ဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်မှ ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရူဘင်ဒိုင်ယက်စ်ဆွတ်ခူး

မန်စီးတီးနောက်ခံလူရူဘင်ဒိုင်ယက်စ်ဟာဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်မှချီးမြှင့်တဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။

အသက်၂၄နှစ်ရှိပေါ်တူဂီလက်ရွေးစင်နောက်ခံလူဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဘင်ဖီကာမှပေါင်၆၅သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။

သူဟာမန်စီးတီးသို့စတင်ရောက်ရှိတဲ့ရာသီမှာဘဲပရီးမီးယားလိဂ်ဖလားနှင့်ကာရာဘောင်ဖလားတို့ဆွတ်ခူးနိုင်အောင်ကူညီထားပါတယ်။ဒါ့အပြင်သူဟာမန်စီးတီးကိုကလပ်သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်အောင်ကူညီထားပါတယ်။မန်စီးတီးဟာလာမယ့်မေလ၂၉ရက်နေ့မှာချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားသွားရပါမယ်။

ဒိုင်ယက်စ်က “တကယ့်ကိုဂုဏ်ယူစရာကောင်းပါတယ်။အောင်မြင်တဲ့အသင်းတစ်သင်းမရှိဘူးဆိုရင်ကျွန်တော်ဘာမှလုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ပွဲအတွက်တည်ဆောက်ပုံ၊အသင်းရဲ့အလုပ်လုပ်ပုံတို့ကဒီဆုကိုဆွတ်ခူးနိုင်ခဲ့တာပါ။ကွင်းထဲမှာကျွန်တော်တို့အားလုံးရဲ့စွမ်းဆောင်မှုရဲ့ရလဒ်ပါ”လို့ပြောကြားသွားပါတယ်။

ဒိုင်ယက်စ်ဟာအင်္ဂလိပ်ဘောလုံးလောကသို့ခြေချပြီးနောက်ပထမဆုံးနှစ်မှာဘဲဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်ကချီးမြှင့်တဲ့ဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့တတိယမြောက်ကစားသမားဖြစ်ပါတယ်။ဒါ့အပြင်သူဟာလွန်ခဲ့တဲ့၃၂နှစ်တုန်းကလီဗာပူးရဲ့စတိဗ်နီကိုးလ်ပြီးနောက်ပထမဆုံးဆွတ်ခူးနိုင်တဲ့နောက်ခံလူလည်းဖြစ်ပါတယ်။

ZawGyi

ေဘာလုံးကေလာင္ရွင္မ်ားအဖြဲ႕ခ်ဳပ္မွ ခ်ီးျမႇင့္တဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ႐ူဘင္ဒိုင္ယက္စ္ဆြတ္ခူး

မန္စီးတီးေနာက္ခံလူ႐ူဘင္ဒိုင္ယက္စ္ဟာေဘာလုံးကေလာင္ရွင္မ်ားအဖြဲ႕ခ်ဳပ္မွခ်ီးျမႇင့္တဲ့တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားခဲ့ပါတယ္။

အသက္၂၄ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္ေနာက္ခံလူဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဘင္ဖီကာမွေပါင္၆၅သန္းျဖင့္ေျပာင္းလာခဲ့သူျဖစ္ပါတယ္။

သူဟာမန္စီးတီးသို႔စတင္ေရာက္ရွိတဲ့ရာသီမွာဘဲပရီးမီးယားလိဂ္ဖလားႏွင့္ကာရာေဘာင္ဖလားတို႔ဆြတ္ခူးႏိုင္ေအာင္ကူညီထားပါတယ္။ဒါ့အျပင္သူဟာမန္စီးတီးကိုကလပ္သမိုင္းတစ္ေလွ်ာက္ပထမဆုံးအႀကိမ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ေအာင္ကူညီထားပါတယ္။မန္စီးတီးဟာလာမယ့္ေမလ၂၉ရက္ေန႔မွာခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကစားသြားရပါမယ္။

ဒိုင္ယက္စ္က “တကယ့္ကိုဂုဏ္ယူစရာေကာင္းပါတယ္။ေအာင္ျမင္တဲ့အသင္းတစ္သင္းမရွိဘူးဆိုရင္ကြၽန္ေတာ္ဘာမွလုပ္ေဆာင္ႏိုင္မွာမဟုတ္ပါဘူး။ကြၽန္ေတာ္တို႔ရဲ႕ပြဲအတြက္တည္ေဆာက္ပုံ၊အသင္းရဲ႕အလုပ္လုပ္ပုံတို႔ကဒီဆုကိုဆြတ္ခူးႏိုင္ခဲ့တာပါ။ကြင္းထဲမွာကြၽန္ေတာ္တို႔အားလုံးရဲ႕စြမ္းေဆာင္မႈရဲ႕ရလဒ္ပါ”လို႔ေျပာၾကားသြားပါတယ္။

ဒိုင္ယက္စ္ဟာအဂၤလိပ္ေဘာလုံးေလာကသို႔ေျခခ်ၿပီးေနာက္ပထမဆုံးႏွစ္မွာဘဲေဘာလုံးကေလာင္ရွင္မ်ားအဖြဲ႕ခ်ဳပ္ကခ်ီးျမႇင့္တဲ့ဆုကိုဆြတ္ခူးႏိုင္ခဲ့တဲ့တတိယေျမာက္ကစားသမားျဖစ္ပါတယ္။ဒါ့အျပင္သူဟာလြန္ခဲ့တဲ့၃၂ႏွစ္တုန္းကလီဗာပူးရဲ႕စတိဗ္နီကိုးလ္ၿပီးေနာက္ပထမဆုံးဆြတ္ခူးႏိုင္တဲ့ေနာက္ခံလူလည္းျဖစ္ပါတယ္။