ဘောလုံးကွင်းသို့ အမျိုးသမီး၇ဦးခေါ်ပြီး ပွဲကြမ်းခဲ့တဲ့ နော်ဝေကလပ်မှကစားသမား စုံစမ်းစစ်ဆေးခံနေရ

နော်ဝေရဲတပ်ဖွဲ့ဟာနော်ဝေကလပ်အက်စ်ကေဘရန်းမှကစားသမားတစ်ဦးမှာအမျိုးသမီးတစ်ဦးကိုလိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တယ်ဆိုပြီးတိုင်ကြားလာမှုအတွက်စုံစမ်းစစ်ဆေးမှုပြုလုပ်နေပါတယ်။

လက်ရှိအချိန်တွင်အမည်ဖော်ပြထားခြင်းမရှိတဲ့အက်စ်ကေဘရန်းမှကစားသမားကတော့၎င်းဘက်ကအမှားအယွင်းတစ်စုံတစ်ရာပြုလုပ်ထားခြင်းမရှိကြောင်းငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကအက်စ်ကေဘရန်းမှကစားသမား၁၂ဦးတို့ဟာညဖက်ကလပ်တက်ပျော်ပါးပြီးနောက်အမျိုးသမီး၇ဦးအားကလပ်ရဲ့ကွင်းအတွင်းသို့ခေါ်ဆောင်ကာလိင်ပျော်ပါးမှုပြုလုပ်ခဲ့ကြပါတယ်။

၎င်းတို့ဟာဘောလုံးကွင်းသို့ဝင်ချိန်မှာဖုန်းအားလုံးကိုထားခဲ့ပေမယ့်လည်းကွင်းအတွင်းရှိလုံခြုံရေးကင်မရာကမှတ်တမ်းရယူခြင်းခံခဲ့ရပါတယ်။

၎င်းတို့ဟာယင်းအမျိုးသမီးများနှင့်ဘောလုံးကွင်းမြက်ခင်းမှာပျော်ပါးခဲ့တဲ့အပြင်အဝတ်အစားလဲခန်းတွင်လည်းပျော်ပါးမှုပြုလုပ်ခဲ့ကြပါတယ်။၎င်းတို့ဟာညလုံးပေါက်လိင်ပျော်ပါးမှုပြုလုပ်ပြီးနောက်နံနက်၅နာရီအချိန်တွင်မှကွင်းမှထွက်ခွာသွားခဲ့ပါတယ်။

ယခုအခါဘောလုံးကွင်းတွင်ပျော်ပါးမှုတွင်ပါဝင်ခဲ့တဲ့အမျိုးသမီးတစ်ဦးကသူမကိုဘောလုံးသမားတစ်ဦးကလိင်အကြမ်းဖက်မှုပြုလုပ်ခဲ့ကြောင်းတိုင်ချက်ဖွင့်လာပြီဖြစ်ပါတယ်။

ZawGyi

ေဘာလုံးကြင္းသို႔ အမ်ိဳးသမီး၇ဦးေခၚၿပီး ပြဲၾကမ္းခဲ့တဲ့ ေနာ္ေဝကလပ္မွကစားသမား စုံစမ္းစစ္ေဆးခံေနရ

ေနာ္ေဝရဲတပ္ဖြဲ႕ဟာေနာ္ေဝကလပ္အက္စ္ေကဘရန္းမွကစားသမားတစ္ဦးမွာအမ်ိဳးသမီးတစ္ဦးကိုလိင္အၾကမ္းဖက္မႈျပဳလုပ္ခဲ့တယ္ဆိုၿပီးတိုင္ၾကားလာမႈအတြက္စုံစမ္းစစ္ေဆးမႈျပဳလုပ္ေနပါတယ္။

လက္ရွိအခ်ိန္တြင္အမည္ေဖာ္ျပထားျခင္းမရွိတဲ့အက္စ္ေကဘရန္းမွကစားသမားကေတာ့၎ဘက္ကအမွားအယြင္းတစ္စုံတစ္ရာျပဳလုပ္ထားျခင္းမရွိေၾကာင္းျငင္းဆိုထားပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကအက္စ္ေကဘရန္းမွကစားသမား၁၂ဦးတို႔ဟာညဖက္ကလပ္တက္ေပ်ာ္ပါးၿပီးေနာက္အမ်ိဳးသမီး၇ဦးအားကလပ္ရဲ႕ကြင္းအတြင္းသို႔ေခၚေဆာင္ကာလိင္ေပ်ာ္ပါးမႈျပဳလုပ္ခဲ့ၾကပါတယ္။

၎တို႔ဟာေဘာလုံးကြင္းသို႔ဝင္ခ်ိန္မွာဖုန္းအားလုံးကိုထားခဲ့ေပမယ့္လည္းကြင္းအတြင္းရွိလုံၿခဳံေရးကင္မရာကမွတ္တမ္းရယူျခင္းခံခဲ့ရပါတယ္။

၎တို႔ဟာယင္းအမ်ိဳးသမီးမ်ားႏွင့္ေဘာလုံးကြင္းျမက္ခင္းမွာေပ်ာ္ပါးခဲ့တဲ့အျပင္အဝတ္အစားလဲခန္းတြင္လည္းေပ်ာ္ပါးမႈျပဳလုပ္ခဲ့ၾကပါတယ္။၎တို႔ဟာညလုံးေပါက္လိင္ေပ်ာ္ပါးမႈျပဳလုပ္ၿပီးေနာက္နံနက္၅နာရီအခ်ိန္တြင္မွကြင္းမွထြက္ခြာသြားခဲ့ပါတယ္။

ယခုအခါေဘာလုံးကြင္းတြင္ေပ်ာ္ပါးမႈတြင္ပါဝင္ခဲ့တဲ့အမ်ိဳးသမီးတစ္ဦးကသူမကိုေဘာလုံးသမားတစ္ဦးကလိင္အၾကမ္းဖက္မႈျပဳလုပ္ခဲ့ေၾကာင္းတိုင္ခ်က္ဖြင့္လာၿပီျဖစ္ပါတယ္။