
မားကပ်စ်ရက်ဖို့ဒ်ဟာပရီးမီးယားလိဂ်စတားများရဲ့နေအိမ်ဖောက်ထွင်းခံရမှုများဖြစ်ပျက်ခဲ့ပြီးနောက်လုံခြုံရေးကုမ္ပဏီတည်ထောင်လာပါတယ်။
မားကပ်စ်ရက်ဖို့ဒ်တည်ထောင်လိုက်တဲ့ MUCS Security ဟာ ပီဲးခဲ့တဲ့လတုန်းကCompanies House နှင့်ပူးပေါင်းပြီးလုပ်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ရဲ့ကုမ္ပဏီဟာသီးသန့်လုံခြုံရေးလုပ်ဆောင်မှုအဖြစ် လုပ်ငန်းမှတ်ပုံတင်တွင်စာရင်းတင်ထားပါတယ်။
အသက်၂၅နှစ်ရှိ ယူနိုက်တက်နှင့်အင်္ဂလန်တိုက်စစ်မှူးဟာ MUCS Securityရဲ့ဒါရိုက်တာအဖြစ်ဇန်နဝါရီလ၂၃ရက်နေ့တုန်းကရယူထားပါတယ်။ယင်းကုမ္ပဏီကရက်ဖို့ဒ်ရဲ့ ငါးခုမြောက်ကုမ္ပဏီလည်းဖြစ်ပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ဟာပြီးခဲ့တဲ့နှစ်တုန်းကသီးသန့်လုံခြုံရေးအဖွဲ့ ဖွဲ့စည်းကာ လုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။
ရက်ဖို့ဒ်ရဲ့ယူနိုက်တက်နှင့်မန်စီးတီးကစားသမားများဖြစ်ကြတဲ့ဗစ်တာလင်ဒီလော့ဖ်၊ပေါလ်ပေါ့ဘာ၊ဂျက်စီလင်ဂတ်၊ဂျာအိုကန်စီလိုတို့ဟာဖောက်ထွင်းသမားများရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။
ဒါ့အပြင်လီဗာပူးစတားချမ်ဘာလိန်းနှင့်ဇနီးသည်တို့ရဲ့ချီရှိုင်းယားနေအိမ်ဟာလည်းဖောက်ထွင်းသမားတို့ရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။
MUCS Enterprisesကို၂၀၁၅ခုနှစ်တုန်းကတည်ထောင်ခဲ့တာဖြစ်ပြီးမားကပ်စ်ရက်ဖို့ဒ်ရဲ့ကွင်းတွင်း/ကွင်းပြင်ရုပ်ပုံလွှာအသုံးပြုခကို ထိန်းချုပ်ထားပါတယ်။
၎င်းတို့ကုမ္ပဏီဟာနောက်ဆုံးအကြိမ်ဘဏ္ဍာရေးထုတ်ပြန်တုန်းကပေါင် ၂.၇ သန်းအမြတ်ပေါခဲ့ပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ဟာမနေ့ညတုန်းကလိဒ်ကိုအနိုင်ရရှိတဲ့ပွဲတွင်ခေါင်းတိုက်ဂိုးသွင်းယူပြီးနောက်ယခုရာသီသွင်းဂိုး၂၁ဂိုးအထိရှိသွားပြီဖြစ်ကာအကောင်းဆုံးခြေစွမ်းကိုဆက်လက်ပြသနေပါတယ်။
ZawGyi
ေဘာလုံးစတားမ်ားကို ကာကြယ္ရန္ လုံၿခဳံေရးကုမၸဏီ တည္ေထာင္လာတဲ့ မားကပ္စ္ရက္ဖို႔ဒ္
မားကပ္စ္ရက္ဖို႔ဒ္ဟာပရီးမီးယားလိဂ္စတားမ်ားရဲ႕ေနအိမ္ေဖာက္ထြင္းခံရမႈမ်ားျဖစ္ပ်က္ခဲ့ၿပီးေနာက္လုံၿခဳံေရးကုမၸဏီတည္ေထာင္လာပါတယ္။
မားကပ္စ္ရက္ဖို႔ဒ္တည္ေထာင္လိုက္တဲ့ MUCS Security ဟာ ပီဲးခဲ့တဲ့လတုန္းကCompanies House ႏွင့္ပူးေပါင္းၿပီးလုပ္ေဆာင္လိုက္တာလည္း ျဖစ္ပါတယ္။
မားကပ္စ္ရက္ဖို႔ဒ္ရဲ႕ကုမၸဏီဟာသီးသန႔္လုံၿခဳံေရးလုပ္ေဆာင္မႈအျဖစ္ လုပ္ငန္းမွတ္ပုံတင္တြင္စာရင္းတင္ထားပါတယ္။
အသက္၂၅ႏွစ္ရွိ ယူႏိုက္တက္ႏွင့္အဂၤလန္တိုက္စစ္မႉးဟာ MUCS Securityရဲ႕ဒါ႐ိုက္တာအျဖစ္ဇန္နဝါရီလ၂၃ရက္ေန႔တုန္းကရယူထားပါတယ္။ယင္းကုမၸဏီကရက္ဖို႔ဒ္ရဲ႕ ငါးခုေျမာက္ကုမၸဏီလည္းျဖစ္ပါတယ္။
မားကပ္စ္ရက္ဖို႔ဒ္ဟာၿပီးခဲ့တဲ့ႏွစ္တုန္းကသီးသန႔္လုံၿခဳံေရးအဖြဲ႕ ဖြဲ႕စည္းကာ လုပ္ေဆာင္လာခဲ့တာလည္းျဖစ္ပါတယ္။
ရက္ဖို႔ဒ္ရဲ႕ယူႏိုက္တက္ႏွင့္မန္စီးတီးကစားသမားမ်ားျဖစ္ၾကတဲ့ဗစ္တာလင္ဒီေလာ့ဖ္၊ေပါလ္ေပါ့ဘာ၊ဂ်က္စီလင္ဂတ္၊ဂ်ာအိုကန္စီလိုတို႔ဟာေဖာက္ထြင္းသမားမ်ားရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရပါတယ္။
ဒါ့အျပင္လီဗာပူးစတားခ်မ္ဘာလိန္းႏွင့္ဇနီးသည္တို႔ရဲ႕ခ်ီရႈိင္းယားေနအိမ္ဟာလည္းေဖာက္ထြင္းသမားတို႔ရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရပါတယ္။
MUCS Enterprisesကို၂၀၁၅ခုႏွစ္တုန္းကတည္ေထာင္ခဲ့တာျဖစ္ၿပီးမားကပ္စ္ရက္ဖို႔ဒ္ရဲ႕ကြင္းတြင္း/ကြင္းျပင္႐ုပ္ပုံလႊာအသုံးျပဳခကို ထိန္းခ်ဳပ္ထားပါတယ္။
၎တို႔ကုမၸဏီဟာေနာက္ဆုံးအႀကိမ္ဘ႑ာေရးထုတ္ျပန္တုန္းကေပါင္ ၂.၇ သန္းအျမတ္ေပါခဲ့ပါတယ္။
မားကပ္စ္ရက္ဖို႔ဒ္ဟာမေန႔ညတုန္းကလိဒ္ကိုအႏိုင္ရရွိတဲ့ပြဲတြင္ေခါင္းတိုက္ဂိုးသြင္းယူၿပီးေနာက္ယခုရာသီသြင္းဂိုး၂၁ဂိုးအထိရွိသြားၿပီျဖစ္ကာအေကာင္းဆုံးေျခစြမ္းကိုဆက္လက္ျပသေနပါတယ္။