းခံလာရမှာမဟုတ်ပါဘူး။
အက်ဖ်အေဟာရိုက်စ်နယ်ဆင်က၉၇မိနစ်တွင်အနိုင်ဂိုးသွင်းယူလိုက်ပြီးနောက်အာဆင်နယ်ဝန်ထမ်းများနှင့်အရန်ကစားသမားများကွင်းအတွင်းသို့ဝင်ရောက်အောင်ပွဲခံမှုကိုဒိုင်လူကြီးခရစ်ကာဗာနစ်ချ်ကပွဲပြီးမှတ်တမ်းတွင်ထည့်သွင်းဖော်ပြလာပြီးနောက်ယင်းဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့အက်ဖ်အေဟာကာဗာနစ်ချ်ရဲ့သုံးသပ်ချက်ကိုဖတ်ရှုပြီး စစ်ဆေးမှုများပြုလုပ်ပြးနောက်အာဆင်နယ်ကိုအရေးမယူရန်ဆုံးဖြတ်လိုက်ပါတယ်။
အာဆင်နယ်ပရိသတ်များက၎င်းတို့အသင်းဟာယခုရာသီတွင်အက်ဖ်အေရဲ့မမျှမတပစ်မှတ်ထားခြင်းခံနေရတယ်လို့ယုံကြည်နေကြပါတယ်။
အာဆင်နယ်ဟာနယူးကာဆယ်၊အောက်စ်ဖို့ဒ်၊မန်စီးတီးတို့နှင့်ပွဲစဉ်များတွင်ကစားသမားများကိုထိန်းချုပ်နိုင်ခြင်းမရှိမှုအတွက်စုစုပေါင်းပေါင်၁၆၅၀၀၀၀ဒဏ်ရိုက်ခံခဲ့ရပြီးလည်းဖြစ်ပါတယ်။
တဖက်တွင်ဒိုင်လူကြီးအဖွဲ့ချုပ်ဟာဒိုင်လူကြီးများရဲ့မှားယွင်းဆုံးဖြတ်မှုများအတွက်အာဆင်နယ်အသင်းကိုနှစ်ကြိမ်တိုင်တိုင်တောင်းပန်ခဲ့ရပြီးလည်းဖြစ်ပါတယ်။
ZawGyi
ဘုန္းေမာက္ပြဲစဥ္မွ ဂိုးသြင္းေအာင္ပြဲခံမႈအတြက္ အာဆင္နယ္ အေရးယူျခင္းခံရမည္မဟုတ္
အာဆင္နယ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကဘုန္းေမာက္ႏွင့္ပြဲစဥ္မွေနာက္က်အႏိုင္ဂိုးေအာင္ပြဲခံမႈအတြက္အက္ဖ္ေအရဲ႕အေရးယူျခင္းခံလာရမွာမဟုတ္ပါဘူး။
အက္ဖ္ေအဟာ႐ိုက္စ္နယ္ဆင္က၉၇မိနစ္တြင္အႏိုင္ဂိုးသြင္းယူလိုက္ၿပီးေနာက္အာဆင္နယ္ဝန္ထမ္းမ်ားႏွင့္အရန္ကစားသမားမ်ားကြင္းအတြင္းသို႔ဝင္ေရာက္ေအာင္ပြဲခံမႈကိုဒိုင္လူႀကီးခရစ္ကာဗာနစ္ခ်္ကပြဲၿပီးမွတ္တမ္းတြင္ထည့္သြင္းေဖာ္ျပလာၿပီးေနာက္ယင္းျဖစ္ရပ္ကိုစုံစမ္းစစ္ေဆးမႈျပဳလုပ္ခဲ့ပါတယ္။
ဒါေပမဲ့အက္ဖ္ေအဟာကာဗာနစ္ခ်္ရဲ႕သုံးသပ္ခ်က္ကိုဖတ္ရႈၿပီး စစ္ေဆးမႈမ်ားျပဳလုပ္ျပးေနာက္အာဆင္နယ္ကိုအေရးမယူရန္ဆုံးျဖတ္လိုက္ပါတယ္။
အာဆင္နယ္ပရိသတ္မ်ားက၎တို႔အသင္းဟာယခုရာသီတြင္အက္ဖ္ေအရဲ႕မမွ်မတပစ္မွတ္ထားျခင္းခံေနရတယ္လို႔ယုံၾကည္ေနၾကပါတယ္။
အာဆင္နယ္ဟာနယူးကာဆယ္၊ေအာက္စ္ဖို႔ဒ္၊မန္စီးတီးတို႔ႏွင့္ပြဲစဥ္မ်ားတြင္ကစားသမားမ်ားကိုထိန္းခ်ဳပ္ႏိုင္ျခင္းမရွိမႈအတြက္စုစုေပါင္းေပါင္၁၆၅၀၀၀၀ဒဏ္႐ိုက္ခံခဲ့ရၿပီးလည္းျဖစ္ပါတယ္။
တဖက္တြင္ဒိုင္လူႀကီးအဖြဲ႕ခ်ဳပ္ဟာဒိုင္လူႀကီးမ်ားရဲ႕မွားယြင္းဆုံးျဖတ္မႈမ်ားအတြက္အာဆင္နယ္အသင္းကိုႏွစ္ႀကိမ္တိုင္တိုင္ေတာင္းပန္ခဲ့ရၿပီးလည္းျဖစ္ပါတယ္။