ဘောင်းဘီကို ဆွဲတင်ရာမှ မတော်ရာကို မတော်တဆပြသမိခဲ့တဲ့ ဖလာမင်ဂိုစတားဂိုမက်စ်

ဂျိုအာဂိုမက်စ်ဟာဘောင်းဘီကိုမှားယွင်းဆွဲတင်ရာမှာမတော်မလျှော်ပြသလိုဖြစ်ပြီးဘောလုံးပရိသတ်များမျက်နှာလွဲရအောင်လုပ်ခဲ့ပါတယ်။

ဖလာမင်ဂိုအလယ်တန်းကစားသမားဟာကွင်းထဲမှာစိတ်ခံစားချက်ကြောင့်ဘောင်းဘီဆွဲပြီးပေါက်ကွဲခဲ့ပါတယ်။ဒါပေမယ့်သူ့ရဲ့ဘောင်းဘီဆွဲတင်မှုကအနည်းငယ်အားပါသွားခဲ့ပါတယ်။

ဖလာမင်ဂိုပရိသတ်များဟာသူ့ရဲ့မတော်တဆမတော်မလျှော်ကိုပြသမိမှုကြောင့်မျက်နှာလွဲခြင်း၊မျက်လုံးကိုလက်ဖြင့်အုပ်ခြင်းတို့ချက်ချင်းပြုလုပ်ခဲ့ရပါတယ်။

သူဟာပြီးခဲ့တဲ့အပတ်တုန်းကကိုရင်သီယန်ကိုဖလာမင်ဂိုက၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအထက်ပါဖြစ်ရပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ယင်းပွဲမှာဘရူနိုဟင်းနရစ်ကပွဲချိန်၉၄မိနစ်မှာအနိုင်ဂိုးမှုနဲ့အတူဖလာမင်ဂိုအသင်း ရမှတ်၃မှတ်ရရှိခဲ့တာကြောင့်သူ့လုပ်ရပ်ကိုဘယ်သူမှအပြစ်မမြင်ဘဲမေ့လျော့ပစ်ခဲ့ကြပါတယ်။

ZawGyi





