ဘုရားသခင်ရဲ့နာမတော်ဖြင့်ကျိန်ဆဲခဲ့တဲ့ ဘူဖွန် တစ်ပွဲပယ်ခံရ

ဂျူဗင်တပ်ဂိုးသမားဘူဖွန်ဟာဘုရားသခင်ရဲ့နာမတော်ဖြင့်ကျိန်ဆဲမှုအတွက်တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

ဘူဖွန်ဟာဒီဇင်ဘာလတုန်းကပါးမားနှင့်ပွဲစဉ်တွင်ဘုရားသခင်ရဲ့နာမတော်ဖြင့်ကျိန်ဆဲခဲ့ခြင်းဖြစ်ပြီးသူ့အသံကိုမိုက်ခရိုဖုန်းဖြင့်ဖမ်းယူထားနိုင်ခဲ့ပြီးရုပ်သံကြည့်သူအားလုံးကြားခဲ့ရပါတယ်။

ဘူဖွန်ဟာတစ်ပွဲပယ်ပြစ်ဒဏ်ကြောင့်စနေနေ့တွင်တိုရီနိုနှင့်ရင်ဆိုင်ကစားရမယ့်ဒါဘီပွဲစဉ်ကိုလွဲချော်မယ့်အပြင်ယူရို၅၀၀၀လည်းဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။ဘူဖွန်ဟာဆက်ဇက်နီရဲ့အရန်အဖြစ်သာကစားခွင့်ရရှိနေတာကြောင့်သူပွဲပယ်ခံရမှုကဂျူဗင်တပ်အတွက်ထိခိုက်ခြင်းမရှိပါဘူး။

ZawGyi

ဘုရားသခင္ရဲ႕နာမေတာ္ျဖင့္က်ိန္ဆဲခဲ့တဲ့ ဘူဖြန္ တစ္ပြဲပယ္ခံရ

ဂ်ဴဗင္တပ္ဂိုးသမားဘူဖြန္ဟာဘုရားသခင္ရဲ႕နာမေတာ္ျဖင့္က်ိန္ဆဲမႈအတြက္တစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

ဘူဖြန္ဟာဒီဇင္ဘာလတုန္းကပါးမားႏွင့္ပြဲစဥ္တြင္ဘုရားသခင္ရဲ႕နာမေတာ္ျဖင့္က်ိန္ဆဲခဲ့ျခင္းျဖစ္ၿပီးသူ႔အသံကိုမိုက္ခ႐ိုဖုန္းျဖင့္ဖမ္းယူထားႏိုင္ခဲ့ၿပီး႐ုပ္သံၾကည့္သူအားလုံးၾကားခဲ့ရပါတယ္။

ဘူဖြန္ဟာတစ္ပြဲပယ္ျပစ္ဒဏ္ေၾကာင့္စေနေန႔တြင္တိုရီႏိုႏွင့္ရင္ဆိုင္ကစားရမယ့္ဒါဘီပြဲစဥ္ကိုလြဲေခ်ာ္မယ့္အျပင္ယူ႐ို၅၀၀၀လည္းဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။ဘူဖြန္ဟာဆက္ဇက္နီရဲ႕အရန္အျဖစ္သာကစားခြင့္ရရွိေနတာေၾကာင့္သူပြဲပယ္ခံရမႈကဂ်ဴဗင္တပ္အတြက္ထိခိုက္ျခင္းမရွိပါဘူး။