ဘုရားသခင်ရဲ့နာမတော်ဖြင့်ကျိန်ဆဲခဲ့တဲ့ဘူဖွန်ပွဲပယ်ခံရမယ့်အရေးမှလွတ်မြောက်ဖွယ်ရှိ

ဂျူဗင်တပ်ဂိုးသမားဂီယန်လူဂီဘူဖွန်ဟာပြီးခဲ့တဲ့အပတ်တုန်းကအင်တာမီလန်နှင့်ပွဲစဉ်တွင်ဘုရားသခင်ရဲ့နာမတော်ဖြင့်ကျိန်ဆဲမှုပြုလုပ်ခဲ့သော်လည်းတစ်ပွဲပယ်ခံရမယ့်အရေးနှင့်လွတ်မြောက်သွားဖွယ်ရှိနေကြောင်းသိရပါတယ်။

ဝါရင့်ဂိုးသမားဟာအင်တာမီလန်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ကိုပါအီတာလီယာဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ လူသာရိုမာတီနက်ဇ်ကအဖွင့်ဂိုးသွင်းယူလိုက်ပြီးနောက်ဘုရားသခင်ရဲ့နာမတော်ဖြင့်ကျိန်ဆဲမှုပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့်ယင်းပွဲကိုကြီးကြပ်ခဲ့တဲ့ကွင်းလယ်ဒိုင်လူကြီးဂျီယန်ပါအိုလိုကယ်ဗာရက်စ်ကပွဲပြီးအစီရင်ခံမှာဘူဖွန်ရဲ့အဖြစ်အပျက်ကိုသိရှိခြင်းမရှိဘဲထည့်သွင်းရေးသားခဲ့ခြင်းမရှိတာကြောင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့် အရေးယူနိုင်ဖွယ်မရှိပါဘူး။

ဘူဖွန်ဟာပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကပါးမားအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တုန်းကလည်းဘုရားသခင်ကဝက်ဆို ပြီးအော်ဟစ်ပြောကြားခဲ့မှုအတွက်စုံစမ်းစစ်ဆေးမှုများခံယူနေရဆဲကစားသမားလည်းဖြစ်ပါတယ်။

ZawGyi

ဘုရားသခင္ရဲ႕နာမေတာ္ျဖင့္က်ိန္ဆဲခဲ့တဲ့ဘူဖြန္ပြဲပယ္ခံရမယ့္အေရးမွလြတ္ေျမာက္ဖြယ္ရွိ

ဂ်ဴဗင္တပ္ဂိုးသမားဂီယန္လူဂီဘူဖြန္ဟာၿပီးခဲ့တဲ့အပတ္တုန္းကအင္တာမီလန္ႏွင့္ပြဲစဥ္တြင္ဘုရားသခင္ရဲ႕နာမေတာ္ျဖင့္က်ိန္ဆဲမႈျပဳလုပ္ခဲ့ေသာ္လည္းတစ္ပြဲပယ္ခံရမယ့္အေရးႏွင့္လြတ္ေျမာက္သြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။

ဝါရင့္ဂိုးသမားဟာအင္တာမီလန္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ကိုပါအီတာလီယာဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္မွာ လူသာ႐ိုမာတီနက္ဇ္ကအဖြင့္ဂိုးသြင္းယူလိုက္ၿပီးေနာက္ဘုရားသခင္ရဲ႕နာမေတာ္ျဖင့္က်ိန္ဆဲမႈျပဳလုပ္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ယင္းပြဲကိုႀကီးၾကပ္ခဲ့တဲ့ကြင္းလယ္ဒိုင္လူႀကီးဂ်ီယန္ပါအိုလိုကယ္ဗာရက္စ္ကပြဲၿပီးအစီရင္ခံမွာဘူဖြန္ရဲ႕အျဖစ္အပ်က္ကိုသိရွိျခင္းမရွိဘဲထည့္သြင္းေရးသားခဲ့ျခင္းမရွိတာေၾကာင့္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီအေနျဖင့္ အေရးယူႏိုင္ဖြယ္မရွိပါဘူး။

ဘူဖြန္ဟာၿပီးခဲ့တဲ့ဒီဇင္ဘာလတုန္းကပါးမားအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တုန္းကလည္းဘုရားသခင္ကဝက္ဆို ၿပီးေအာ္ဟစ္ေျပာၾကားခဲ့မႈအတြက္စုံစမ္းစစ္ေဆးမႈမ်ားခံယူေနရဆဲကစားသမားလည္းျဖစ္ပါတယ္။