ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့တဲ့ သရဲနီတိုက်စစ်မှူးဟောင်း

မန်ယူနှင့်စပါးစ်တိုက်စစ်မှူးဟောင်းဒီမီထရီဘာဘာတော့ဗ်ဟာဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဌရွေးကောက်ပွဲအတွက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာရှုံးနိမ့်သွားခဲ့ပါတယ်။

ကစားသမားဘဝမှအနားယူထားပြီးဖြစ်တဲ့ဘာဘာတော့ဗ်ဟာဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဌရွေးကောက်ပွဲမှာလက်ရှိဥက္ကဌဘိုရီဆလပ်ဗ်မီဟေးလော့ဗ်ကိုမဲအနည်းငယ်ဖြင့်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။မီဟေးလော့ဗ်ဟာမဲ၂၄၁ဖြင့်ဥဥက္ကဌရွေးကောက်ပွဲတွင်နိုင်ပွဲရခဲ့တာဖြစ်ပြီးဘာဘာတော့ဗ်က၂၃၀ဖြင့်ရှုံးနိမ့်ခဲ့တာပါ။

ဘာဘာတော့ဗ်ဟာပရီးမီးယားလိဂ်ကစားသမားဟောင်းများဖြစ်ကြတဲ့စတဲလ်လီယန်ပီထရော့ဗ်နှင့်မာတင်ပီထရော့ဗ်တို့ရဲ့ထောက်ခံချက်များရရှိထားသူဖြစ်ပြီးဥက္ကဌသစ်ဖြစ်လာပါကအပြောင်းအလဲများစွာမျှော်လင့်နေခဲ့သူလည်းဖြစ်ပါတယ်။

ရီးဒင်းဂိုးသမားဟောင်းမီဟေးလော့ဗ်ဟာဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာတာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပါတယ်။သူဟာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကဘူလ်ဂေးရီးယားတွင်အင်္ဂလန်အား၆-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ပရိသတ်များကအင်္ဂလန်ကစားသမားများကိုလူမျိုးရေးခွဲခြားမှုအပေါ်တာဝန်ယူတဲ့အနေဖြင့်ရာထူးမှနုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

သူ့နေရာတွင်ယာယီထမ်းဆောင်တဲ့ကာဆာဘော့ဗ်ကလည်းဧပြီလတုန်းကရာထူးမှနုတ်ထွက်ခဲ့မှုနဲ့အတူရွေးကောက်ပွဲပြန်လည်ကျင်းပလာရာမှာပြန်လည်ယှဉ်ပြိုင်ပြီးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ZawGyi

ဘူလ္ေဂးရီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌေ႐ြးေကာက္ပြဲတြင္ ရႈံးနိမ့္ခဲ့တဲ့ သရဲနီတိုက္စစ္မႉးေဟာင္း

မန္ယူႏွင့္စပါးစ္တိုက္စစ္မႉးေဟာင္းဒီမီထရီဘာဘာေတာ့ဗ္ဟာဘူလ္ေဂးရီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌေ႐ြးေကာက္ပြဲအတြက္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာရႈံးနိမ့္သြားခဲ့ပါတယ္။

ကစားသမားဘဝမွအနားယူထားၿပီးျဖစ္တဲ့ဘာဘာေတာ့ဗ္ဟာဘူလ္ေဂးရီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌေ႐ြးေကာက္ပြဲမွာလက္ရွိဥကၠဌဘိုရီဆလပ္ဗ္မီေဟးေလာ့ဗ္ကိုမဲအနည္းငယ္ျဖင့္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။မီေဟးေလာ့ဗ္ဟာမဲ၂၄၁ျဖင့္ဥဥကၠဌေ႐ြးေကာက္ပြဲတြင္ႏိုင္ပြဲရခဲ့တာျဖစ္ၿပီးဘာဘာေတာ့ဗ္က၂၃၀ျဖင့္ရႈံးနိမ့္ခဲ့တာပါ။

ဘာဘာေတာ့ဗ္ဟာပရီးမီးယားလိဂ္ကစားသမားေဟာင္းမ်ားျဖစ္ၾကတဲ့စတဲလ္လီယန္ပီထေရာ့ဗ္ႏွင့္မာတင္ပီထေရာ့ဗ္တို႔ရဲ႕ေထာက္ခံခ်က္မ်ားရရွိထားသူျဖစ္ၿပီးဥကၠဌသစ္ျဖစ္လာပါကအေျပာင္းအလဲမ်ားစြာေမွ်ာ္လင့္ေနခဲ့သူလည္းျဖစ္ပါတယ္။

ရီးဒင္းဂိုးသမားေဟာင္းမီေဟးေလာ့ဗ္ဟာဘူလ္ေဂးရီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌအျဖစ္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာတာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ပါတယ္။သူဟာလြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကဘူလ္ေဂးရီးယားတြင္အဂၤလန္အား၆-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ပရိသတ္မ်ားကအဂၤလန္ကစားသမားမ်ားကိုလူမ်ိဳးေရးခြဲျခားမႈအေပၚတာဝန္ယူတဲ့အေနျဖင့္ရာထူးမွႏုတ္ထြက္ခဲ့သူျဖစ္ပါတယ္။

သူ႔ေနရာတြင္ယာယီထမ္းေဆာင္တဲ့ကာဆာေဘာ့ဗ္ကလည္းဧၿပီလတုန္းကရာထူးမွႏုတ္ထြက္ခဲ့မႈနဲ႔အတူေ႐ြးေကာက္ပြဲျပန္လည္က်င္းပလာရာမွာျပန္လည္ယွဥ္ၿပိဳင္ၿပီးအႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။