ဘူလ်ဂေးရီးယားနှင့်ပွဲမှာ ဂီရောက်ဂိုးသွင်းပြီးနောက် အမ်ဘက်ပီ ဘယ်လိုတုံ့ပြန်ခဲ့သလဲ?

ယူရို၂၀၂၀ပြိုင်ပွဲစတင်ဖို့ရက်ပိုင်းဘဲလိုတော့တဲ့အချိန်မှာပြင်သစ်အသင်းမှာပြဿနာတက်နေပါတယ်။ပြီးခဲ့တဲ့ဘူလ်ဂေးရီးယားနှင့်ခြေစမ်းပွဲအပြီးမှာအိုလီဗီယာဂီရောက်ကပွဲကစားချိန်အတွင်းမှာသူ့ထံသို့ကိုင်လီယန်အမ်ဘက်ပီကဘောလုံးမပေးလို့ဆိုပြီးလူသိရှင်ကြားဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

ယင်းသို့အိုလီဗီယာဂီရောက်ကကိုင်လီယန်အမ်ဘက်ပီအားလူသိရှင်ကြားဝေဖန်ပြောကြားမှုနဲ့အတူပြင်သစ်အသင်းအတွင်းမှာမတည်မငြိမ်ဖြစ်လာခဲ့ပါတယ်။

ဘူလ်ဂေးရီးယားနှင့်ပွဲပြီးခါနီးမှာလူစားဝင်လာပြီးနောက်၂ဂိုးသွင်းခဲ့တဲ့ဂီရောက်က “တစ်ခါတစ်လေကိုယ်ကပြေးပြီးနေရာယူတယ်။ဘောလုံးကမရောက်လာဘူး။တကယ်ဆိုကျွန်တော်တို့အနေနဲ့အခုထက်ပြီးတစ်ယောက်နဲ့တစ်ယောက်ပိုကောင်းအောင်ကစားသင့်တယ်”လို့ပြောကြားခဲ့ပါတယ်။

L ‘Equipe သတင်းစာကအမ်ဘက်ပီကဂီရောက်ရဲ့ပြောကြားမှုအပေါ်အကြီးအကျယ်ဒေါသထွက်ကာသတင်းစာရှင်းလင်းပွဲလုပ်ပြီးပြန်လည်တုံ့ပြန်လိုကြောင်းဖော်ပြခဲ့ပါတယ်။

ကိုင်လီယန်အမ်ဘက်ပီနှင့်အိုလီဗီယာဂီရောက်တို့အကြားမှာဘူလ်ဂေးရီးယားနှင့်ပွဲမတိုင်မီကတည်းကပြဿနာရှိပုံရပါတယ်။ဘာပြသနာလဲဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။

သေချာတာကတော့ဘူလ်ဂေးရီးယားအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဂီရောက်ကသူ့ရဲ့ပထမဂိုးကိုသွင်းပြီးနောက်အမ်ဘက်ပီရဲ့တုံ့ပြန်မှုကအံ့ဩစရာကောင်းနေတာကတော့သေချာနေပါတယ်။

ဂီရောက်ကပြင်သစ်အတွက်ဂိုးသွင်းယူပြီးနောက်ပေါလ်ပေါ့ဘာ၊ဗာရိန်းတို့လာရောက်ကာအောင်ပွဲခံခဲ့ပေမယ့်အမ်ဘက်ပီကတော့ဆန့်ကျင်ဘက်အရပ်သို့ခေါင်းငိုက်စိုက်ဖြင့်ထွက်ခွာသွားခဲ့တာတွေ့ရပါတယ်။

ဒါကြောင့်လည်းအမ်ဘက်ပီနဲ့ဂီရောက်တို့အကြားမှာပွဲချိန်အတွင်းဘောလုံးပေးပို့မှုမလုပ်လို့ဆိုပြီးဝေဖန်မှုမတိုင်ခင်ကတည်းကပြဿနာရှိပုံရပါတယ်။

ZawGyi

ဘူလ္ေဂးရီးယားႏွင့္ပြဲမွာ ဂီေရာက္ဂိုးသြင္းၿပီးေနာက္ အမ္ဘက္ပီ ဘယ္လိုတုံ႔ျပန္ခဲ့သလဲ?

