ဘောလက်လက်သစ်ဘမ်ဂါနာကို ခေါ်ယူရန် မန်ယူအသင်းမျက်စိကျနေ

မန်ယူဟာဟော်ဖန်ဟိမ်းအလယ်တန်းကစားသမားခရစ္စတော့ဘမ်ဂါနာကိုခေါ်ယူရန်စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။

အသက်၂၁နှစ်ရှိအလယ်တန်းတိုက်စစ်သမားဟာဩစတြီးယားရဲ့အကောင်းဆုံးလူငယ်ကစားသမားများထဲမှတစ် ဦးအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီးဘွန်ဒက်စ်လီဂါတွင်လည်းခြေစွမ်းပြနေသူဖြစ်ပါတယ်။

မန်ယူဟာလာမယ့်နွေရာသီမှာအလယ်တန်းတိုက်စစ်ကိုအားဖြည့်လိုနေပြီးနွေရာသီမှာကမ်းလှမ်းမှုပြုလုပ်သွားဖို့ ရှိနေပါတယ်။ဘမ်ဂါနာရဲ့လက်ရှိစာချုပ်က၂၀၂၃ခုနှစ်အထိဖြစ်ပြီးလက်ရှိပြောင်းရွှေ့ကြေးတန်ကြေးကပေါင်၁၆သန်းမျှသာဖြစ်ပါတယ်။ဒါပေမယ့်လာမယ့်နွေရာသီမှာတော့ဘမ်ဂါနာရဲ့ပြောင်းရွှေ့ကြေးကမြင့်မားလာဖို့သေချာသ လောက်ရှိနေပါတယ်။

ဟော်ဖန်ဟိမ်းဟာယခင်တုန်းကရောဘတ်တိုဖာမီနိုကိုပေါင်၂၉သန်း၊ဂျိုးလင်တန်ကိုပေါင်သန်း၄၀တို့ဖြင့်အသီးသီး ရောင်းချခဲ့ဖူးရာမန်ယူအနေဖြင့်ပေါင်းသန်း၂၀နှင့်အထက်အသုံးပြုရနိုင်ပါတယ်။

လက်ရှိအချိန်မှာဘောလက်လက်သစ်အဖြစ်နာမည်ကြီးနေတဲ့သူ့ကိုအခြားပရီးမီးယားလိဂ်ကလပ်များကလည် စိတ်ဝင်စားနေပေမယ့်မန်ယူကခေါ်ယူရန်ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဘမ်ဂါနာဟာအသက်၁၆နှစ်အရွယ် ၂၀၁၇ခုနှစ်၊နွေရာသီကတည်းကဟော်ဖန်ဟိမ်းသို့ရောက်လာသူဖြစ်ပြီးနည်းပြ ဟောင်းနီဂယ်မန်းလက်ထက်တွင်ပထမဆုံးဘွန်ဒက်စ်လီဂါပွဲကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၁၉ခုနှစ်၊ဇန်နဝါရီလတွင်ဟော်ဖန်ဟိမ်းအတွက်ပထမဆုံးပွဲကိုကစားပြီးနောက်ခြေစွမ်းပြလာခဲ့ပြီးပထမဆုံးလိဂ်ရာသီအပြည့်တွင်လိဂ်ပွဲ၂၆ပွဲကစားခဲ့ရာမှာ၇ဂိုးသွင်းထားနိုင်ပါတယ်။

သူဟာယခုရာသီမှာလည်းလိဂ်ပွဲ၁၇ပွဲမှာ၃ဂိုးသွင်းပြီး၅ကြိမ်ဖန်တီးထားပါတယ်။ဒါ့အပြင်ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း သူဟာ၂ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးထားပါတယ်။

ZawGyi

ေဘာလက္လက္သစ္ဘမ္ဂါနာကို ေခၚယူရန္ မန္ယူအသင္းမ်က္စိက်ေန

မန္ယူဟာေဟာ္ဖန္ဟိမ္းအလယ္တန္းကစားသမားခရစၥေတာ့ဘမ္ဂါနာကိုေခၚယူရန္ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိရပါတယ္။

