ဘူဖွန်ကို အလွန်အံ့ဩစရာကောင်းတဲ့ မုန့်ချိုစာချုပ် ကမ်းလှမ်းမှုပြုလုပ်လိုက်တဲ့ ပေါ်တူဂီကလပ်

ပေါ်တူဂီချန်ပီယံဟောင်းဘီလီနက်စ်ဟာဂျူဗင်တပ်မှထွက်ခွာတော့မယ့် မုန့်ချိုများ၊ပြတိုက်လည်ပတ်ခွင့်၊အခမဲ့တည်းခိုခွင့်တို့ပါဝင်တဲ့အံ့ဩစရာကောင်းတဲ့ကြောင်တောင်တောင်စာချုပ်ကမ်းလှမ်းမှုပြုလုပ်လိုက်ပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကဘူဖွန်ကယခုရာသီအကုန်တွင်ဂျူဗင်တပ်မှထွက်ခွာမည်ဖြစ်ပြီးကစားသမားဘဝမှအနားယူဦးမည်မဟုတ်သေးကြောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ဘူဖွန်က၎င်းအနေဖြင့်ရူးကြောင်ကြောင်ကမ်းလှမ်းမှုမျိုးပြုလုပ်လာလျှင်လက်ခံသွားရန်အသင့်ရှိကြောင်းလည်းပြောကြားခဲ့ဖူးပါတယ်။

ဒါကြောင့်လည်းဘီလီနက်စ်ကဘူဖွန်အားရူးကြောင်ကြောင်နိုင်တဲ့ကမ်းလှမ်းမှုမျိုးပြုလုပ်ကာပေါ်တူဂီတွင်စိန်ခေါ်မှုသစ်ရင်ဆိုင်ရန်အခွင့်အရေးပေးလာပါတယ်။

ဘီလီနက်စ်က “ခင်ဗျား(ဘူဖွန်)ဟာစိန်ခေါ်မှုသစ်ရှာနေတယ်လို့ကြားပါတယ်။ပြီးတော့ရူးကြောင်ကြောင်နိုင်ပြီးတက်ကြွစေမယ့်ကမ်းလှမ်းမှုမျိုးလိုချင်တယ်လို့လည်းကြားပါတယ်။ဒါကြောင့်လည်းကျွန်တော်တို့အနေနဲ့ကမ်းလှမ်းမှုပြုလုပ်ဖို့ဆုံးဖြတ်လိုက်တာပါ။လစ္စဘွန်းသို့လာပြီးကျွန်တော်တို့ကိုဘောလုံးလောကကကျွန်တော်တို့ရဲ့နေရာကိုပြန်လည်ရအောင်ကူညီဖို့ဆိုရင်လဲ။ကျွန်တော်တို့မှာအားကစားသမားတွေအတွက်အိမ်တစ်လုံးရှိပါတယ်။နိမ့်ကျတဲ့နေရာတစ်ခုဆိုပေမယ့်လူတိုင်းအိပ်ဖို့အိပ်ယာကိုယ်စီရရှိပါတယ်။ခင်ဗျားအနေနဲ့တာဂူးမြစ်ကိုအပေါ်စီးကမြင်နိုင်တဲ့ အိမ်တစ်လုံးကိုလည်းရွေးနိုင်ပါသေးတယ်။ဒါကတော့ခင်ဗျားအပေါ်မှာဘဲမူတည်ပါတယ်။စာချုပ်ထဲမှာဆိုရင်လည်း MAAT (သုခုမအနုပညာကိုခင်ဗျားသိပြီးသားဖြစ်မှာပါ)အတွက်လက်မှတ်ပါမယ်။ပြီးတော့မိသားစုအတွက်လက်မှတ်တစ်စောင်ပါတယ်။တစ်ပတ်တစ်ခါ Coach Musem ၊ Monument ကနေ Discoveries ၊ ဘီလမ်မျှော်စင်၊ Jeronimos Monastery သို့သွားရောက်လည်ပတ်ခွင့်လက်မှတ်ရမယ်။မိသားစုအတွက်တစ်စောင်ပေးဦးမှာ။နောက်ဆုံးနှစ်နေရာကမကြာခင်တုန်းကမှကမ္ဘာ့အမွေအနစ်အဖြစ်သတ်မှတ်ခံရတဲ့နေရာတွေပါ။စာချုပ်ထဲမှာပေါ်တူဂီမုန့်ချိုတွေထဲမှာနာမည်အကြီးဆုံးဖြစ်တဲ့ Pasteis de Belem(မုန့်ချို) ခြောက်ထုပ်တစ်ပတ်တစ်ခါရမယ်။ဒီမုန့်တွေကခင်ဗျားရဲ့ကိုယ်အလေးချိန်ထိန်းသိမ်းရေးအတွက်ဘာမှမထိခိုက်စေပါဘူး”လို့ကြေညာသွားပါတယ်။

