ဘူအင်ဒီယာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဗီလာအပြီးသတ်ခေါ်ယူ

အက်စတွန်ဗီလာကနော့ဝှစ်ချ်မှအီမီလီယာနိုဘူအင်ဒီယာကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၃၈သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။

အာဂျင်တီးနားတောင်ပံကစားသမားဟာနော့ဝှစ်ချ်တွင်သုံးရာသီကြာကစားလာခဲ့သူဖြစ်ပြီးအာဆင်နယ်ရဲ့ဆက်သွယ်ခြင်းလည်းခံခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့်ဗီလာကနော့ဝှစ်ချ်ကတောင်းဆိုတဲ့ပြောင်းရွှေ့ကြေးပေါင်၃၈သန်းအားပေးလာမှုနဲ့အတူဘူအင်ဒီယာအားခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိဘူအင်ဒီယာဟာလက်ရှိအချိန်တွင်အာဂျင်တီးနားအသင်းနှင့်အတူရှိနေပြီးဆေးစစ်ဆေးမှုအားအာဂျင်တီးနားတွင်ပင်ပြုလုပ်ခဲ့ပါတယ်။သူဟာဗီလာနှင့်၅နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဘူအင်ဒီယာဟာပြီးခဲ့တဲ့၂၀၂၀-၂၁ဘောလုံးရာသီတုန်းကနော့ဝှစ်ချ်အတွက်ဂိုးနှင့်ဖန်တီးမှုအကြိမ်၃၀ပြုလုပ်နိုင်ခဲ့ပြီးချန်ပီယံရှစ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့်နော့ဝှစ်ချ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကိုဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဗီလာဟာအသင်းခေါင်းဆောင်ဂျက်ဂရဲလ်လစ်ရှ်ရဲ့အနာဂတ်မရေမရာဖြစ်နေမှုနဲ့အတူဘူအင်ဒီယာကိုခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။

ဘူအင်ဒီယာဟာ၂၀၁၈ခုနှစ်တွင်ဂီတာဖေးမှပေါင်၁.၅သန်းဖြင့်ရောက်လာပြီးနောက်နော့နှစ်ချ်အတွက်၂၄ဂိုးသွင်းကာ၄၂ကြိမ်ဖန်တီးမှုပြုလုပ်ပေးခဲ့ပါတယ်။

ZawGyi


အက်စတွန်ဗီလာကနော့ဝှစ်ခ်ျမှအီမီလီယာနိုဘူအင်ဒီယာကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၃၈သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။

အာဂျင်တီးနားတောင်ပံကစားသမားဟာနော့ဝှစ်ခ်ျတွင်သုံးရာသီကြာကစားလာခဲ့သူဖြစ်ပြီးအာဆင်နယ်ရဲ့ဆက်သွယ်ခြင်းလည်းခံခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့်ဗီလာကနော့ဝှစ်ခ်ျကတောင်းဆိုတဲ့ပြောင်းရွှေ့ကြေးပေါင်၃၈သန်းအားပေးလာမှုနဲ့အတူဘူအင်ဒီယာအားခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။


ဘူအင်ဒီယာဟာပြီးခဲ့တဲ့၂၀၂၀-၂၁ဘောလုံးရာသီတုန်းကနော့ဝှစ်ခ်ျအတွက်ဂိုးနှင့်ဖန်တီးမှုအကြိမ်၃၀ပြုလုပ်နိုင်ခဲ့ပြီးချန်ပီယံရှစ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့်နော့ဝှစ်ခ်ျတစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကိုဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။


ဘူအင်ဒီယာဟာ၂၀၁၈ခုနှစ်တွင်ဂီတာဖေးမှပေါင်၁.၅သန်းဖြင့်ရောက်လာပြီးနောက်နော့နှစ်ခ်ျအတွက်၂၄ဂိုးသွင်းကာ၄၂ကြိမ်ဖန်တီးမှုပြုလုပ်ပေးခဲ့ပါတယ်။