ဘောလုံးကိုသာ အာရုံစိုက်ရန် ဆိုးလ်ရှားရဲ့ပြောကြားမှုအပေါ် ရပ်ရှ်ဖို့ဒ် မပျော်မရွှင်ဖြစ်နေ

မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာမကြာသေးမီတုန်းကမန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကဘောလုံးအပေါ်တွင်သာအပြည့်အဝအာရုံစိုက်ရန်ပြောကြားလာမှုအပေါ်စိတ်အထစ်အငေါ့ဖြစ်လျက်ရှိကြောင်းသိရပါတယ်။

လက်စတာနှင့်ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲတွင်အိုလီဂန်းနားဆိုးလ်ရှားဟာဘောလုံးကွင်းပြင်ပပရဟိတလုပ်ငန်းများကြောင့် လူအများရဲ့အာရုံစိုက်ခြင်းခံလာရတဲ့ရပ်ရှ်ဖို့ဒ်ရဲ့ပရဟိလုပ်ဆောင်မှုအပေါ်ချီးကျူးခဲ့သော်လည်းဘောလုံးအပေါ်တွင်အပြည့်အဝအာရုံစိုက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ဒါပေမယ့်ရပ်ရှ်ဖို့ဒ်ဟာသူ့ဘက်ကကလပ်နှင့်အသင်းအတွက်အပြည့်အဝလုပ်ဆောင်နေသော်လည်းဆိုးလ်ရှားဘက်ကဘောလုံးအပေါ်အာရုံစိုက်ရန်ပြောကြားလာမှုအပေါ်စိတ်အထစ်အငေါ့ဖြစ်နေကြောင်းသိရပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာယခုရာသီပထမဆုံးပွဲအဖြစ်လက်စတာအား၄-၂ဂိုးဖြင့်ပွဲစဉ်တွင်လူစားဝင်ရောက်ကစားပြီးနောက်မန်ယူအတွက်ဒုတိယချေပဂိုးအားသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားဟာနောက်ဆုံး၇ပွဲတွင်၂ပွဲတည်းသာအနိုင်ရရှိမှုနဲ့အတူမီဒီယာများနှင့်ပရိသတ်များရဲ့ဖိအားပေးခြင်းခံလာရပါတယ်။

ရလဒ်ပိုင်းဆိုးရွားနေချိန်မှာဆိုးလ်ရှားနှင့်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်အကြားဆက်ဆံရေးအထစ်အငေါ့ဖြစ်လာကကြီးမားတဲ့စမ်းသပ်မှုတစ်ခုဖြစ်လာဖို့လည်းရှိနေပါတယ်။

ZawGyi

ေဘာလုံးကိုသာ အာ႐ုံစိုက္ရန္ ဆိုးလ္ရွားရဲ႕ေျပာၾကားမႈအေပၚ ရပ္ရွ္ဖို႔ဒ္ မေပ်ာ္မ႐ႊင္ျဖစ္ေန

မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာမၾကာေသးမီတုန္းကမန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကေဘာလုံးအေပၚတြင္သာအျပည့္အဝအာ႐ုံစိုက္ရန္ေျပာၾကားလာမႈအေပၚစိတ္အထစ္အေငါ့ျဖစ္လ်က္ရွိေၾကာင္းသိရပါတယ္။

လက္စတာႏွင့္ပြဲမတိုင္မီသတင္းစာရွင္းလင္းပြဲတြင္အိုလီဂန္းနားဆိုးလ္ရွားဟာေဘာလုံးကြင္းျပင္ပပရဟိတလုပ္ငန္းမ်ားေၾကာင့္ လူအမ်ားရဲ႕အာ႐ုံစိုက္ျခင္းခံလာရတဲ့ရပ္ရွ္ဖို႔ဒ္ရဲ႕ပရဟိလုပ္ေဆာင္မႈအေပၚခ်ီးက်ဴးခဲ့ေသာ္လည္းေဘာလုံးအေပၚတြင္အျပည့္အဝအာ႐ုံစိုက္ရမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ရပ္ရွ္ဖို႔ဒ္ဟာသူ႔ဘက္ကကလပ္ႏွင့္အသင္းအတြက္အျပည့္အဝလုပ္ေဆာင္ေနေသာ္လည္းဆိုးလ္ရွားဘက္ကေဘာလုံးအေပၚအာ႐ုံစိုက္ရန္ေျပာၾကားလာမႈအေပၚစိတ္အထစ္အေငါ့ျဖစ္ေနေၾကာင္းသိရပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာယခုရာသီပထမဆုံးပြဲအျဖစ္လက္စတာအား၄-၂ဂိုးျဖင့္ပြဲစဥ္တြင္လူစားဝင္ေရာက္ကစားၿပီးေနာက္မန္ယူအတြက္ဒုတိယေခ်ပဂိုးအားသြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဆိုးလ္ရွားဟာေနာက္ဆုံး၇ပြဲတြင္၂ပြဲတည္းသာအႏိုင္ရရွိမႈနဲ႔အတူမီဒီယာမ်ားႏွင့္ပရိသတ္မ်ားရဲ႕ဖိအားေပးျခင္းခံလာရပါတယ္။

ရလဒ္ပိုင္းဆိုး႐ြားေနခ်ိန္မွာဆိုးလ္ရွားႏွင့္တိုက္စစ္မႉးရပ္ရွ္ဖို႔ဒ္အၾကားဆက္ဆံေရးအထစ္အေငါ့ျဖစ္လာကႀကီးမားတဲ့စမ္းသပ္မႈတစ္ခုျဖစ္လာဖို႔လည္းရွိေနပါတယ္။