ဘီလီနက်စ်ဟာပေါ်တူဂီအမှတ်ပေးဖလားကိုလေးကြိမ်တိုင်တိုင်ဆွတ်ခူးထားတဲ့အသင်းဖြစ်ပါတယ်။၎င်းတို့ဟာ၂၀၁၈ခုနှစ်တုန်းကဒေဝါလီခံလိုက်ရပြိးတဲ့နောက်သတ္တမတန်းသို့တန်းဆင်းသွားခဲ့ရပါတယ်။၎င်းတို့ဟာတန်းနှစ်တန်းဆက်တိုက်တက်ခွင့်ရရှိပြီးယခုအခါပဥ္စမတန်းမှာကစားနေပါတယ်။

ZawGyi

ဘူဖြန္ကို အလြန္အံ့ဩစရာေကာင္းတဲ့ မုန႔္ခ်ိဳစာခ်ဳပ္ ကမ္းလွမ္းမႈျပဳလုပ္လိုက္တဲ့ ေပၚတူဂီကလပ္

ေပၚတူဂီခ်န္ပီယံေဟာင္းဘီလီနက္စ္ဟာဂ်ဴဗင္တပ္မွထြက္ခြာေတာ့မယ့္ မုန႔္ခ်ိဳမ်ား၊ျပတိုက္လည္ပတ္ခြင့္၊အခမဲ့တည္းခိုခြင့္တို႔ပါဝင္တဲ့အံ့ဩစရာေကာင္းတဲ့ေၾကာင္ေတာင္ေတာင္စာခ်ဳပ္ကမ္းလွမ္းမႈျပဳလုပ္လိုက္ပါတယ္။

ယခုအပတ္အေစာပိုင္းတုန္းကဘူဖြန္ကယခုရာသီအကုန္တြင္ဂ်ဴဗင္တပ္မွထြက္ခြာမည္ျဖစ္ၿပီးကစားသမားဘဝမွအနားယူဦးမည္မဟုတ္ေသးေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ဘူဖြန္က၎အေနျဖင့္႐ူးေၾကာင္ေၾကာင္ကမ္းလွမ္းမႈမ်ိဳးျပဳလုပ္လာလွ်င္လက္ခံသြားရန္အသင့္ရွိေၾကာင္းလည္းေျပာၾကားခဲ့ဖူးပါတယ္။

ဒါေၾကာင့္လည္းဘီလီနက္စ္ကဘူဖြန္အား႐ူးေၾကာင္ေၾကာင္ႏိုင္တဲ့ကမ္းလွမ္းမႈမ်ိဳးျပဳလုပ္ကာေပၚတူဂီတြင္စိန္ေခၚမႈသစ္ရင္ဆိုင္ရန္အခြင့္အေရးေပးလာပါတယ္။