ယူ႐ို၂၀၂၀ၿပိဳင္ပြဲစတင္ဖို႔ရက္ပိုင္းဘဲလိုေတာ့တဲ့အခ်ိန္မွာျပင္သစ္အသင္းမွာျပႆနာတက္ေနပါတယ္။ၿပီးခဲ့တဲ့ဘူလ္ေဂးရီးယားႏွင့္ေျခစမ္းပြဲအၿပီးမွာအိုလီဗီယာဂီေရာက္ကပြဲကစားခ်ိန္အတြင္းမွာသူ႔ထံသို႔ကိုင္လီယန္အမ္ဘက္ပီကေဘာလုံးမေပးလို႔ဆိုၿပီးလူသိရွင္ၾကားေဝဖန္မႈျပဳလုပ္ခဲ့ပါတယ္။

ယင္းသို႔အိုလီဗီယာဂီေရာက္ကကိုင္လီယန္အမ္ဘက္ပီအားလူသိရွင္ၾကားေဝဖန္ေျပာၾကားမႈနဲ႔အတူျပင္သစ္အသင္းအတြင္းမွာမတည္မၿငိမ္ျဖစ္လာခဲ့ပါတယ္။

ဘူလ္ေဂးရီးယားႏွင့္ပြဲၿပီးခါနီးမွာလူစားဝင္လာၿပီးေနာက္၂ဂိုးသြင္းခဲ့တဲ့ဂီေရာက္က “တစ္ခါတစ္ေလကိုယ္ကေျပးၿပီးေနရာယူတယ္။ေဘာလုံးကမေရာက္လာဘူး။တကယ္ဆိုကြၽန္ေတာ္တို႔အေနနဲ႔အခုထက္ၿပီးတစ္ေယာက္နဲ႔တစ္ေယာက္ပိုေကာင္းေအာင္ကစားသင့္တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

L ‘Equipe သတင္းစာကအမ္ဘက္ပီကဂီေရာက္ရဲ႕ေျပာၾကားမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ကာသတင္းစာရွင္းလင္းပြဲလုပ္ၿပီးျပန္လည္တုံ႔ျပန္လိုေၾကာင္းေဖာ္ျပခဲ့ပါတယ္။

ကိုင္လီယန္အမ္ဘက္ပီႏွင့္အိုလီဗီယာဂီေရာက္တို႔အၾကားမွာဘူလ္ေဂးရီးယားႏွင့္ပြဲမတိုင္မီကတည္းကျပႆနာရွိပုံရပါတယ္။ဘာျပသနာလဲဆိုတာကိုေတာ့အတိအက်မသိရေသးပါဘူး။

ေသခ်ာတာကေတာ့ဘူလ္ေဂးရီးယားအား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဂီေရာက္ကသူ႔ရဲ႕ပထမဂိုးကိုသြင္းၿပီးေနာက္အမ္ဘက္ပီရဲ႕တုံ႔ျပန္မႈကအံ့ဩစရာေကာင္းေနတာကေတာ့ေသခ်ာေနပါတယ္။

ဂီေရာက္ကျပင္သစ္အတြက္ဂိုးသြင္းယူၿပီးေနာက္ေပါလ္ေပါ့ဘာ၊ဗာရိန္းတို႔လာေရာက္ကာေအာင္ပြဲခံခဲ့ေပမယ့္အမ္ဘက္ပီကေတာ့ဆန႔္က်င္ဘက္အရပ္သို႔ေခါင္းငိုက္စိုက္ျဖင့္ထြက္ခြာသြားခဲ့တာေတြ႕ရပါတယ္။

ဒါေၾကာင့္လည္းအမ္ဘက္ပီနဲ႔ဂီေရာက္တို႔အၾကားမွာပြဲခ်ိန္အတြင္းေဘာလုံးေပးပို႔မႈမလုပ္လို႔ဆိုၿပီးေဝဖန္မႈမတိုင္ခင္ကတည္းကျပႆနာရွိပုံရပါတယ္။