ဘုရားသခင်ရဲ့နာမတော်ဖြင့်ကျိန်ဆဲမှုအတွက်ဘူဖွန်ဒဏ်ရိုက်ခြင်းခံရ

ဂျူဗင်တပ်ဂိုးသမားဘူဖွန်ဟာပါးမားနှင့်စီးရီးအေပွဲစဉ်တွင်ဘုရားသခင်ရဲ့နာမတော်ဖြင့်ကျိန်ဆဲခဲ့မှုအတွက်ယူရို၅၀၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

အီတလီဂန္ထဝင်ဂိုးသမားဟာဒီဇင်ဘာလ၁၉ရက်နေ့တုန်းကပါးမားကိုအနိုင်ရရှိတဲ့ပွဲစဉ်မှာဘုရားသခင်ရဲ့နာမတော် ဖြင့်ကျိန်ဆဲမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးကော်မတီဟာဘူဖွန်ရဲ့ဖြစ်ရပ်ကိုရက်သတ္တပတ်အတန်ကြာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက်ဘူဖွန်ကိုယူရို၅၀၀၀ဒဏ်ရိုက်လိုက်တာလည်းဖြစ်ပါတယ်။

ဘူဖွန်ဟာအစောပိုင်းတုန်းကတစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရနိုင်တဲ့အနေအထားမှာရှိပေမယ့်လည်းဒဏ်ငွေသာ ကျခံရတော့မှာလည်းဖြစ်ပါတယ်။

အစောပိုင်းတုန်းကဘူဖွန်ကဲ့သို့ဘုရားသခင်ရဲ့နာမတော်ဖြင့်ကျိန်ဆဲဖူးတဲ့ရိုးမားနောက်ခံလူဘရိုင်ယန်ခရစ္စတီးနှင့်လာဇီယိုတောင်ပံကစားသမားလာဇာရီတို့မှာတစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပါတယ်။လာဇီယိုနည်းပြအင်ဇာဂီမှာ လည်းဒဏ်ရိုက်ခြင်းခံခဲ့ရဖူးပါတယ်။

ZawGyi