ဘီလီနက္စ္က “ခင္ဗ်ား(ဘူဖြန္)ဟာစိန္ေခၚမႈသစ္ရွာေနတယ္လို႔ၾကားပါတယ္။ၿပီးေတာ့႐ူးေၾကာင္ေၾကာင္ႏိုင္ၿပီးတက္ႂကြေစမယ့္ကမ္းလွမ္းမႈမ်ိဳးလိုခ်င္တယ္လို႔လည္းၾကားပါတယ္။ဒါေၾကာင့္လည္းကြၽန္ေတာ္တို႔အေနနဲ႔ကမ္းလွမ္းမႈျပဳလုပ္ဖို႔ဆုံးျဖတ္လိုက္တာပါ။လစၥဘြန္းသို႔လာၿပီးကြၽန္ေတာ္တို႔ကိုေဘာလုံးေလာကကကြၽန္ေတာ္တို႔ရဲ႕ေနရာကိုျပန္လည္ရေအာင္ကူညီဖို႔ဆိုရင္လဲ။ကြၽန္ေတာ္တို႔မွာအားကစားသမားေတြအတြက္အိမ္တစ္လုံးရွိပါတယ္။နိမ့္က်တဲ့ေနရာတစ္ခုဆိုေပမယ့္လူတိုင္းအိပ္ဖို႔အိပ္ယာကိုယ္စီရရွိပါတယ္။ခင္ဗ်ားအေနနဲ႔တာဂူးျမစ္ကိုအေပၚစီးကျမင္ႏိုင္တဲ့ အိမ္တစ္လုံးကိုလည္းေ႐ြးႏိုင္ပါေသးတယ္။ဒါကေတာ့ခင္ဗ်ားအေပၚမွာဘဲမူတည္ပါတယ္။စာခ်ဳပ္ထဲမွာဆိုရင္လည္း MAAT (သုခုမအႏုပညာကိုခင္ဗ်ားသိၿပီးသားျဖစ္မွာပါ)အတြက္လက္မွတ္ပါမယ္။ၿပီးေတာ့မိသားစုအတြက္လက္မွတ္တစ္ေစာင္ပါတယ္။တစ္ပတ္တစ္ခါ Coach Musem ၊ Monument ကေန Discoveries ၊ ဘီလမ္ေမွ်ာ္စင္၊ Jeronimos Monastery သို႔သြားေရာက္လည္ပတ္ခြင့္လက္မွတ္ရမယ္။မိသားစုအတြက္တစ္ေစာင္ေပးဦးမွာ။ေနာက္ဆုံးႏွစ္ေနရာကမၾကာခင္တုန္းကမွကမာၻ႔အေမြအနစ္အျဖစ္သတ္မွတ္ခံရတဲ့ေနရာေတြပါ။စာခ်ဳပ္ထဲမွာေပၚတူဂီမုန႔္ခ်ိဳေတြထဲမွာနာမည္အႀကီးဆုံးျဖစ္တဲ့ Pasteis de Belem(မုန႔္ခ်ိဳ) ေျခာက္ထုပ္တစ္ပတ္တစ္ခါရမယ္။ဒီမုန႔္ေတြကခင္ဗ်ားရဲ႕ကိုယ္အေလးခ်ိန္ထိန္းသိမ္းေရးအတြက္ဘာမွမထိခိုက္ေစပါဘူး”လို႔ေၾကညာသြားပါတယ္။

ဘီလီနက္စ္ဟာေပၚတူဂီအမွတ္ေပးဖလားကိုေလးႀကိမ္တိုင္တိုင္ဆြတ္ခူးထားတဲ့အသင္းျဖစ္ပါတယ္။၎တို႔ဟာ၂၀၁၈ခုႏွစ္တုန္းကေဒဝါလီခံလိုက္ရၿပိးတဲ့ေနာက္သတၱမတန္းသို႔တန္းဆင္းသြားခဲ့ရပါတယ္။၎တို႔ဟာတန္းႏွစ္တန္းဆက္တိုက္တက္ခြင့္ရရွိၿပီးယခုအခါပၪၥမတန္းမွာကစားေနပါတယ္။