အသက္၂၁ႏွစ္ရွိအလယ္တန္းတိုက္စစ္သမားဟာဩစႀတီးယားရဲ႕အေကာင္းဆုံးလူငယ္ကစားသမားမ်ားထဲမွတစ္ ဦးအျဖစ္သတ္မွတ္ခံထားရသူျဖစ္ၿပီးဘြန္ဒက္စ္လီဂါတြင္လည္းေျခစြမ္းျပေနသူျဖစ္ပါတယ္။

မန္ယူဟာလာမယ့္ေႏြရာသီမွာအလယ္တန္းတိုက္စစ္ကိုအားျဖည့္လိုေနၿပီးေႏြရာသီမွာကမ္းလွမ္းမႈျပဳလုပ္သြားဖို႔ ရွိေနပါတယ္။ဘမ္ဂါနာရဲ႕လက္ရွိစာခ်ဳပ္က၂၀၂၃ခုႏွစ္အထိျဖစ္ၿပီးလက္ရွိေျပာင္းေ႐ႊ႕ေၾကးတန္ေၾကးကေပါင္၁၆သန္းမွ်သာျဖစ္ပါတယ္။ဒါေပမယ့္လာမယ့္ေႏြရာသီမွာေတာ့ဘမ္ဂါနာရဲ႕ေျပာင္းေ႐ႊ႕ေၾကးကျမင့္မားလာဖို႔ေသခ်ာသ ေလာက္ရွိေနပါတယ္။

ေဟာ္ဖန္ဟိမ္းဟာယခင္တုန္းကေရာဘတ္တိုဖာမီႏိုကိုေပါင္၂၉သန္း၊ဂ်ိဳးလင္တန္ကိုေပါင္သန္း၄၀တို႔ျဖင့္အသီးသီး ေရာင္းခ်ခဲ့ဖူးရာမန္ယူအေနျဖင့္ေပါင္းသန္း၂၀ႏွင့္အထက္အသုံးျပဳရႏိုင္ပါတယ္။

လက္ရွိအခ်ိန္မွာေဘာလက္လက္သစ္အျဖစ္နာမည္ႀကီးေနတဲ့သူ႔ကိုအျခားပရီးမီးယားလိဂ္ကလပ္မ်ားကလည္ စိတ္ဝင္စားေနေပမယ့္မန္ယူကေခၚယူရန္ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

ဘမ္ဂါနာဟာအသက္၁၆ႏွစ္အ႐ြယ္ ၂၀၁၇ခုႏွစ္၊ေႏြရာသီကတည္းကေဟာ္ဖန္ဟိမ္းသို႔ေရာက္လာသူျဖစ္ၿပီးနည္းျပ ေဟာင္းနီဂယ္မန္းလက္ထက္တြင္ပထမဆုံးဘြန္ဒက္စ္လီဂါပြဲကစားခြင့္ရခဲ့သူျဖစ္ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္၊ဇန္နဝါရီလတြင္ေဟာ္ဖန္ဟိမ္းအတြက္ပထမဆုံးပြဲကိုကစားၿပီးေနာက္ေျခစြမ္းျပလာခဲ့ၿပီးပထမဆုံးလိဂ္ရာသီအျပည့္တြင္လိဂ္ပြဲ၂၆ပြဲကစားခဲ့ရာမွာ၇ဂိုးသြင္းထားႏိုင္ပါတယ္။

သူဟာယခုရာသီမွာလည္းလိဂ္ပြဲ၁၇ပြဲမွာ၃ဂိုးသြင္းၿပီး၅ႀကိမ္ဖန္တီးထားပါတယ္။ဒါ့အျပင္ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာလည္း သူဟာ၂ဂိုးသြင္းၿပီး၂ႀကိမ္ဖန္တီးထားပါတယ္။