
လီဗာပူးနောက်ခံလူဗာဂယ်ဗန်ဒိုက်ဟာမနေ့ညတုန်းကဘုန်းမောက်နှင့်ပွဲစဉ်တုန်းမှ ပေးလိုက်ရတဲ့အနိုင်ဂိုးအားပြေးလွှားရန်ပျင်းရိမှုကြောင့် ပေးလိုက်ရမှုနှင့်အတူပရိသတ်များရဲ့ဝေဖန်မှုများ ရင်ဆိင်ခဲ့ရပါတယ်။
လီဗာပူးဟာပြီးခဲ့တဲ့အပတ်တုန်းကအန်ဖီးလ်တွင်ယူနိုက်တက်ကို ၇-၀ ဂိုးဖြင့်သမိုင်းဝင်နိုင်ပွဲရယူနိုင်ခဲ့ပြီးတဲ့နောက်စနေနေ့တုန်းက Vitality Stadium သို့သွားရောက်ကစားခဲ့ရပါတယ်။
အိမ်ရှင်ဘုန်းမောက်ဟာပြီးခဲ့တဲ့အပတ်တုန်းကပြီးခဲ့တဲ့အပတ်တုန်းက အာဆင်နယ်ကို အံ့ဩသင့်စရာကောင်းလောက်အောင် ၂-၀ ဂိုးဖြင့် ဦးဆောင်ကစားနိုင်ခဲ့ပြီး ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ဘုန်းမောက်ဟာမနေ့ညတုန်းကလီဗာပူးကို ၁-၀ ဂိုးဖြင့်မထင်မှတ်ဘဲအနိုင်ယူခဲ့ပါတယ်။
မနေ့ညကပွဲတွင်ဘုန်းမောက်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုဖီးလစ်ဘီလင်းကပင်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဖီးလစ်ဘီလင်းဟာနှစ်ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။သူဟာ ပြီးခဲ့တဲ့အပတ်တုန်းကအာဆင်နယ်နှင့်ပွဲတွင်လည်းပွဲအစ ၉.၁၁ စက္ကန့်တွင်ပင် ဂိုးသွင်းခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ မနေ့ညကပွဲတွင်ဒန်ဂိုအူအာတာရာရဲ့ပေးပို့မှုကနေ သွင်းယူခဲ့တာပါ။
ဘုန်းမောက်ဟာဗာဂယ်ဗန်ဒိုက်ရဲ့ပြေးလွားရန် ပျင်းရိမှုကြောင့်အနိုင်ဂိုးရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။
ဗန်ဒိုက်ဟာအူအာတာရာရဲ့ကစားဟန်တည်ဆောက်မှုကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့လည်းနောက်က ပြေးလိုက်ခဲ့ခြင်းမရှိဘဲရပ်တန့်ခဲ့ပြီးတားဆီးခဲ့ခြင်းမရှိပါဘူး။
ပုံမှန်အားဖြင့်ဗန်ဒိုက်ဟာ 1vs 1 အခြေအနေတွင်အလွန်ကောင်းတဲ့ခံစစ်မှူးဖြစ်ပေမဲ့လည်း အံ့ဩသင့်စရာကောင်းအောင် အူအာတာရာကိုတားဆီးခြင်းမရှိဘဲလက်လျှော့လိုက်မှုနဲ့အတူဘုန်းမောက်ကိုအနိုင်ဂိုးပေးလိုက်ရမှုအပေါ် လီဗာပူးပရိသတ်များအံ့ဩသင့်လျက်ရှိကြပါတယ်။
ဗန်ဒိုက်ဟာအူအာတာရာကိုတားဆီးရန်ပြေးလွှားရန် ပျင်းရိမှုနှင့်အတူပရိသတ်များရဲ့ဝေဖန်တိုက်ခိုက်မှုများရင်ဆိုင်နေရပါတယ်။
မနေ့ညကပွဲတွင်လီဗာပူးဟာဒုတိယပိုင်းတွင်ချေပဂိုးရနိုင်တဲ့ အခွင့်အရေးအဖြစ်ပင်နယ်တီ ရရှိခဲ့ပေမဲ့လည်းမိုဟာမက်ဆာလက်ကန်ချက်လွဲသွားမှုနဲ့အတူချေပဂိုးမရဘဲရှုံးပွဲကြုံခဲ့ရပါတယ်။
ZawGyi
ဘုန်းမောက်ရဲဂိုးအတွက် ငပျင်းလို့ ဝေဖန်ခြင်းကြုံနေရတဲ့ လီဗာပူးဗဟိနောက်ခံလူဗန်ဒိုက်