ဘောလုံးကွင်းဘေးဒုက္ခသင့်ခဲ့ရပြီးနောက် ပြန်ဆုံတွေ့မဲ့ပွဲကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ ရွှေ့ဆိုင်း

အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်များဟာဘောလုံးသမိုင်းတွင်အဆိုးရွားဘောလုံးကွင်းဘေးဒုက္ခသင့်မှုကြုံခဲ့ရပြီးနောက်နောင်တွင်ယင်းသို့မကြုံလာရစေရန်အတွက်ပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းနှစ်သင်းပြန်လည်ရင်ဆိုင်ကစားရမဲ့ပွဲအားထပ်မံရွှေ့ဆိုင်းမှုပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာလတုန်းကအင်ဒိုနီးရှားကလပ်များဖြစ်ကြတဲ့ Arema FC နှင့်Persebaya Surabaya တို့ကစားတဲ့ပွဲတွင်ရဲတပ်ဖွဲ့ဝင်များနှင့်ပရိသတ်များအကြားအကြီးအကျယ်ပြဿနာတက်ခဲ့ပြီးပရိသတ်၁၃၅ဦးသေဆုံးခဲ့ပါတယ်။

၎င်းတို့နှစ်သင်းရဲ့ပွဲကိုမတ်လ၅ရက်နေ့တနင်္ဂနွေနေ့တွင်တံခါးပိတ်ကစားရန်စီစဉ်ထားပါတယ်။

ဒါပေမဲ့အင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာယင်းနှစ်သင်းရဲ့ပရိသတ်များအကြားပြင်းထန်တဲ့ပြိုင်ဆိုင်မှုများရှိနေရာလုံခြုံရေးပိုင်းစိုးရိမ်ရမှုနှင့်အတူပွဲကိုရွှေ့ဆိုင်းမှုပြုလုပ်လာပါတယ်။

အိမ်ရှင် Persebaya ကယင်းပွဲကို Gresik အနီးတွင်ကစားမယ်လို့ဆိုထားပေမဲ့လည်းရဲတပ်ဖွဲ့ကခွင့်ပြုချက်မပေးပါဘူး။

အာဏာပိုင်များကတော့ယင်းပွဲကိုအရှေ့ဂျာဗားအပြင်ဘက်တွင်ပရိသတ်မပါဘဲကစားရန်အကြံပြုထားပါတယ်။

အင်ဒိုနီးရှားပထမတန်းလိဂ် BRI Liga 1 ကို ကွင်းဘေးဒုက္ခကြုံရပြီးရပ်ဆိုင်းခဲ့ရပြီးနောက်ဒီဇင်ဘာလတုန်းကပြန်လည်စတင်လာခဲ့တာဖြစ်ပြီးပရိသတ်တက်ရောက်ကြည့်ရှုခွင့်ပိတ်ပင်ထားပါတယ်။

Zawgyi

ေဘာလုံးကြင္းေဘးဒုကၡသင့္ခဲ့ရၿပီးေနာက္ ျပန္ဆုံေတြ႕မဲ့ပြဲကို အင္ဒိုနီးရွားရဲတပ္ဖြဲ႕ ေ႐ႊ႕ဆိုင္း

အင္ဒိုနီးရွားရဲတပ္ဖြဲ႕ဝင္မ်ားဟာေဘာလုံးသမိုင္းတြင္အဆိုး႐ြားေဘာလုံးကြင္းေဘးဒုကၡသင့္မႈႀကဳံခဲ့ရၿပီးေနာက္ေနာင္တြင္ယင္းသို႔မႀကဳံလာရေစရန္အတြက္ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့အသင္းႏွစ္သင္းျပန္လည္ရင္ဆိုင္ကစားရမဲ့ပြဲအားထပ္မံေ႐ႊ႕ဆိုင္းမႈျပဳလုပ္ခဲ့ပါတယ္။

ေအာက္တိုဘာလတုန္းကအင္ဒိုနီးရွားကလပ္မ်ားျဖစ္ၾကတဲ့ Arema FC ႏွင့္Persebaya Surabaya တို႔ကစားတဲ့ပြဲတြင္ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ပရိသတ္မ်ားအၾကားအႀကီးအက်ယ္ျပႆနာတက္ခဲ့ၿပီးပရိသတ္၁၃၅ဦးေသဆုံးခဲ့ပါတယ္။

၎တို႔ႏွစ္သင္းရဲ႕ပြဲကိုမတ္လ၅ရက္ေန႔တနဂၤေႏြေန႔တြင္တံခါးပိတ္ကစားရန္စီစဥ္ထားပါတယ္။

ဒါေပမဲ့အင္ဒိုနီးရွားရဲတပ္ဖြဲ႕ဟာယင္းႏွစ္သင္းရဲ႕ပရိသတ္မ်ားအၾကားျပင္းထန္တဲ့ၿပိဳင္ဆိုင္မႈမ်ားရွိေနရာလုံၿခဳံေရးပိုင္းစိုးရိမ္ရမႈႏွင့္အတူပြဲကိုေ႐ႊ႕ဆိုင္းမႈျပဳလုပ္လာပါတယ္။

အိမ္ရွင္ Persebaya ကယင္းပြဲကို Gresik အနီးတြင္ကစားမယ္လို႔ဆိုထားေပမဲ့လည္းရဲတပ္ဖြဲ႕ကခြင့္ျပဳခ်က္မေပးပါဘူး။

အာဏာပိုင္မ်ားကေတာ့ယင္းပြဲကိုအေရွ႕ဂ်ာဗားအျပင္ဘက္တြင္ပရိသတ္မပါဘဲကစားရန္အႀကံျပဳထားပါတယ္။

အင္ဒိုနီးရွားပထမတန္းလိဂ္ BRI Liga 1 ကို ကြင္းေဘးဒုကၡႀကဳံရၿပီးရပ္ဆိုင္းခဲ့ရၿပီးေနာက္ဒီဇင္ဘာလတုန္းကျပန္လည္စတင္လာခဲ့တာျဖစ္ၿပီးပရိသတ္တက္ေရာက္ၾကည့္ရႈခြင့္ပိတ္ပင္ထားပါတယ္။